စစ်တွေတွင် ပြုလုပ်သော အလိုတော်ပြည့် ရေဘေး ကယ်ဆယ်ရေး အဖွဲ့မှ ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ ရန်ကုန်မှ အနုပညာရှင်များတက်ရောက်

ရန်ကုန်၊ သြဂုတ် ၁၈

သြဂုတ်လ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ် အစိုးရ ရုံးခန်းမတွင် ပြုလုပ်သော အလိုတော်ပြည့် ရေဘေးကယ်ဆယ်ရေး အဖွဲ့မှ ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ ရန်ကုန်မှ ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်အများအပြား တက်ရောက်ခဲ့သည်။

တက်ရောက်ခဲ့သော ရုပ်ရှင် သရုပ်ဆောင်နှင့် အဆိုတော်များမှာ မျိုးစန္ဒီကျော်၊ ခရစ်စတီနား၊ ရတနာ၊ ဧကရီမှူးပိုင်၊ ရဝေအောင်၊ စိုးရန်အောင်၊ သူထူးစံ၊ L လွန်းဝါ၊ ထူးအိမ်လင်း၊ L ကိုလင်း၊ ကိုသန်းဆွေ တို့ ဖြစ်ကြသည်။

တစ်ခြားရန်ကုန်မှ အနုပညာရှင် တစ်ဖွဲ့လည်း တက်ရောက်ခဲ့ကြပြီး ယင်း အထဲတွင် မိုးစက်ဝိုင်၊ ပုလဲဝင်း၊ ရဲရင့်အောင်၊ ဟက်ကပ် တို့ ပါဝင်သည်။

အခမ်းအနားအား ရခိုင်ပြည်နယ် အစိုးရ ရုံးခန်းမတွင် ပြုလုပ်ခြင်းဖြစ်ပြီး ရှေ့ဦးစွာ အလိုတော်ပြည့် ဆရာတော်ကြီး ဒေါက်တာ အရိယာဝံသမှ အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ပစ္စည်း ၃၃ မျိုးပါ ထောက်ပံ့ရေး သေတ္တာ (၄၀၀) အား အလိုတော်ပြည့် ဆရာတော်ကြီးမှ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သို့ လွဲပြောင်း ပေးအပ်သည်။

ယင်းပြင် အဆိုတော်များမှာ မျိုးစန္ဒီကျော်၊ ခရစ်စတီနား၊ ရတနာ၊ ဧကရီမှူးပိုင်၊ ရဝေအောင်၊ စိုးရန်အောင်၊ သူထူးစံတို့မှ စစ်တွေမြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် မိုးရေထဲ သီချင်းဆိုပြီး ရေဘေး အတွက် အလှူငွေကောက်ခံရာ ကျပ် (၁၀) သိန်း ရရှိခဲ့သည်။

ယင်းအဖွဲ့သည် ရခိုင်ပြည်သူများကို စစ်တွေတွင် အားပေး နှစ်သိမ့်စကားများ ပြောဆိုခဲ့ကြပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာခဲ့ကြသည်ဟု သိရသည်။

( ဓာတ်ပုံများကို နိရဉ္စရာမှ မှတ်တမ်းတင် ရိုက်ယူထားခြင်း ဖြစ်ပါသည်။)

___နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။