- ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ လူငယ်သုံးယောက်ရဲ့ အချစ်အကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။
အံ့ယွန်းက သေရမှာလည်း မကြောက်၊ နေရမှာလည်း မပျော်တဲ့ ကောင်မလေးတစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ကိုဂရုစိုက်တဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ကောင်လေး နာမည်က ဧသုပါ။ ဧသုကအံ့ယွန်းကို အရင်ကတည်းက တွေ့ဖူးခဲ့တာဖြစ်ပြီး ပန်းချီသင်တန်းမှာ ထပ်ဆုံခဲ့တာပါ။ အဲဒီမှာ ဧသုသိခဲ့ရတာက အံ့ယွန်းကလောကကြီးကို စိတ်ကုန်နေပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ အသက်ကို မနှမြောတဲ့မိန်းကလေးတစ်ယောက်ဆိုတာကိုပါ။
အဲဒါကြောင့် ဧသုကအံ့ယွန်း စိတ်တွေကို ပြုပြင်ပေးဖို့ ကြိုးစား ခဲ့ပါတယ်။ အဲဒီလိုပြုပြင်နေရင်း ဧသုက သူအံ့ယွန်းကို ချစ်နေပြီဆို တာကိုလည်း ဖွင့်ပြောခဲ့ပါတယ်။ အံ့ယွန်းရဲ့ အပြုအမူတွေကိုသည်း ခံပြီးနေပေးတဲ့ ဧသုလည်းအံ့ယွန်း ရဲ့ ရင်ထဲကိုတဖြည်းဖြည်းရောက် လာခဲ့ပါတယ်။
တကယ်တော့ အံ့ယွန်းအဲဒီ လိုဖြစ်နေတာက အကြောင်းရှိ ပါတယ်။ အဲဒါကတော့ သူ့ရဲ့အ ရင် ချစ်သူ သက်ရှိကြောင့်ပါ။ သက်ရှိနဲ့ အံ့ယွန်းက အံ့ယွန်းရဲ့ အဖေဆုံးတဲ့နေ့မှာ စပြီးတွေ့ခဲ့ တာပါ။ သက်ရှိကလည်း အံ့ယွန်း နဲ့ စတွေ့တဲ့ အချိန်ကတည်းက အံ့ယွန်းကို စောင့်ရှောက်ပေးခဲ့ပါ တယ်။ အဖေလည်းဆုံး မိထွေးက လည်း လူလည်ကျပြီး အိမ်ပေါ်က နှင်ချခဲ့တာကြောင့် စိတ်ဓာတ်ကျ နေတဲ့ အံ့ယွန်းကို အားပေးရင်း အံ့ယွန်းနဲ့ သက်ရှိတို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ သက်ရှိတို့ မိသားစု က အရမ်းအေးချမ်းပြီး စည်းစနစ် ကြီးတဲ့ မိသားစုပါ။ အံ့ယွန်းနဲ့ သက်ရှိ အကြောင်းကိုသိတဲ့အချိန် မှာတော့ သက်ရှိနဲ့ အံ့ယွန်းကို သက်ရှိရဲ့ မိဘတွေက လုံးဝသ ဘောမတူခဲ့ပါဘူး။ အဲဒါကြောင့် နောက်ဆုံးမှာ သက်ရှိကမိဘတွေ စီစဉ်ထားတဲ့ နိုင်ငံခြားမှာ သွားပြီး ကျောင်းတက်ဖို့ ကိစ္စကို ဖျက်ပြီး အံ့ယွန်းကို ခိုးပြေးခဲ့ပါတယ်။ ဒါ ပေမဲ့လည်း သက်ရှိနဲ့ အံ့ယွန်းတို့ တကယ့်လက်တွေ့ဘ၀ကို ရင်ဆိုင်ရချိန်မှာတော့ အခက်အခဲ တွေရှိခဲ့ပါတယ်။ သက်ရှိနဲ့ အံ့ယွန်းတို့ ဘာကြောင့်လမ်းခွဲခဲ့ရတာလဲ၊ အံ့ယွန်းနဲ့ ဧသုတို့ရဲ့ဇာတ်လမ်းကကော ဘာတွေဆက်ဖြစ်ဦးမှာလည်း ဆိုတာကိုတော့ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့တွေမှာ ရုံတင်ပြသနေပြီဖြစ်တဲ့ ကျူးပစ်ရဲ့ ကျေးကျွန်များ ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ ဧသုအဖြစ် နေတိုး၊ သက်ရှိအဖြစ် စိုင်းစိုင်းခမ်းလှိုင်နဲ့ အံ့ယွန်းအဖြစ် ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ခူးခူးရဲ့ ၀တ္ထုကို အင်ကြင်း ဟန် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာဝိုင်းက ရိုက်ကူးပုံဖော်ထားပါတယ်။ ။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။