ကန်သမ္မတလောင်းယှဉ်ပြိုင်သူ ဒေါ်နယ်ထရန့်

ဒေါ်နယ် ဂျွန် ထရန့်သည် အမေရိကန်အိမ်ရာစီးပွားရေးလုပ် ငန်းရှင်၊ ရုပ်သံသရုပ်ဆောင်၊ နိုင်ငံရေးသမားနှင့် စာရေးဆရာတစ်ဦး ဖြစ်သည်။ The Trump Organization  ဥက္ကဋ္ဌနှင့် Trump Entertainment Resorts တည်ထောင်သူ ဖြစ်သည်။

၎င်းသည် ထရန့်အမှတ်တံ ဆိပ်တည်ထောင်ရန် ကြိုးပမ်းမှု၊ စီးပွားရေးလုပ်ငန်း၊ ပွင့်လင်းစွာ ပြောဆိုတတ်မှု၊ မီဒီယာများနှင့် ပုံမှန်ထိတွေ့မှုနှင့် စာအုပ်များ ကြောင့် ထင်ပေါ်ကျော်ကြားသူ ဖြစ်သည်။ The Apprentice ဟု ခေါ်သော ရုပ်သံအစီအစဉ်တွင် ပင်တိုင် ပါဝင်သရုပ်ဆောင်သူ လည်းဖြစ်သည်။
ထရန့်ကို ၁၉၄၆ ဇွန်လ ၁၄ ရက်တွင် နယူးယောက်မြို့ ကွင်းစ် ရပ်ကွက်၌ မွေးဖွားခဲ့သည်။ မွေးချင်းငါးဦးတွင် စတုတ္ထဖြစ်သည်။ ဖခင်မှာ ဂျာမန်ရွှေ့ပြောင်းနေထိုင်သူများမှ ဆင်းသက်လာပြီး မိခင်မှာစကော့တလန်မျိုးနွယ်ဖြစ်သည်။
ထရန့်သည် အသက် (၁၃) နှစ်အရွယ်တွင် အပြုအမူဆိုင်ရာ ပြဿနာများကြောင့် ကျောင်းမှ ထွက်ပြီး နယူးယောက်စစ်ဘက် အကယ်ဒမီသို့ ရွှေ့ပြောင်းစာ သင်ကြားခဲ့သည်။ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် ၀ှါတန်ကျောင်းတွင် တက်ရောက်ခဲ့ပြီး စီးပွားရေးပညာရပ်အထူးပြုသိပ္ပံဘွဲ့ရရှိခဲ့သည်။
ဒေါ်နယ်ထရန့်သည် ကောလိပ်ကျောင်းတက်နေစဉ် ဖခင်၏အိမ်ရာဆောက်လုပ်ရေး ကုမ္ပဏီ တွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၆၈ တွင် ဖခင်၏ လုပ်ငန်း၌ တရားဝင်လုပ်ကိုင်ခဲ့ပြီး  ၁၉၇၁ တွင်ကုမ္ပဏီအား ထိန်းချုပ်ခွင့်ပေး လိုက်သောအခါ The Trump Organization Tower စသော အဆောက်အအုံများကို တည်ဆောက်ခဲ့သည်။ ထရန့်သည် ၎င်း၏ အမှတ်တံဆိပ်ကို အခြားနယ်ပယ်များသို့လည်း ဖြန့်ကြက်ခဲ့ သည်။
ဒေါ်နယ်ထရန့်သည် ရုပ်ရှင် ဇာတ်ကား အများအပြားတွင် လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ The Apprentice ဇာတ်လမ်းတွဲတွင် ၁၄ ရာသီတိုင်ပါဝင်ခဲ့သည်။
ဒေါ်နယ်ထရန့်သည် ၁၉၈၈၊ ၂၀၀၄၊ ၂၀၁၂ ခုနှစ်တို့တွင် ကန်သမ္မတရွေးကောက်ပွဲဝင်ရန် ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ၀င် မပြိုင်ခဲ့ပေ။ ၂၀၀၆ နှင့် ၂၀၁၄ တွင်နယူးယောက်မြို့တော်ဝန်နေရာယှဉ်ပြိုင်ရန် စိတ်ကူးခဲ့ပြီးမပြိုင်ဖြစ် ခဲ့ပေ။ ၂၀၁၅ ဇွန်လ ၁၆ ရက်တွင်မူ ၂၀၁၆ အမေရိကန်သမ္မတပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဟုတရားဝင်ကြေညာခဲ့သည်။ ရီပက် ဘလေကန်ပါတီ၏ သမ္မတ လောင်းအမည်စာရင်းတင်သွင်းမှု ရရန် မဲဆွယ်နေပြီဖြစ်သည်။ လူထုစစ်တမ်းများတွင် သမ္မတလောင်းနေရာ အမည်စာရင်း တင်သွင်းခွင့်ရရေး ရီပက်ဘလေကန် ပါတီ ကိုယ်စားလှယ်လောင်းများ၌ ထိပ်ဆုံးမှ ပြေးနေဆဲဖြစ်သည်။
ကန်ဒေါ်လာ လေးဘီလီယံ ချမ်းသာကြွယ်ဝသော ဒေါ်နယ်ထရန့်သည် အိမ်ထောင်သုံးဆက် ကျခဲ့ပြီး သားသမီးငါးဦးထွန်းကားထားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။