စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီ တို့ အစုရှယ်ယာ အများဆုံးပိုင် ဆိုင်ထားသည့် မုံရွာစက်မှုဇုန်ရှိ သီဟထွန်း အများပိုင် ကုမ္ပဏီမှ အုပ်ချုပ်ရေးအရာရှိနှင့် ဒါရိုက် တာအဖွဲ့ဥက္ကဋ္ဌဟောင်းတို့အားငွေ ကြေးအလွဲသုံးစားပြုလုပ်မှုဖြင့် မုံ ရွာနယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သတင်းရရှိသည်။
အဆိုပါ ကုမ္ပဏီလီမိတက် သည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ အစု ရှယ်ယာအများဆုံး ပိုင်ဆိုင်ပြီး ကုန်သည်၊ ပွဲစား၊ စက်မှုလုပ်ငန်း ရှင်များပါဝင်သော အစုရှယ်ယာ လုပ်ငန်းရှင်နှစ်ရာကျော်က အစု ရှယ်ယာပေါင်း သုံးသောင်းကျော် ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိ ကြောင်း သိရသည်။
ပြီးခဲ့သည့်မတ်လက သီဟ ထွန်းအများပိုင်ကုမ္ပဏီလီမိတက် ၏ ပုံမှန်စာရင်းစစ်ခြင်း ပြုလုပ်ခဲ့ ရာ အဆိုပါ ကုမ္ပဏီ၏ အုပ်ချုပ် ရေးအရာရှိနှင့် ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌဟောင်းတို့ ငွေကြေးအလွဲသုံးစားပြုလုပ်မှုများ စစ်ဆေးပေါ် ပေါက်ခဲ့သည့်အတွက် မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းတွင် အမှု ဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘အုပ်ချုပ်ရေးအရာရှိကချင်း တွင်းမြစ် အနောက်ဘက်ကမ်း ကျေးရွာတွေမှာ လျှပ်စစ်မီးသွယ် တန်းခြင်းလုပ်ငန်းကို လက်ခံပြီး ငွေကြေးအလွဲသုံးစားပြုလုပ်တာ ရှိတယ်။ ပြီးတော့ လမ်းလုပ်ငန်း တွေမှာ လမ်းခင်းကျောက်ထုတ် လုပ်ရေးက အလုပ်သမားတွေကို ငွေကြေးမရှင်းဘဲ ငွေကြေးအလွဲ သုံးစားတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ ရိုက်တာအဖွဲ့ ဥက္ကဋ္ဌဟောင်းက တော့ ဆောက်လုပ်ရေးလုပ်ငန်း တွေအတွက် ဘိလပ်မြေတင်သွင်း လာတဲ့ငွေတွေကို အလွဲသုံးစားပြု လုပ်ခဲ့တာပါ’’ဟု သီဟထွန်းအ များပိုင်ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက် တာ အဖွဲ့ဝင်တစ်ဦးက ပြော ကြားသည်။
အဆိုပါကုမ္ပဏီ၏ အုပ်ချုပ်ရေးအရာရှိသည် ကုမ္ပဏီပိုင်ငွေသိန်းလေးရာကျော်ကို ကုမ္ပဏီသို့ ပေးသွင်းခြင်းမရှိဘဲ အလွဲသုံးစားပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ မုံရွာမြို့နယ်မြေရဲတပ်ဖွဲ့စခန်းတွင် ပြစ်မှုပုဒ်မ-၄၀၈ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။
ထို့အပြင် ဒါရိုက်တာအဖွဲ့ ၏ ဥက္ကဋ္ဌဟောင်းမှာ ကုမ္ပဏီပိုင် ငွေ သိန်းနှစ်ထောင့်လေးရာကျော် ကို ကုမ္ပဏီသို့ ပေးသွင်းခြင်းမရှိ ဘဲ ငွေကြေးအလွဲသုံးစားပြုလုပ် ထားကြောင်း စစ်ဆေးတွေ့ရှိရ သည်ဆိုကာ ပြစ်မှုပုဒ်မ-၄၀၈ဖြင့်ပင် အမှုဖွင့်ထားသည်။
သီဟထွန်း အများပိုင်ကုမ္ပ ဏီကို ၂၀၀၅ တွင် စတင်တည် ထောင်ခဲ့ပြီး အကြီးစားသံရည်ကျို လုပ်ငန်း၊ မီနီထရပ်တာ(ထွန်စက်) လုပ်ငန်း၊ ရေကြောင်းပို့ဆောင် ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်သောကုမ္ပဏီဖြစ်သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။