ကိုရီးယား-တရုတ် ပူးပေါင်းဇာတ်ကားမှာ သရုပ်ဆောင်မယ့် လီမင်ဟိုနဲ့ တစ်ဖနီတန်

အာရှနာမည်ကျော် သရုပ်ဆောင်နှစ်ဦးဖြစ်သော လီမင်ဟိုနှင့် တစ်ဖနီတန်တို့သည် ကိုရီးယားနှင့်တရုတ်တို့ ပူးပေါင်း တင်ဆက်မည့် Bounty Hunters ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် မည်ဟု ကိုရီးယား Yonhap သတင်းကဖော်ပြသည်။
တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီမင်ဟိုနှင့် တရုတ်သရုပ်ဆောင်မင်းသမီး တစ်ဖနီတန်တို့သည် အက်ရှင် ဟာသဇာတ်ကား Bounty Hunters ၌ပူးတွဲသရုပ်ဆောင် မည်ဖြစ်သည်။ အဆိုပါရုပ်ရှင် ဇာတ်ကားအတွက် ကုန်ကျစရိတ် ကိုရီးယားဝမ် ၃၅ ဒသမ ၁ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းကြောင်း သတင်းက   ဖော်ပြသည်။   ယင်းဇာတ်ကားသည်    ဆုငွေထုတ်ထားသော တရားခံပြေးများကို လိုက်လံဖမ်းဆီးသည့်အကြောင်းတင်ဆက်သွားမည်ဖြစ်သည်။
Bounty Hunters ဇာတ် ကားကို တောင်ကိုရီးယား၊ တရုတ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံ များသို့ သွားရောက်ရိုက်ကူးမည်ဟု သတင်းကဖော်ပြသည်။ ဇာတ်ကားရိုက်ကူးမှုကို စက်တင်ဘာလဆန်းတွင် စတင်မည်ဖြစ်ပြီး ယင်းရုပ်ရှင်ဇာတ်ကားကို လာမည့်နှစ်တွင် ရုံတင်ပြသမည်ဖြစ်သည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။