နီပေါတွင် အကြမ်းဖက် ဆန္ဒပြသူများ သတ်ဖြတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံး

နီပေါနိုင်ငံတွင် အကြမ်းဖက် ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦးမျှကို ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တင်သွင်း အဆိုပြုမှုကို ကန့်ကွက် ဆန္ဒပြရာ၌ အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းဟု သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းမှ စတင်ကာ ခိုင်လာလီတွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြကြသည်။ ဩဂုတ် ၂၂ ရက်တွင် အခြေအနေ ပိုမိုဆိုးရွား ပြင်းထန်လာပြီး မင်းမဲ့စရိုက်ဆန်ဆန် တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က နီပေါ အနောက်ဘက် အစွန်အဖျားရှိ ခိုင်လာလီတွင် ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို ဝန်းရံခြိမ်းခြောက်ရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ ထို့နောက်တွင် ဆန္ဒပြသူများက ပုဆိန်များ၊ လှံများ၊ မြက်ရိတ်ဓားများဖြင့် ရဲတပ်ဖွဲ့​ဝင်များကို တိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ ရက်ဂ်ျ ကူမာ ရှာရက်စ်သာက ပြောကြားခဲ့သည်။ ဖြစ်စဉ်တွင် ကလေးငယ်တစ်ဦးလည်း ထိခိုက်သေဆုံးပြီး လူရမ်းကား ဆန္ဒပြသူများဘက်မှ အသေအပျောက် စာရင်း မကြားသိရဟုလည်း ရှာရက်စ်သာက ဆိုသည်။
နီပေါ၏ အခြေခံဥပဒေ ပြောင်းလဲရေး အဆိုအတွက် ၂၀၀၈ ခုနှစ်ကတည်းက စဉ်းစားပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။ အပြောင်းအလဲနှင့် ပတ်သက်၍ တိုင်းရင်းသား မျိုးနွယ်စုများကြား ကန့်ကွက်မှုများ ရှိလာသည်။
ဘုရင်စနစ်ကို ဖြုတ်ချခဲ့သည့် မွိုက်စ်လက်နက်ကိုင် တပ်ဖွဲ့များက နီပေါကို ပြည်နယ် ခုနစ်ခု ခွဲခြားပြီး ဖက်ဒရယ်စနစ် ထူထောင်ရန် ဆန္ဒရှိနေသည်။ သာရူ တိုင်းရင်းသား မျိုးနွယ်စုများကမူ အဆိုပါ အစီအစဉ်ကို ဆန့်ကျင်ကြပြီး ဖက်ဒရယ်စနစ် ကျင့်သုံးပါက မိမိတို့ အနေဖြင့် ပိုမို၍ ခွဲခြား ဆက်ဆံခံရနိုင်ကြောင်း ဝေဖန်နေကြသည်။
ယခုဖြစ်ပွားသော အကြမ်းဖက် ဆန္ဒပြမှုများတွင် ရဲအရာရှိ ရမ်ဘီဟာရီ သာရူမှာလည်း ဆန္ဒပြသူများ၏ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်းလည်း ပြည်ထဲရေးဝန်ကြီး ဘမ်ဒက်ဗ် ဂေါင်တမ်က လွှတ်တော်သို့ ပြောကြားခဲ့သည်။ ထို့အပြင် ယခုတိုက်ခိုက်မှုများသည် ကြိုတင်၍ စီစဉ်ပြင်ဆင်ထားကြောင်း ၎င်းက ကောက်ချက်ချခဲ့ပြီး ယင်းဒေသတွင် တရားဥပဒေ စိုးမိုးရေးအတွက် စစ်တပ်များ စေလွှတ်ပေးရန်လည်း တောင်းဆို တိုက်တွန်းခဲ့သည်။
ဆန္ဒပြသူများ၏ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း နောက်ထပ် ရဲအရာရှိ ၁၆ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နီပယ်လ်ဂွန်ဂ်ျ ဆေးဘက်ဆိုင်ရာ ဌာနတွင် ကုသမှု ခံယူနေရသည်။ ၎င်းတို့ကို လေကြောင်းမှတစ်ဆင့် အမြန်ဆုံး ခေါ်ထုတ်ကာ ခတ္တမန္ဒူသို့ ပြောင်းရွှေ့ရန်လည်း ကြိုးစားနေကြောင်း သိရသည်။
နီပေါ ရဲချုပ် အူပန်ဒရာ ကန့် အာရဲလ်က မိမိတို့သည် ဥပဒေ ဝန်ထမ်းများကို တရားမဲ့ သတ်ဖြတ်မှုအတွက် အပြစ်ရှိသူများကို ရှာဖွေ ဖော်ထုတ်သွားရန် သံန္နိဋ္ဌာန် ချထားကြောင်း ပြောကြားခဲ့သည်။ ယခုအခါ ခိုင်လာလီတွင် နေဝင်မီးငြိမ်း အမိန့်ထုတ်ထားကြောင်းလည်း သတင်းရရှိသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။