ရန်ကုန်၊ သြဂုတ် ၁၈
ရခိုင်ပြည်နယ်တွင် ရေကြီးစဉ်မြွေကိုက်၍ လူတစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသူမှာ အမ်းမြို့နယ် စနဲအုပ်စု၊ တုပ္ပါကမ်းကြီးကျေးရွာမှ ဦးလုံးအောင်ဖြစ်ကြောင်း အမ်းဒေသခံ တစ်ဦးက ပြောကြားသည်။
ဇူလှိုင်လ ၂၉ ရက်နေ့က ရေကြီးစဉ် မြွေများ နေအိမ်ပေါ်ကို တက်လာပြီး ဦးလုံးမောင်ကို ကိုက်သွားခဲ့သည်ဟု ဆိုသည်။
ရေကြီးစဉ် မြွေအန္တရာယ် ရှိသဖြင့် သတိပြုရန် သက်ဆိုင်ရာမှ သတိပေး ဆော်သြထားသည်။
အမ်းမြို့နယ် စနဲအုပ်စု၊ တုပ္ပါကမ်းကြီးကျေးရွာတွင် မောင်သန်းမောင်ဆိုသူ တစ်ဦးလည်း ရေကြီးစဉ်က
ရေနစ်သေဆုံးခဲ့ကြောင်း ကျေးရွာသားများကပြောသည်။
____Narinjara

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။