ပြည်မှ ရခိုင်သို့ ဓာတ်မြေသြဇာများ အဓိက တင်ပို့နေ

 ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး နောက် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန် ပြည်မြို့မှ ရခိုင်ပြည်နယ်သို့ ဓာတ်မြေသြဇာများ အဓိက တင်ပို့နေရကြောင်း ပြည်မြို့ရှိ ရခိုင်ကုန်တင်၊ ကုန်ချ ကားဂိတ်များမှ သတင်းရရှိသည်။
ဇူလိုင်လလယ်မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ ကုန်သည်များ သည် ဓာတ်မြေသြဇာများ အဓိက မှာယူမှုများကြောင့် တင်ပို့နေရပြီး ကြက်သွန်နီ၊ နနွင်း၊ ပဲ၊ ဆီ အစရှိသော စားသောက်ကုန်များလည်း ပို့ပေးနေရကြောင်း ရခိုင် ကုန်တင်၊ ကုန်ချ တိမ်တမန်ကားဂိတ်မှ သိရသည်။
 ‘‘အခုကာလမှာ ဓာတ်မြေ သြဇာတွေ အများဆုံး ပို့ပေးနေရတယ်။ ရခိုင်ဘက်က မှာယူသ လောက် ပို့ပေးရတာဖြစ်တယ်။ အမှာများတဲ့အခါ တစ်ရက်ကို အိတ်နှစ်ရာဆံ့ ခြောက်ဘီးကား လေး၊ ငါးစီးလောက် ထွက်ရ တယ်။ အခုထိ နေ့စဉ်ပုံမှန် နှစ်စီး လောက် ထွက်ဖြစ်တယ်’’ဟု ရိုးမ ရွှေပြည်ကုန်တင်ကုန်ချကားဂိတ် ပိုင်ရှင်တစ်ဦးက ပြောသည်။
ရခိုင်သို့ ပို့ဆောင်နေရသော ဓာတ်မြေသြဇာများသည် မန္တလေး မှ ဝင်ရောက်လာသည့် တရုတ် နိုင်ငံထုတ် ဓာတ်မြေသြဇာများ ဖြစ်ပြီး တစ်အိတ်လျှင် ပိဿာသုံး ဆယ် ပါဝင်၍ ကျပ်နှစ်သောင်း ကျော်ရှိကြောင်း သိရသည်။
‘‘ပြည်မြို့ကနေ ကုန်ပို့တဲ့ ကားတွေပဲရှိတယ်။ တစ်ကြောင်း ပို့ပဲပေါ့။ အရင်တုန်းကတော့ ရခိုင်ဘက်နေ ဆား၊ ဆန် စတာ လေးတွေ ပြန်ပါလာတတ်ပေမယ့် အခုကာလမှာတော့ ခါလီပဲ ပြန် လာရတယ်။ ရခိုင်ဘက်က ရေ ဘေးရှိနေတာကြောင့် ဘာကုန် ပစ္စည်းမှ မရပါဘူး’’ ဟု တိမ်တ မန်ကားဂိတ်မှ ကိုမြင့်နိုင်က ပြောကြားသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။