ဗုဒ္ဓအဘိဓမ္မာကို ပထမဆုံး အင်္ဂလိပ်ဘာသာပြန်ဆိုသူ ရခိုင်အမျိုးသား ဦးရွှေဇံအောင်

ဗုဒ္ဓအဘိဓမ္မာကို ပထမဆုံး အင်္ဂလိပ်ဘာသာပြန်ဆိုသူ ရခိုင်အမျိုးသား ဦးရွှေဇံအောင်
( ၁၈၇၁ - ၁၉၃၂ )

ဦးရွှေဇံအောင်ကို ၁၈၇၁ခုနှစ် ဇန်နဝါရီလ၂၀ရက်နေ့တွင် စစ်တွေမြို၌ ဖွားမြင်သည်။အဖရာဇဝတ်ဝန် ဦးရွှေသား (အိုင်အက်စ်အို၊ကေအက်စ်အမ်၊အေတီအမ် )အမိ ဒေါ်အဇံဖြူတို့၏ ဒုတိယသားဖြစ်သည်။မွေးချင်းလေးယောက်ရှိသည်။

စစ်တွေအစိုးရအလယ်တန်းကျောင်းမှ ၁၈၈၆ခုနှစ်တွင် အလယ်တန်းအောင်ပြီး ပညာသင်ဆုရသည်။၁၈၈၇ခုနှစ်တွင် ရန်ကုန်အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်သည်။၁၈၉၁ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ ဝိဇ္ဇာဘွဲ့ရသည်။ ၁၈၉၃ခုနှစ်တွင် ရန်ကုန်မြို့ စဥ့်အိုးတန်းနေ ဝန်ထောက် ဦးထွန်းအောင်၊ဒေါ်ထွားအိတို့၏ သမီး မတင်တင်နှင့်လက်ထပ်သည်။

၁၈၉၂ခုနှစ်တွင် ပညာရေးဌာန၌ ပညာအုပ်အဖြစ်စတင်အမှုထမ်းသည်။၁၈၉၄ခုနှစ်တွင် ကျောက်ဆည်နယ်၌ လယ်ဝန်၊၁၉၀၃တွင် ရန်ကုန်၌ အခွန်ဝန်၊၁၉၀၇တွင် ဝန်ထောက်၊၁၉၁၈တွင် ကျောက်တန်း၌ နယ်ပိုင်ဝန်ထောက်၊ဟံသာဝတီအရေးပိုင်၊၁၉၂၀တွင် ဘဏ္ဍာတော်မင်းကြီး၏ အတွင်းဝန်၊၁၉၂၂တွင် အိန္ဒိယပြည် မြူနီစီပယ်အခွန်ကောက်ခံမူ စုံစမ်းရေးကော်မတီဝင်အဖြစ် အိန္ဒိယတွင် ၆လ ၊ထို့နောက် သထုံအရေးပိုင်၊၁၉၂၃ခုနှစ်တွင် မြန်မာတိုင်းရင်းသားများထဲမှ ပထမဦးဆုံးသော ယစ်မျိုးမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ရသည်။၁၉၂၆ခုနှစ်တွင် ကျန်းမာရေးကြောင့် အငြိမ်းစားယူခဲ့သည်။

အခွန်ဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၀၉ခုနှစ်တွင် ရန်ကုန်မြို့ရှိကျူးကျော်နေထိုင်သူများ နေရာချထားရေးနှင့် မြေခွန်တော်စည်းကြပ်ရေး အတွက် စီမံကိန်းစာတမ်းကို ရေးဆွဲအကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည်။၁၉၁၄ခုနှစ်တွင် အမှူထမ်းကောင်းတံဆိပ်ရမင်း( အေတီအမ် )၊၁၉၂၃ခုနှစ်တွင် ကျက်သရေဆောင် ရွှေစလွယ်ရမင်း ( ကေအက်စ်အမ် )ဘွဲ့များရသည်။၁၉၁၈ခုနှစ်တွင် စစ်စရိတ်ငွေတော်ချေးငှားခြင်း စာတမ်းကိုပြုစုသည်။၁၉၂၄ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သင်ခန်းစာများ ပြဌာန်းရေးကော်မတီ အဖွဲ့ဝင်၊တက္ကသိုလ် ဗုဒ္ဓဘာသာအသင်း ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ၁၉၀၆ခုနှစ်တွင် တည်ထောင်သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ( ဝိုင်အမ်ဘီအေ )၏ အမျိုးဘာသာ သာသနာဆိုင်ရာ လူပ်ရှားမှူများတွင် ပါဝင်ခဲ့သည်။

အစိုးရဝန်ထမ်းအဖြစ် ကျောက်ဆည်နယ်၌ လယ်ဝန် တာဝန်ထမ်းဆောင်စဉ် ဝါသနာအရ မြန်မာစာပေနှင့် ဗုဒ္ဓအဘိဓမ္မာကို လေ့လာလိုက်စားခဲ့သည်။၁၈၉၅ခုနှစ်မှ စတင်၍ ဗုဒ္ဓအဘိဓမ္မာကို ဆရာတော် ဦးဂန္ဓမာနှင့် လယ်တီဆရာတော်တို့ထံ၌ လေ့လာခဲ့သည်။ရိုးရာ မှော်ပညာ၊အဂ္ဂရတ်ပညာများကိုလည်း လိုက်စားခဲ့သည်။
ဦးရွှေဇံအောင်၏ မြန်မာဘာသာဖြင့် ပြုစုခဲ့သော ကျမ်းကြီးများမှာ ဇရာလက္ခဏာဒီပနီကျမ်း ( ၁၉၀၈)၊တက္ကိယနယ ဒီနီကျမ်း (၁၉၁၀)၊ကာယင်္ဂသမ္ပါယ ဒီပနီကျမ်း (၁၉၁၅)၊ ရူပဒီပနီကျမ်း( ၁၉၁၅)လူမျိုး တစ်ရာ့တစ်ပါးကျမ်း (လက်ရေးမူ)များရေးသားပြုစုခဲ့သည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သောကျမ်းများမှာ ကထာဝတ္တု ( Kahta Vuttu)၊ယမိုက်ကျမ်း (Yamaka)၊ အဘိဓမ္မာ သင်္ဂါဟကျမ်း ( Compandium of buddhist philosophy)ကိုလန်ဒန်ပါဋိ စာပေအသင်းက ပုံနှိပ်ထုတ်ဝေ၍ ကမ္ဘာကို ဖြန့်ချီနိုင်ခဲ့သည်။ လယ်တီဆရာတော်နှင့် ပါဋိစာပေအသင်း ဆက်သွယ်ရေးတွင် အင်္ဂလိပ် ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးရသည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်တွင် ပညာရပ်ဆိုင်ရာ စာတမ်း၊ဝေဖန်ချက်၊ မှတ်ချက် ၂၃ စောင် ရေးသားခဲ့သည်။
ရန်ကုန်တက္ကသိုလ်က ဦးရွှေဇံအောင်အား စာပေပါရဂူ ( ဒီလစ် )ဘွဲ့ပေးအပ်ရန် စီစဉ်နေဆဲ ၁၉၃၂ ခုနှစ် မေလ ၁၁ ရက်တွင် ကွယ်လွန်ခဲ့သည်။

___Credit: Original One
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။