ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(ပအမဖ)


၁။ ဥက္ကဋ္ဌ - ဦးခွန်အောင်စစ်
၂။ ပါတီဝင်အရေအတွက် - တစ်သောင်းကျော်။
၃။ မဲဆန္ဒနယ်- ရှမ်းပြည်နယ်တောင်ပိုင်း
တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ မောက်မယ်၊ လွိုင်လင်၊ ဆီဆိုင် နှင့် ရပ်စောက် ခုနစ်မြို့နယ်ရှိ မဲ ဆန္ဒနယ် ၁၇ ခုတွင် ဝင်ရောက် ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- လွတ်လပ်မျှတမှု၊ သာတူညီမျှမှု၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ အာမခံချက်ပေးနိုင်သော ပြည်ထောင်စုဖွဲ့စည်းပုံဥပဒေ ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ဒီမိုကရေစီစနစ် ပိုမိုထွန်းကားရေး၊ ပအိုဝ့်အမျိုးသားလူမျိုးတို့၏ အမျိုးသားရေးလက္ခဏာကို ကာကွယ် စောင့်ရှောက်သွားမည်။
၅။ ဆောင်ပုဒ်- အဖွဲ့ချုပ်သည် ပြည်သူလူထုအတွက် ဖြစ်ရမည်။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - အများအကျိုးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် ကြည့်ရှုဆောင်ရွက်လိုစိတ်ရှိသူ၊ မိမိကိုယ်စားပြုမည့် ဒေသတွင် ရပ်တည်နေထိုင်သူဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ− ပါတီဝင်များ၏ငွေကြေးထောက်ပံ့မှု၊ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် ရပ်တည်သုံးစွဲသည်။
၈။ ပါတီနောက်ခံသမိုင်း- ၁၉၅၀ သြဂုတ် ၂ ရက်တွင် စတင်တည်ထောင်သော ပအိုဝ့်တိုင်းရင်းသားကို ကိုယ်စားပြုသည့် တစ်ခုတည်းသော နိုင်ငံရေးဦးဆောင်မှု အဖွဲ့ချုပ်ဖြစ်သည်။ ၁၉၅၂ ရွေးကောက်ပွဲတွင် ညောင်ရွှေအရှေ့ဘက်ခြမ်း မဲဆန္ဒနယ်၊ မိုင်းပွန်မဲဆန္ဒနယ်၊ ရပ်စောက်မဲ ဆန္ဒနယ်တို့တွင် အနိုင်ရရှိခဲ့သည်။ ၁၉၅၆ ရွေးကောက်ပွဲတွင် လွိုင်လုံ၊ သာမိုင်ခမ်းမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမဲဆန္ဒနယ်များ၌ အနိုင်ရရှိခဲ့သည်။ ၁၉၉၁ တွင် နိုင်ငံတော်က ပအမဖကို ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်(PNO) နှင့် အပစ်အခတ်ရပ်စဲရေး ကော်မရှင်အဖြစ် ဆောင်ရွက်ပေးရန် အကူအညီတောင်းခံခဲ့သဖြင့် ၁၉၉၁ ဧပြီ ၁၁ ရက်တွင် ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်(PNO) ဥပဒေဘောင် အတွင်းဝင်ရောက်နိုင်ခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
၂၀၁၅-၁၆ ကနေ ၂၀၂၀ ထိ လုပ်ငန်းစဉ်ကြီးနှစ်ခု ချမှတ်ထားပါတယ်။ ပထမလုပ်ငန်းစဉ်က ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဖြစ်ပါတယ်။ ပြည်ထောင်စုတည်ဆောက် ရေးလုပ်ငန်းစဉ်မှာဆိုလို့ရှိရင် ခုနကပြောတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံပေါ်ပေါက်ရေး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ် တွေအပေါ် တခြားနိုင်ငံရေးအင်အားစုတွေနဲ့ အားကျိုးမာန်တက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ လုပ်ငန်းစဉ်ချမှတ်ထားတယ်။ ဒေသဖွံ့ဖြိုးရေး ဆိုတာက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ လိုအပ်တဲ့အနေ အထားမှာ ရှိနေတယ်။ ကိုယ်နိုင်တဲ့ ကိုယ့်ဒေသအတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း မှာ အဆောက်အအုံ၊ လမ်း၊ တံတားတွေ၊ ပညာရေးသုတေသနလုပ်ငန်း တွေ၊ ကျန်းမာရေးသုတေသနလုပ်ငန်းတွေ၊ အခြေခံလူတန်းစားနဲ့ဆိုင်တဲ့ သုတေသနလုပ်ငန်းတွေ လာမယ့် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး မှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်လဲ။
လွှတ်တော်ထဲ ရောက်လို့ရှိရင်လည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်ပဲပြောပြော၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးပဲပြောပြော ကျွန် တော်တို့ နိုင်ငံရေးပါတီဆိုတာ ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံအောက် ကပဲ သွားရတာ။ ဘယ်အတိုင်းအတာအထိ ထိထိရောက်ရောက် လုပ် ဆောင်နိုင်မယ်ဆိုတဲ့ အဖြေကတော့ ပေးဖို့ နည်းနည်းခက်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အစစအရာရာ မီးစင်ကြည့်ကနေရတဲ့ အပိုင်းမှာ ရှိ တယ်။ ကောင်းသွားမယ်လည်း မျှော်လင့်ရသလို ဆိုးသွားတဲ့ အခြေအနေဖြစ်ရင် ဘယ်လိုကြိုတင်ပြင်ဆင်မှု လုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေ လုပ် သွားမှ ရမယ်။ ရှေ့ဆက် မြန်မာနိုင်ငံရဲ့အကူးအပြောင်းကာလမှာ အဖွဲ့ ချုပ်အနေနဲ့ဖြစ်ဖြစ်၊ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ဖြစ် သိက္ခာရှိတဲ့ နိုင်ငံရေးပဲ ဖြစ်စေချင်တယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
ပြည်သူတွေရဲ့ဝင်ငွေ၊ ထွက်ငွေ မျှမျှတတ သုံးစွဲနိုင်အောင် မျှမျှ တတ ကူညီဆောင်ရွက်ပေးဖို့ဆိုတာ အဓိက ကတော့ သုတေသနလုပ် ငန်းတွေအပေါ် မူတည်တယ်။ အစောကပြောခဲ့သလိုပေါ့။ ဒေသမှာရှိတဲ့ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးနဲ့ပတ်သက်တာကို လုပ်ဆောင်ပြီးတော့ ခုနက ပြောတဲ့ သုတေသနရလဒ်ပေါ်မှာ မူတည်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ အန်ဂျီအိုတွေ၊ အစိုးရနဲ့ပူးပေါင်း ဆောင်ရွက်ပြီးတော့ အတတ်နိုင်ဆုံး ဖြေရှင်းနိုင်အောင် အစီအစဉ်တွေ ချထားရမယ်။
ပြည်သူတွေက ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကို ဘာ ကြောင့် မဲပေးသင့်လဲ။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀-၆၀ ကျော် အာဏာရှင် စနစ်အောက်မှာ နေခဲ့ရတယ်။ ပြည်သူတွေ မဲပေးနိုင်တဲ့ အခွင့်အရေး သိပ်မရှိခဲ့ဘူး။ ကျွန်တော်တို့ကို မဲပေးလိုက်ခြင်းဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် အပြောင်းအလဲ လုပ်တဲ့နေရာမှာ ပြည်သူတွေရဲ့ဆုံးဖြတ် ပိုင်ခွင့်က တစ်ထောင့်တစ်နေရာကနေ ပြောင်းလဲပိုင်ခွင့်ရှိမယ်ဆိုတာ ပြောချင်တယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
အဓိက က တိုင်းပြည်နဲ့လူမျိုးကို ရှေးရှုတဲ့ လူမျိုးကို သမ္မတအဖြစ် ရွေးချယ်ချင်ပါတယ်။
ဥက္ကဋ္ဌအသက်-(၅၄) နှစ်
ပညာအရည်အချင်း - အခြေခံပညာအထက်တန်း။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ပအိုဝ့်စာပေယဉ်ကျေးမှု(ဗဟို) တွင် ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် ဆယ်နှစ်ကျော် တာဝန်ယူဆောင် ရွက်ခဲ့သည်။ ၂၀၁၃ တွင် ပအမဖကို ပြန်လည်မှတ်ပုံတင်၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေ။
လက်ရှိအလုပ်အကိုင်-နိုင်ငံရေးသမား။
စံပြပုဂ္ဂိုလ်-ဟင်နရီ ကစ်စင်းဂျား၊ ဦးသန့်၊ စဝ်ခွန်ကြည်၊ ဦးလှဖေ။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်-ည/၁၀၉၄၊ အနောက်မြို့ပတ်လမ်း၊ နယ်မြေ(၃)၊ ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့။ ၀၉-၅၂၁၀၄၈၅၊ ၀၉-၂၅၃၆၆၀၀၅၈။
http://7daydaily.com/election-2015
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။