ကချင်ပြည်နယ် ဒီမိုကရေစီပါတီ


၁။ ဥက္ကဋ္ဌ - ဒေါက်တာ မနာမ်တူးဂျာ
၂။ ပါတီဝင်အရေအတွက် - ၆,၀၀၀ ကျော်။
၃။ မဲဆန္ဒနယ်- ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၆၆ နေရာတွင် အနိမ့်ဆုံး ၉၀ ရာခိုင်နှုန်း ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်၊ တရားဥပဒေစိုးမိုးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြည်သူများလိုလားသလို ပြင်ဆင်ရေးတို့ ရှေးရှုဆောင်ရွက်မည်။
၅။ ဆောင်ပုဒ်- အပြောင်းအလဲအတွက် ကချင်ပြည်နယ်ဒီမိုကရေစီပါတီကို မဲပေးကြစို့။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှု သတ်မှတ်ချက် - ခံယူချက်၊ စိတ်ဓာတ်၊ ဆက်ဆံရေး၊ ကျန်းမာရေးကောင်းမွန်ပြီး ပြည်သူများလက်ခံနိုင်သူဖြစ်ရမည်။ လူကောင်းလူတော်ဖြစ်ရမည်။ (ပြည်နယ်)၊ လူတော်လူကောင်းဖြစ်ရမည်။ (ပြည်သူနှင့်အမျိုးသားလွှတ်တော်)
၇။ ပါတီရန်ပုံငွေ− ပါတီဝင်များ၏ ထည့်ဝင်ငွေဖြင့် အဓိကလည်ပတ်သည်။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၃ သြဂုတ်တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး အောက်တိုဘာ ၃၀ ရက်၌ ပါတီတည်ထောင်ခွင့်ရရှိခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုး စွမ်းဆောင်နိုင်မလဲ။
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့က ပြည်နယ်အဆင့်မှာတော့ ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပါတီက  ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုရောက်တဲ့ ကိုယ်စားလှယ် များအနေနဲ့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးမှာတက်တက်ကြွကြွနဲ့ ထိထိရောက် ရောက်ပါဝင်ဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြည်တွင်းငြိမ်းချမ်းရေးမှာ အဓိကကတော့တိုင်းရင်းသားလက်နက် ကိုင်ကိုယ်စားလှယ်များနဲ့အစိုးရကိုယ်စားလှယ်များဖြစ်ပါတယ်။ အဓိက  ဒီနှစ်ဖက်ကို ကျွန်တော်တို့က အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမယ်။ ကျွန် တော်တို့ ပါတီအနေနဲ့ ငြိမ်းချမ်းရေးအမြန်ရရှိအောင်ကြိုးစားလုပ်ဆောင် သွားဖို့ရှိပါတယ်။ တတိယအင်အားစုအနေနဲ့ အင်တိုက်အားတိုက်ပါဝင် အကြံပြုဆောင်ရွက်သွားဖို့ရှိပါတယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
စီးပွားရေးကလည်းအခုဒီမှာ ဈေးကွက်စီးပွားရေးဆိုတာကို ပြဋ္ဌာန်း ထားတာပေါ့။ ဒါပေမဲ့ လက်တွေ့မှာမလုပ်နိုင်ပါဘူး။ ကျွန်တော်တို့က ဒီ တော့တဖြည်းဖြည်းဈေးကွက်စီးပွားရေးဖြစ်လာအောင် ကူညီဖော်ဆောင် သွားမှာပါ။ စီးပွားရေးပိုင်းမှာတော့ ဒေသခံစီးပွားရေးပညာရှင်တွေကို ဦးစားပေးရမှာပဲ။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာကိုလည်းဖိတ်ခေါ်သွား မယ်။ အဲဒီလို လက်တွဲလုပ်ဆောင်သွားရမှာဖြစ်တယ်။ ပြည်သူလူထုအကျိုးခံစားခွင့်ရှိရမှာပဲ။
ပြည်သူတွေက ကချင်ပြည်နယ်ဒီမိုကရေစီပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
ကချင်ပြည်နယ်ဒီမိုကရေစီပါတီဟာ ပြည်သူကို ကိုယ်စားပြုတဲ့ပါတီ ဖြစ်တယ်။ ပြည်သူတွေအတွက် မားမားမတ်မတ်ရပ်တဲ့ပါတီဖြစ်တယ်။ ဂုဏ်သိက္ခာရှိတဲ့ ပါတီဖြစ်တယ်။ ဒါကြောင့်မို့ ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီကရွေးချယ်တဲ့ သူတွေက သိက္ခာရှိတဲ့လူတော်လူကောင်းများဖြစ် ကြတယ်။ သူတို့ကို မဲပေးခြင်းအားဖြင့် ဒေသအတွက်အကျိုးရှိမှာဖြစ်တယ်။ဒါကြောင့်မို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီကပုဂ္ဂိုလ်များကို မဲပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုကြောင့် အနိုင်ရမယ်ဆိုရင် လွှတ်တော်ပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ် ပြည်သူရဲ့ အကျိုးကို သယ်ပိုးသွားမယ်လို့ သူတို့ကိုပြောပြပါတယ်။ ပြည်သူအများ စုကလည်း နားလည်ကြပါတယ်။
သမ္မတလောင်း ရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သိက္ခာရှိရမယ်။ အလုပ်ကြိုးစားရမယ်။ ကျန်းမာရေးကောင်းရမယ်။ နောက်ကြောင်းရာဇ၀င်လည်းကောင်းရမယ်။ ပြည်သူလူထုကလည်း  ကြိုက်နှစ်သက်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ လိုတာပေါ့။
ဥက္ကဋ္ဌအသက်-(၆၉) နှစ်
ပညာအရည်အချင်း - BDS
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- တက္ကသိုလ်ကျောင်းသားဘ၀တွင် နိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင်ခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)နိုင်ငံရေးဌာန၊ ကေအိုင်အို အထွေထွေအတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌတာဝန်များ ဆောင်ရွက်ခဲ့သည်။ အမျိုးသားညီလာခံတွင် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။ ၂၀၀၉ တွင် ကေအိုင်အိုမှ နုတ်ထွက်ခဲ့ပြီးနောက် ၂၀၁၃ တွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ တည်ထောင်၍ ဥက္ကဋ္ဌတာဝန်ဆောင်ရွက်ခဲ့သည်။
လက်ရှိအလုပ်အကိုင်- နိုင်ငံရေးသမား။
စံပြပုဂ္ဂိုလ်- နယ်လ်ဆင်မန်ဒဲလား၊ ဗိုလ်ချုပ်အောင်ဆန်း။
ဆက်သွယ်ရန်ဖုန်း − ၀၉- ၂၄၀၀၃၈၆
http://7daydaily.com/election-2015
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။