ခြိမ်းခြောက် ဘာသာကူးပြောင်းခိုင်းလျှင် ထောင် ၂ နှစ် ချနိုင်ဟုဆို

ကိုးကွယ်ရာဘာသာ ကူးပြောင်းရန် ကြွေးမြီဖြင့် နှောင် ဖွဲ့ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊  ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း (သို့မဟုတ်) အနိုင်အ ထက်ပြုခြင်းများလုပ်ဆောင်ပါက ထောင်ဒဏ် ၂ နှစ်နှင့် ကျပ်သုံး သိန်းထက်မပိုသော ငွေဒဏ်ကိုပါ ချမှတ်နိုင်ကြောင်း ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတွင် ဖော်ပြပါရှိသည်။
‘‘ဘာသာတစ်ခုကို အတင်း အဓမ္မကူးပြောင်းခိုင်းတာ ဘယ် နိုင်ငံကမှ လက်မခံဘူး။ လူ့အခွင့် အရေးနဲ့ ကြည့်ကြည့်၊လူသားချင်း စာနာတာနဲ့ပဲကြည့်ကြည့် ဒါက မဖြစ်သင့်ဘူး။နိုင်ငံတကာဥပဒေ တွေမှာလည်း ဒါကိုလက်မခံထား ဘူး’’ဟု အလိုတော်ပြည့် ကျောင်း တိုက်နှင့် ရခိုင်အမျိုးသားလူမှုကယ် ဆယ်ရေးအဖွဲ့(ရန်ကုန်) ဦးဆောင် ဆရာတော် ဦးကုမာရက မိန့် ကြားသည်။ကိုးကွယ်ရာဘာသာ ကူး ပြောင်းခြင်းကို ဟန့်တားပိတ်ပင် နှောင့်ယှက်ပါကလည်း ခြောက် လထက်မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ကျပ်ငါးသောင်းထက် မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု အဆိုပါဥပဒေတွင် ပါရှိသည်။
‘‘အုပ်ချုပ်တဲ့ အာဏာပိုင် တွေက အများအကျိုးအတွက် လုပ်တာလို့မြင်ပါတယ်။ ဘာသာ တစ်ခုက တစ်ခုကိုပြောင်းဖို့ ခြိမ်း ခြောက်တာမျိုးက မကောင်းဘူး။ ဘာသာပေါင်းစုံက တိုင်းရင်းသား တွေ ညီညီညွတ်ညွတ်နေထိုင်တာ ကို ပိုလိုလားပါတယ်’’ဟု နှစ်ခြင်း ခရစ်ယာန်ဆရာတော် သင်းထောက်ဆရာ ဘရန့်က မိန့်ကြားသည်။
မည်သည့် ဘာသာသာသနာ ကိုမဆို စော်ကားရန် အကြည်ညို ပျက်စေရန်(သို့မဟုတ်) တလွဲအ သုံးပြုရန်အကြံဖြင့် ကိုးကွယ်ရာ ဘာသာကူးပြောင်းပါက ၂ နှစ် ထက်မပိုသော ထောင်ဒဏ်အပြင် ကျပ် နှစ်သိန်းထက်မပိုသော ငွေ ဒဏ်ပါချမှတ်နိုင်ကြောင်း ထည့် သွင်းထားသည်။
ခြိမ်းခြောက်မှု၊ သွေးဆောင် ဖြားယောင်းမှုများနှင့် ပတ်သက် ၍ အရေးယူရန် ဥပဒေများမူလက တည်းကရှိကြောင်း ယခုမှသာ ဘာသာရေးနှင့် ယှဉ်တွဲ၍ အတိ အလင်း ဖော်ပြခြင်းဖြစ်ကြောင်း မြို့နယ် တရားသူကြီးဟောင်း ဦးသန်းထွန်းကပြောသည်။
ဘာသာ ကူးပြောင်းလိုသူသည် အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ပြီး မိမိ၏ လွတ်လပ်သော သဘောဆန္ဒဖြင့်ကူးပြောင်းလိုက်ခြင်း ဖြစ်ရမည်ဖြစ်ကြောင်း၊ ထိုသူသည် ကိုးကွယ်ရာဘာသာကူး ပြောင်းလိုခြင်းဆိုင်ရာ စိစစ်မှတ်ပုံ တင်ရေးအဖွဲ့ထံသို့ ဘာသာကူး ပြောင်းလိုသည့် အကြောင်းအ ရင်းကိုပါ လျှောက်လွှာတင်ရမည် ဖြစ်ကြောင်း ဥပဒေတွင်ဖော်ပြထားသည်။ မှတ်ပုံတင်ရေး အဖွဲ့သည် လျှောက်လွှာလက်ခံရရှိပြီးနောက် တစ်ရက်မှစ၍ ခုနစ်ရက်အတွင်း ဘာသာကူးပြောင်းလိုသူကို တွေ့ ဆုံမေးမြန်းရန် ချိန်းဆိုရမည်ဖြစ် သည်။ ကူးပြောင်းလိုသည့် ဘာ သာကို လေ့လာရန် ရက် ၉၀ (သုံးလ) ထက်မပိုသော ကာလကို သတ်မှတ်ပေးရမည်။ ရက်ပြည့် ပါက ထပ်မံတွေ့ဆုံမေးမြန်းပြီး ကိုးကွယ်ရာ ဘာသာကူးပြောင်း ရန် ဆန္ဒရှိကြောင်း တင်ပြလျှင် ထိုသူကို ကိုးကွယ်ရာ ဘာသာကူး ပြောင်းခြင်းဆိုင်ရာ သက်သေခံ လက်မှတ် ထုတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။
‘‘လူတိုင်းဟာ မိမိယုံကြည် ကိုးကွယ်လိုတဲ့ဘာသာကို အချိန် မရွေး ကူးပြောင်းပိုင်ခွင့် ရှိပါ တယ်။ ဒါက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြညာစာတမ်း က ပေးထားတဲ့ အခွင့်အရေးပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေး ထားတယ်။ လွတ်လွတ်လပ်လပ် ယုံကြည်ကိုးကွယ်ခွင့်ရှိတဲ့ကိစ္စမှာ တစ်ခုကနေ တစ်ခုပြောင်းတာ ဘယ်သူခွင့်ပြုမှ ဘာသာပြောင်း တာ တရားဝင်တယ်ဆိုတာ မရှိ သင့်ဘူး’’ဟု တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။ယခုအခါ မျိုးစောင့်ဥပဒေဟု လူသိများသော ဥပဒေ လေးခုစလုံး ပြဋ္ဌာန်းပြီးဖြစ်သည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။