ကယန်းအမျိုးသားပါတီ


၁။ ဥက္ကဋ္ဌ- ဦးခူးယူဂျင်း
၂။ ပါတီဝင်အရေအတွက် - ခုနစ်ထောင်ကျော်။
၃။ မဲဆန္ဒနယ်- ရှမ်းပြည်နယ်မဲဆန္ဒနယ်လေးခုတွင် ၀င်ပြိုင်မည်။
၎။ ပါတီမူဝါဒ- တန်းတူညီတူအခွင့်အရေးရရှိရေး၊ ကယန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းရေး။
၅။ ဆောင်ပုဒ်- ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ ပယ်ဖျက်ပြီး ခေတ်မီတိုးတက်သော အမျိုးသားရေးဝါဒ ပေါ်ထွက်ရေး
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ပညာအရည်အချင်းကြည့်တယ်။ နေရာရလိုမှုနဲ့ လုပ်တဲ့သူတွေကို အနားပေးပြီး အမျိုးသားရေးစွန့်လွှတ်စွန့်စား လုပ်နိုင်သူရွေးတယ်။ ခေတ်ပညာတတ်လူငယ်လူရွယ်တွေကို ဦးစားပေးတယ်။
၇။ ပါတီရန်ပုံငွေ− ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ကုန်ကျစရိတ်ကို ကိုယ်စားလှယ်လောင်းကသာ ကျခံရတယ်။ ပါတီအောင်နိုင်ရေးအတွက် အလှူခံထားတဲ့ငွေကို တော့ အထိအခိုက်မခံသေးဘူး။ သူတို့လုပ်ဆောင်နိုင်မှုကို ကြည့်ပြီးထုတ်သုံးမယ်။
၈။ ပါတီနောက်ခံသမိုင်း- ပါတီက လူတွေက ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပြီး အာဏာလွှဲအပ်မခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ကသူတွေပါဝင်တယ်။ ကယန်းလူမျိုး ကမ္ဘာ သိအောင်၂၀၁၀ မှာ ပါတီဝင် ၁၇ ဦးနဲ့ဖွဲ့စည်းထူထောင်ခဲ့တယ်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
ပါတီက နဂိုကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်ထားတာပါ။ စစ်အစိုးရအကြိုက်ရေးဆွဲထားတဲ့ ဒီဥပဒေနဲ့ ဆက် သွားဖို့အဆင်မပြေပါဘူး။ လွှတ်တော်ထဲကိုရောက်ခဲ့ရင်လည်း တခြား အတိုက်အခံပါတီတွေနဲ့ဖြစ်တဲ့ NLD နဲ့ဖြစ်ဖြစ်၊ တိုင်းရင်းသားပါတီတွေ နဲ့ဖြစ်ဖြစ် ပူးပေါင်းပြီး ဒီဥပဒေပြင်ဆင်ရေးလုပ်ဆောင်သွားမှာပါ။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး မှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်လဲ။
ကျွန်တော်တို့နယ်မှာကိုပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေအများကြီးရှိတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့နဲ့တွေ့ပြီး ညှိ နှိုင်းစပ်ဟပ်တာတွေလုပ်ဖြစ်တယ်။ တပ်မတော်ကိုလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေထိရောက်ဖို့အတွက် ထိုးစစ်တွေရပ်ဖို့ပြောရမယ်။ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ထိုးစစ်ရပ်ဖို့ကိစ္စတင်ပြရမယ်။ တိုင်းရင်းသားတွေကို သနားညှာတာဖို့ပြောရမယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
ဒေသဖွံ့ဖြိုးရေးအတွက် ရရှိတဲ့ရန်ပုံငွေကို ပြည်သူတွေကိုချပြမယ်။ သူတို့ဘယ်လိုသုံးစွဲချင်လဲဆိုတာမေးရမယ်။ သူတို့ဖြစ်ချင်တဲ့အတိုင်း အ ကောင်အထည်ဖော်ပေးမယ်။ ဘယ်လိုလုပ်ပေးမလဲဆိုတာထက် ပြည် သူတွေဘယ်လိုလုပ်စေချင်လဲဆိုတဲ့အပေါ် မူတည်တယ်။ ပြည်သူ့ဆန္ဒ အတိုင်းလုပ်သွားမယ်။ ပြည်သူတွေ ဘာခိုင်းချင်လဲဆိုတာ နားထောင် သွားမယ်။
ပြည်သူတွေက ကယန်းအမျိုးသားပါတီကို ဘာကြောင့်မဲပေးသင့်လဲ။
ကျွန်တော်တို့ပြောနေကျစကားရှိတယ်။ ကယန်းလူမျိုးဖြစ်ရင် ကယန်းလူမျိုးကိုချစ်ပါ။ ကယန်းဘ၀ကိုနားလည်မှ ကယန်းလူမျိုးတိုး တက်ရေးလုပ်နိုင်မယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုမျိုးပုဂ္ဂိုလ်ကို ရွေးချယ်မလဲ။
သမ္မတက စစ်ရေးအမြင်ရှိရမယ်ဆိုတာကိုတော့ လက်မခံပါဘူး။  ကျွန်တော်တို့တိုင်းရင်းသားထဲက သမ္မတဖြစ်ခွင့်လည်း သူတို့မပေးပါဘူး။ အမြင့်ဆုံးဒုတိယသမ္မတလောက်ပေးတာ။ ကျွန်တော့်အမြင်အရတော့ သမ္မတဟာ ကာကွယ်ရေးအမြင်ရှိရမယ်ဆိုတာလောက်ပဲဖြစ်ရမယ်။ ပညာအထိုက်အလျောက်တတ်ရမယ်။ နိုင်ငံရေးအမြင်ရှိရမယ်။ အဲဒီလို လူမျိုးကိုရွေးချယ်သင့်တယ်။
ဥက္ကဋ္ဌအသက်-(၆၀) နှစ်
ပညာအရည်အချင်း - အထက်တန်းအောင်။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- လူမှုရေးလုပ်ငန်းများနှင့် ကယန်း လူမျိုးဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးပြီး ၂၀၁၀ ရွေး ကောက်ပွဲမှစ၍ နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့။
လက်ရှိအလုပ်အကိုင်-လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေး။
စံပြပုဂ္ဂိုလ်-ဒေါ်အောင်ဆန်းစုကြည်နှင့် လီကွမ်ယု။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်-၀၈၁ -၅၆၁၅၃
http://7daydaily.com/election-2015/
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။