သီပေါမြို့နယ်ရှိ နယ်မြေ ရဲကင်းတစ်ခုကို တအာင်န်းပြည် သူ့လွတ်မြောက်ရေးတပ်မတော် (TNLA) က မီးရှို့ဖျက်ဆီးမည်ဟု သတင်းရသောကြောင့် ယင်းရဲ ကင်းကို ပြန်လည်ရုပ်သိမ်းထား ရပြီး မြန်မာ့တပ်မတော်က လုံခြုံရေး စောင့်နေရသည်ဟု သတင်း ရရှိသည်။
သီပေါမြို့နယ် အုံမုနယ်မြေ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လုံခြုံမှုရှိသည့် အခြားရဲစခန်းများသို့ ပြန်ခေါ်ထား ရပြီး ယင်းဒေသအနီးဝန်းကျင်ကို မြန်မာ့တပ်မတော်က လုံခြုံရေးစောင့်ပေးနေသည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ့ တပ်မတော်နှင့် တအာင်န်းပြည် သူ့လွတ်မြောက်ရေး တပ်မတော် တို့ နမ့်ဆန်မြို့နယ် နမ့်ခေးကျေး ရွာအနီးဝန်းကျင်တွင် တိုက် ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်မှာ ငါးရက်ခန့်ရှိပြီး နှစ်ဖက် ကျဆုံးမှုရှိနေသည်ဟု ရှမ်းပြည်မြောက် ပိုင်း ဒေသတွင်း သတင်းရင်းမြစ် များထံမှ သတင်းရရှိသည်။
နယ်မြေရဲကင်းကို မီးရှို့ဖျက် ဆီးမည်ဟူသော သတင်းနှင့်ပတ် သက်၍ တအာင်န်းပြည်သူ့လွတ် မြောက်ရေး တပ်မတော်သို့ သြဂုတ် ၃၀ ရက် ညနေက ဆက်သွယ်မေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ လောလောဆယ် ပြောကြားရန် အဆင်မပြေသေးဟု တုံ့ပြန်သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။