အိုင်အက်စ်အတွက် လူသစ်စုဆောင်းသူများကို စပိန်နှင့် မော်ရိုကို ပူးပေါင်းဖမ်းဆီး

စပိန်နှင့် မော်ရိုကိုတို့ အစိုးရများ ပူးပေါင်းပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့အတွက် လူသစ်စုဆောင်းပေးနေသည်ဟု ယူဆရသူ ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုများကို မက်ဒရစ်မြို့တော် ဆင်ခြေဖုံး ရပ်ကွက်များနှင့် မော်ရိုကိုရှိ မြို့ကြီး အချို့တို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နှစ်နိုင်ငံ အာဏာပိုင်များက ယခုဖမ်းဆီးထားသူများသည် ဆီးရီးယားနှင့် အီရတ်တို့တွင် အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် နယ်မြေများသို့ သွားရောက် ပူးပေါင်းလိုသည့် ဂျီဟတ် အစွန်းရောက်ဝါဒီများကို လိုက်လံဆက်သွယ် စုဆောင်းနေသူများဟု ယုံကြည်ရကြောင်း ကြေညာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြင်သစ်နိုင်ငံမှ အမြန်ရထား တစ်စီးပေါ်တွင် အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးစားသော်လည်း ခရီးသည်များက ဝိုင်းဝန်းဟန့်တားခဲ့သဖြင့် အဖမ်းခံခဲ့ရသည်မှာ စပိန်တွင် နေထိုင်သည့် မော်ရိုကို နိုင်ငံသား အေယော့ဘ် အယ်လ်ခါဇာနီ ဆိုသူဖြစ်သည်။ ၎င်းသည် စပိန်အာဏာပိုင်များက အန္တရာယ် ပေးနိုင်ခြေစာရင်းတွင် ထည့်သွင်း စောင့်ကြည့်နေခြင်း ခံထားရသူ တစ်ဦးဟုလည်း သိရသည်။
ယခုနောက်ဆုံး ဖမ်းဆီးမှုတွင် မက်ဒရစ်ရှိ ဆန်မာတင် ဒီလာဗီဂါ ရပ်ကွက်နှင့် မော်ရိုကိုမှ ဖက်ဇ်၊ ကာဆာဘလန်ကာ၊ နာဒေါ၊ အယ်လ်ဟိုဆိုင်မာ၊ ဒရီရော့ခ်ျမြို့များတွင် သံသယရှိသူများကို အထူးတပ်ဖွဲ့များက စီးနင်းထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
စပိန်ပြည်ထဲရေး ဝန်ကြီးဌာနက စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်နေဆဲဟု ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ကြေညာရန် ငြင်းဆိုခဲ့သည်။ စပိန်နှင့် မော်ရိုကို အစိုးရများသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အစွန်းရောက် ဝါဒီ အများအပြားကို ပူးပေါင်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။