အူရီးဒူးဖုန်းအသုံးပြုမှုမှတ်တမ်း ရည်ရွယ်ချက်ရှိရှိဖြင့် ပေါက်ကြားလျှင် ဥပဒေအရ အရေးယူမည်

အူရီးဒူးဖုန်းအသုံးပြုသူ တစ်ဦး၏ ဖုန်းအသုံးပြုမှုမှတ်တမ်း  များပေါက်ကြားမှုဖြစ်စဉ်ကို စစ် ဆေးမှုပြုလုပ်မည်ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ပေါက်ကြားစေခဲ့ပါ က ဥပဒေအရ အရေးယူမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
‘‘စစ်ဆေးပြီး တကယ်မှန် တယ်၊ ရည်ရွယ်ချက်နဲ့ ပေါက် ကြားစေခဲ့တယ်ဆိုရင် ဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ်တွေနဲ့ အ ရေးယူသွားဖို့ရှိပါတယ်။ အဲဒီအ တွက် အော်ပရေတာကိုလည်း ခေါ်ပြီး တွေ့ဖို့ရှိပါတယ်’’ဟု ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်း အောင်က ပြောသည်။
 အဆိုပါ အချက်အလက် ပေါက်ကြားမှုမှာ ပြီးခဲ့သည့် ဇူလိုင်က ဖြစ်ပွားခဲ့ပြီး အူရီးဒူးကုမ္ပဏီ၏ ၀န်ထမ်းတစ်ဦးက ဖုန်းအသုံးပြုသူတစ်ဦး၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်း များကို ကာယကံရှင်မသိစေဘဲ အခြားတစ်ဦးအားပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါဝန်ထမ်းကို အလုပ်ထုတ်ကာ ဥပဒေအရ အရေးယူထားကြောင်း အူရီးဒူးမြန်မာမှ သတင်းရရှိသည်။

‘‘သုံးစွဲသူက ဖုန်းဘီလ်တွေ ဘာကြောင့်အများကြီးကုန်နေသ လဲဆိုတာ မေးလာရင် ဖုန်းအ၀င်အထွက်စာရင်းတွေကို ကြည့်ပေးဖို့ သုံးစွဲသူဆက်ဆံရေးစီမံခန့်ခွဲမှု စနစ်ဆိုတာရှိပါတယ်။ အဲဒါကို ၀န်ထမ်းတစ်ယောက်က တခြားတစ် ယောက်တောင်းတာကို ပေးလိုက် မိတဲ့အတွက် ဥပဒေအရ အရေး ယူထားပြီးပါပြီ။ ဖုန်းအ၀င်အ ထွက်စာရင်းကလွဲလို့ တခြားကိုယ်ရေးအချက်အလက်တွေပေါက် ကြားမှုမရှိခဲ့ပါဘူး’’ဟု အူရီးဒူးမြန် မာ ပြန်ကြားရေးတာဝန်ခံ ဒေါ် သီရိကြာညိုက ပြောသည်။
အထက်ပါဖြစ်စဉ်ကြောင့် ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို ရရှိ ထားသည့် အမျိုးသားက ၎င်းကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု အူရီးဒူးဖုန်းအသုံးပြုသည့် ကာယကံရှင်အမျိုးသမီးက ဆိုသည်။
‘‘သူတို့က ဖုန်းခေါ်ဆိုမှု မှတ် တမ်းတွေပဲ ပေါက်ကြားခဲ့တယ်လို့ ပြောလာပေမယ့် ကျွန်မမိသားစုနဲ့ ပြောထားတဲ့ အတွင်းရေးကိစ္စ တွေကိုတောင် သိနေတယ်။ သူ အကုန်သိထားပြီးပြီလို့ အဲဒီအမျိုး သားက ပြောလာတဲ့အတွက် တ ခြားအချက်အလက်တွေလည်း ပေါက်ကြားနိုင်ပါတယ်။ ဒီကိစ္စကို သူတို့ဆီမှာလည်း သွားဆွေးနွေးခဲ့ ပေမယ့် ၀န်ထမ်းကို အရေးယူတာကလွဲပြီး ကျန်တာဘာမှ ပြန်လုပ်မပေးတဲ့အတွက် တရားစွဲသွားဖို့ရှိပါတယ်’’ဟု အဆိုပါအမျိုးသမီးက ပြောသည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။