တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ

၁။ ဥက္ကဋ္ဌ- ဦးကျော်စွာစိုး
၁။ ပါတီဝင်အရေအတွက်- ခြောက်သန်းကျော်
၃။ မဲဆန္ဒနယ်- ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီတိုင်းဒေသကြီးများရှိ မြို့နယ် ၁၅ဝ တွင် အမတ် ၅၀၀ ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- ဒီမိုကရေစီစနစ်ကျင့်သုံးပြီး တိုင်းပြည်တွင် ပြည်သူများ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးမြင့်မားအောင် ဆောင်ရွက်မည်။
၅။ ဆောင်ပုဒ်- ထမင်းစားသူတိုင်း ဆင်းရဲသားလယ်သမားထုကြီးကို စောင့်ကြည့်နိုင်ပါစေ၊ ထမင်းစားသူတိုင်း ဆင်းရဲသားလယ်သမားထုကြီးကို ကျေးဇူးဆပ်နိုင်ပါစေ။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှု သတ်မှတ်ချက်- (၁) စိတ်ရင်းစေတနာကောင်းရမည်။ (၂) တိုင်းပြည်ချစ်ရမည်။ (၃) ပညာတတ်ရမည်။ ယင်းအချက်များအခြေခံပြီး မိမိဘဝ မိမိတကယ်ပြုပြင်လိုသူနှင့် ဖွဲ့စည်းထားပြီး သေသေချာချာ ရွပ်ရွပ်ချွံချွံလုပ်ချင်စိတ်ရှိသူကိုသာ ပါတီက ရွေးချယ်မည်။
၇။ ပါတီရန်ပုံငွေ − ပါတီဝင်ကြေး၊ လစဉ်ကြေး၊ ပါတီကိုကြည်ညို၍ လှူဒါန်းသောငွေဖြင့်သာ ဆောင်ရွက်သွားမည်။
၈။ ပါတီနောက်ခံသမိုင်းကြောင်း - လယ်သမားထုက ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့ဖူးခြင်းမရှိသည့် လယ်သမားပါတီထူထောင်ရန် တောင်းဆိုခြင်းကြောင့် မြန်မာ နိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၂၀၁၂ နိုဝင်ဘာ ၆ ရက်တွင် ပါတီဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုး စွမ်းဆောင်နိုင်မလဲ။
အခြေခံဥပဒေကို လိုအပ်တာတွေထားပြီး မလိုအပ်တာတွေပြင်မယ်။ အခြေခံဥပဒေဆိုတာ ဘုရားဟောမဟုတ်ဘူး။ လူတွေ ပြုလုပ်ထားတဲ့အရာဖြစ်တဲ့အတွက် အချိန်ကာလရွေ့လျားလာတာနဲ့အမျှ လိုအပ်ချက်အတိုင်း ပြင်သွားရမှာဖြစ်တယ်။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါတာကလည်း တပ်မတော်က စိုးရိမ်မှုနဲ့ ထိန်းကျောင်းပေးနေတဲ့ သဘောပါပဲ။ တက်လာမယ့်သူတွေက အတွေ့အကြုံမရှိသေးဘူး။ ဒီအတိုင်းလွှတ်ပေးလို့မရဘူး။ ကိုယ်လမ်းလျှောက်တတ်ပြီး ကိုယ့်ကိုယ် ကိုယ်ထိန်းနိုင်ပြီဆိုတဲ့အချိန်ရောက်ရင်တော့ တပ်မတော်ကို နောက် ဆုတ်ခိုင်းရမှာပဲ။ အခုဘာမှမလုပ်တတ်သေးဘဲ ခင်ဗျားဖယ်ဖယ်ဆိုရင် အကုန်ကျွမ်းပြန်ကျကုန်မှာပေါ့။ တိုင်းပြည်ကမောက်ကမ ဖြစ်သွားမှာ ပေါ့။ လိုအပ်တဲ့အချိန်မှာ တဖြည်းဖြည်းနဲ့ ၂၅ ရာခိုင်နှုန်းကိုလျော့အောင် လုပ်သွားရမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဘယ်လောက်ထိကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
ငြိမ်းချမ်းရေးကိစ္စက သူ့လောဘနဲ့သူဖြစ်နေရတာ။ နှစ်ဖက်လောဘမရှိ ဘူး။ တကယ်တိုင်းပြည်ကောင်းစားစေချင်တဲ့စိတ်နဲ့ဆိုရင် ဘာမှထူးဆန်း တဲ့ကိစ္စမဟုတ်ဘူး။ ရန်ဖြစ်တယ်ဆိုတာ ကချင်ကလည်း ကချင်လူထု အတွက်မဟုတ်ဘဲ KIA တစ်ခုအတွက် ရန်ဖြစ်တာ။ ကရင်ကလည်း ကရင်လူထုအတွက်မဟုတ်ဘဲ KNU က ရန်ဖြစ်တာ။ တပ်မတော်က လည်း ကာကွယ်တယ်ဆိုပြီး နိုင်ထက်စီးနင်းလုပ်တာတွေအများကြီး။ လွှတ်တော်ထဲရောက်ရင် ကျွန်တော်တို့အနေနဲ့ ကြားဝင်ပြောပေးရုံပဲရ တယ်။ ကိုယ့်မှာပါဝါမှမရှိတာ။ မင်းတို့ရပ်ဆိုပြီးသွားပြောလို့မရဘူး။ ငြိမ်းချမ်းရေးဆိုတာ ‘ဝ’ရှိမှ ‘ဝိ’လုပ်လို့ရမှာ။ ကျွန်တော်တို့ပါတီက လွှတ် တော်ထဲရောက်ရင် ‘ဝ’ရှိအောင် အရင်လုပ်ပြီးမှ ‘ဝိ’လုပ်မယ်။
ပြည်သူတွေရဲ့ ၀င်ငွေ/ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
ပြည်သူတွေ တစ်ဦးချင်းဝင်ငွေ တိုးဖို့ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေဖိတ်ခေါ်ရမှာပဲ။ ထမင်းကိုထမင်းနဲ့နယ်စားလို့ အရသာမရှိဘူး။ ဟင်းနဲ့မြှုပ်စားမှ ဖြစ်မှာပေါ့။ ဒါကြောင့်လည်း စီးပွားရေးမှာ ထိပ်ဆုံး ရောက်နေတဲ့ ဂျပန်နိုင်ငံကိုဖိတ်ခေါ်ထားတာပဲ။ သူတို့နဲ့ ပူးပေါင်းလုပ် မယ်။ ဂျပန်က တို့ကိုလေးစားတယ်။ အမြဲကူညီချင်တဲ့တိုင်းပြည်ဖြစ်တဲ့ အတွက် ဂျပန်နဲ့ပူးပေါင်းပြီး တစ်ဦးချင်းဝင်ငွေတိုးတက်အောင် ဖော် ဆောင်မယ်ရည်မှန်းထားတယ်။
ပြည်သူတွေက အန်ကယ်တို့ပါတီကိုဘာကြောင့် မဲပေးသင့်တာလဲ။
ဘာကြောင့်မဲထည့်သင့်သလဲပြောရရင် သူတို့ကို ကျုပ်ကိုမဲပေးပေးပါ တောင်းနေတာမဟုတ်ဘူး။ အခုတော်တော်စိတ်ညစ်နေပြီ။ ငါကိုက ကံဆိုးလွန်းလို့ ပါတီထောင်မိတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်မိတယ်။ ခင်ဗျားတို့ အခက်အခဲကူညီပေးမယ် ကျွန်တော်ပြောပေမယ့် ပိုက်ဆံ ပေးတဲ့သူနောက်လိုက်မယ်ဆိုတော့ ဘာပြန်ပြောရမလဲ။ ဒီလူတွေ အဲဒီ အစိုးရနဲ့ပဲ ထိုက်တန်တယ်လို့ပဲပြောမယ်။ သူတို့အခက်အခဲကယ်ချင်လို့ လာပါတယ်ဆိုမှ သူတို့က ဘာပြန်ပေးမှာလဲ အရင်ဆုံးမေးတယ်ဆိုတော့ ကူညီချင်လို့လာတာလေ။ ဒါကြောင့် ဒီအစိုးရနဲ့ပဲ ပြည်သူတွေထိုက်တန် တယ်လို့ထင်တယ်။ ရှုံးသွားလည်းဒီအစိုးရက တို့ကိုဘာမှလုပ်တာမဟုတ် ဘူး။ နှိပ်စက်ခံရတာ အောက်ခြေလူတန်းစားတွေ။ အပေါ်မှာနေတဲ့သူကို တစ်ခါမှမနှိပ်စက်ဘူး။ တကယ်ကိုပြုပြင်ပြောင်းလဲချင်တဲ့ပြည်သူတွေ ကိုပဲ ကယ်ချင်တယ်။ ဝါးတားတားလုပ်နေတဲ့သူတွေကို မကယ်ချင်ဘူး။ ဒါကြောင့် ပြည်သူတွေကယ်ရတာတောင်မှ ရွေးကောက်ပွဲနီးလေလေ စိတ်ပျက်လာလေလေဖြစ်နေတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတလောင်းက တိုင်းပြည်ကို နှစ်နှစ်ကာကာချစ်ရမယ်။ တစ်မျိုးသား လုံးနဲ့ အမျိုးဘာသာ သာသနာချစ်ဖို့လိုတယ်။ အမျိုးဘာသာ သာသနာကို မချစ်ဘဲ ကိုးရိုးကားရားလုပ်လို့ကတော့ တိုင်းပြည်ပါချောက်ထဲရောက် သွားမယ့်နေရာပဲ။ ဒီနေရာက သိပ်ကိုအရေးကြီးတယ်။ စိတ်နှလုံးကောင်း ဖို့လိုတယ်။ စီးပွားရေးနားလည်ရမယ်။ လက်ရှိတိုင်းပြည်ရဲ့ အခြေအနေ ကိုသိထားဖို့လိုတယ်။
ဥက္ကဋ္ဌအသက်- (၄၉ နှစ်)
ပညာအရည်အချင်း- စိတ်ပညာအဓိက
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၈၈ တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု၌ပါဝင်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့။
လက်ရှိအလုပ်အကိုင်- တောင်သူလယ်သမားကြီးပွားတိုးတက်ရေး အများပိုင်ကုမ္ပဏီ၊ တောင်သူလယ်သမားကြီးပွားတိုးတက်ရေးဘဏ် ပိုင်ရှင်။
စံပြပုဂ္ဂိုလ်- မြတ်စွာဘုရား
ဆက်သွယ်ရန်- ၀၉-၅၁၇၇၇၁၄
__http://7daydaily.com/election-2015
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။