အညာမှာ သားကျန်ခဲ့ပြီ

မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးပြီးနောက် သစ်ပင်၌ ကြိုးဖြင့် ချည်တုပ်ထားသော ဆင်ကလေးကို တွေ့ရစဉ် (ဓာတ်ပုံ − ညီညီဇော်)
 အညာမြေ ရောက်လာသော တောဆင်ရိုင်းတွေနောက် တောက်လျှောက်လိုက်ခဲ့သည်မှာ ငါးရက်မြောက်ခဲ့ပါပြီ။ သြဂုတ် ၂၉ ရက် ညနေ ၅ နာရီခန့်မှာတော့ တောဆင်ရိုင်း ငါးကောင်သည် နတ်မောက်မြို့နယ်မှတစ်ဆင့် ပဲခူးရိုးမအနီး ပလင်းပြားကြီးရွာသို့ ရောက်ရှိသွားပြီဖြစ်သည်။

ထိုအတိုင်းသာ ဆက်သွား မည်ဆိုလျှင် မူလရည်ရွယ်ထား သည့် ပဲခူးရိုးမစပ်သို့ သြဂုတ် ၃၀ ရက်တွင် ရောက်ရှိနိုင်သည်ဟု သစ်တောဦးစီးဌာန တာဝန်ရှိသူ များက ပြောသည်။
တောဆင်ရိုင်း ငါးကောင် ရောက်ရှိနေသော နေရာသည် လူနေကျေးရွာများနှင့် ဝေးကွာ ခြင်း၊ လမ်းကြောင်းမှန်ပေါ်ရောက် ရှိနေပြီဟု ယူဆရခြင်းများကြောင့် ဆင်တွေနောက်တောက်လျှောက် လိုက်ကာ ကူညီပံ့ပိုးမှုများပြုလုပ် ခဲ့သည့် ကျောက်ပန်းတောင်းမြို့မှ ဆရာတော် ဦးယုဇနဦးဆောင် သော ပုပ္ပါးတောင်ချစ်သူများအ သင်းအဖွဲ့ဝင်များသည် ဆင်တွေ နောက်သို့ လိုက်ပါခြင်းမပြုတော့ ပေ။ ရက်သတ္တပတ်တစ်ပတ် ကျော်ကြာ ဆင်တွေနောက် ပြေးလွှားအော်ဟစ် လိုက်ခဲ့ရသဖြင့် လူတွေလည်း ပင်ပန်းကြလေပြီ။
သို့သော် ဆရာတော်က ဆင်တွေအပေါ် သံယောဇဉ် မ ပြတ်သေး။ ညောင်ဦးတွင် ကျန်နေခဲ့သည့် လေးနှစ်သား ဆင်ပေါက်လေးထံ အစာသွားကျွေးဖို့ ပြင် သည်။ စကားစပ်၍ ပြောပြရလျှင် ဆရာတော်တို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား စာလာသင်နေသည့် ကလေးငယ်တွေက ၄၃၀ ခန့်ရှိသည်။ ထိုကလေးတွေထဲမှာ ချင်းပြည်နယ်ဘက်က ကလေးတွေက တစ်ရာကျော်လောက်ပါသည်။
ထိုကလေးတွေက ဆင်သ တင်းကို စိတ်ဝင်စားကြသည်။ ကလေးတွေကိုလည်း ဆရာတစ် ဦးက ဆင်အကြောင်း သိကောင်း စရာဆိုပြီး ပြောပြပေးတော့ ဆင် တွေ ဘာဖြစ်နေပြီလဲဆိုတာကို ကလေးတွေသိကြသည်။ တိုတို ပြောရလျှင် ညောင်ဦးမှာကျန်ရစ် ခဲ့သည့် ဆင်ပေါက်ကလေးအ ကြောင်း ကလေးတွေစိတ်ဝင်စား နေသည်။ ဖြစ်နိုင်လျှင် ဆင်ပေါက် ကလေးကို ဆင်ကြီးအဖွဲ့နှင့် ပြန် ဆုံပေးဖို့ ကလေးအတွေးဖြင့် ဆန္ဒ ရှိနေကြသည်။ ဆင်ပေါက်က လေးကို ကြိုးဖြင့်ချည်ထားတဲ့ပုံ တွေပြတော့ သူတို့မျက်နှာလေး တွေ မကောင်းကြ။
ဆရာတော်က ဆင်ပေါက် လေးကို အစာသွားကျွေးမယ်ဆို တော့ ကလေးတွေက ကျောင်းထဲ က နေစာမြက်တို့၊ ငှက်ပျောပင် စည်တို့ကို ဓားတွေကိုယ်စီယူကာ သွားခုတ်ပေးကြသည်။ ကားပေါ် ဆင်စာတွေတင်ပြီးတော့ ချင်း ကလေးငယ်တစ်ယောက်လည်း လိုက်လာသည်။ သူတို့လေးတွေ ဆိုတာကလည်း ချင်းပြည်နယ် ဘက်မှာ သဘာဝဘေးအန္တရာယ် တွေ၊ လမ်းပန်းဆက်သွယ်ရေး၊ အခက်အခဲတွေ၊ အစာရေစာရှား ပါးမှုတွေကြောင့် သူများဒေသ တွေမှာ မိဝေးဖဝေးလာနေနေကြ ရသူတွေဖြစ်သည်။ ထို့ကြောင့် သူတို့နှင့်ဘ၀တူ မိဝေးဖဝေးဖြစ်နေ ရှာသည့် ဆင်ပေါက်ကလေးကို ကိုယ်ချင်းစာပုံလည်း ရသည်။
ညောင်ဦးရောက်တော့ ဆင် ပေါက်ကလေးကို သပွတ်ပင်ကြီး တစ်ပင်တွင် ကြိုးဖြင့် ကပ်ချည် ထားတာတွေ့ရသည်။ သူ့အနီး နားတွင်တော့ ဆင်ယဉ်ကြီး (ကွန် ချီဆင်) တစ်ကောင်ချထားသည်။ လာကြည့်ကြသည့် တောသူ တောင်သားတွေကလည်း ဆင် ပေါက်ကလေးကို သနားနေပုံရ သည်။ မျက်နှာတွေက မသာမ ယာ။
ဆင်ပေါက်ကလေးက သူ့ အား အစာလာကျွေးတာကို အစာကို ဆွဲယမ်းပစ်သည်။ အမူအရာက ခပ်ကြမ်းကြမ်းကလေးပင် ဖြစ်နေသေးသည်။ နေပြည်တော် ရေဆင်းမှလာသည့် ဆင်ဦးစီး ဦးကျော်ဝင်းလှိုင်ကတော့ ထိုဆင် ပေါက်ကလေးကို စဖမ်းသည့်နေ့ မှ ၂၁ ရက်တိတိ လေ့ကျင့်သင် ကြားပေးလိုက်လျှင် ဆင်ယဉ်တစ် ကောင် ဖြစ်သွားမည်ဟု ယုံကြည် မှုအပြည့်ဖြင့် ပြောသည်။
 ဆင်ငါးကောင်ကတော့ ဆင်ပေါက်ကလေးကို ပြန်ခေါ် ရန် နှစ်ရက်လောက်တော့ ထိုနေ ရာလေးမှာ ညောင်ဦးနှင့်ကျောက် ပန်းတောင်းနယ်တွင် ဝေ့နေခဲ့ သေးသည်။ သို့သော် အန္တရာယ် တစ်စုံတစ်ရာဖြစ်မည်ထင်၍လား မသိ ထားသွားခဲ့ပုံရသည်ဟု ဆင် ဦးစီးဟောင်း ကိုစောမော်ဦးက ပြောသည်။
အညာတွင် ကျန်ရစ်ခဲ့သည့် ဆင်ပေါက်ကလေးအတွေက် လူ အများစုက စိတ်မကောင်းဖြစ်နေ ကြပါသည်။ ဖြစ်နိုင်လျှင် သူ့အဖွဲ့ များနှင့် ပြန်ဆုံစေချင်ကြသည်။
မြန်မာ့သစ်လုပ်ငန်းမှ လက် ထောက် အထွေထွေမန်နေဂျာ ဆင်ဆေးကုရာထူးဖြင့် အငြိမ်းစားယူခဲ့သူ ဒေါက်တာဝမ်ထွန်းက ဆင်ပေါက်ကလေးနှင့် ပတ်သက် ၍ ‘‘သူ့ကို ခွဲခွာသွားတဲ့အဖွဲ့ကို ပဲခူးရိုးမထဲကို ရောက်ဖို့လုပ်ပါ မယ်။ ကျန်ခဲ့တဲ့ဆင်ကို သင်ကြား ပေးပြီး မြန်မာ့သစ်လုပ်ငန်းမှာ ပြု စုထားမယ်လို့ ရည်ရွယ်ထားပါ တယ်။ လူကြီးတွေကို တင်ပြထား ပြီး ဆုံးဖြတ်ချက်မရသေးပါဘူး။ လောလောဆယ်တော့ အစာ ကျွေးမယ်။ လူနဲ့ယဉ်ပါးအောင် လေ့ကျင့်သင်ကြားပေးမယ့် အစီ အစဉ်လုပ်ထားပါ့မယ်’’ဟု ပြော ပြသည်။
သို့သော် ဆုံးဖြတ်ချက်မကျ သေးသည့်အတွက် ရှေ့သွားသည့် တောဆင်ရိုင်းငါးကောင်လုံခြုံတဲ့ နေရာရောက်ပြီးနောက် ပြန်ဆုံ ပေးမည်ဆိုပါကလည်း ဆင် ပေါက်ကလေးကို ပို့ဆောင်ပေး ရန် လိုအပ်သည်များ ပြင်ဆင် ထားကြောင်း ဒေါက်တာဝမ်ထွန်း က ပြောပြသည်။
ယခုတော့ ဆင်ပေါက်က လေးမှာ အညာမြေတွင် မျက်စိသ ငယ် နားသငယ်ဖြင့် ကျန်ရစ်ခဲ့ရ ရှာလေပြီ။ ပြန်ဆုံဖို့ မဆုံဖို့ဆို သည်ကလည်း မည်သူမျှတပ်အပ် မပြောနိုင်။ ထိုတောဆင်ရိုင်းအဖွဲ့ ယခုလို အခြားနယ်မြေတစ်ခုသို့ ကျွံလာခဲ့ခြင်းမှာ ပြီးခဲ့သည့်လပိုင်း အတွင်းက မြန်မာပြည်တစ်ဝန်း ရေကြီးရေလျှံမှုသည့်ဖြစ်စဉ်များ နှင့် ပတ်သက်နိုင်ကြောင်း၊ ၎င်းတို့ နေထိုင်ရာဒေသတွင် သဘာဝ ဘေးဒဏ်များ ဖြစ်ပေါ်လာ၍ ရှောင်ရှားရင်း လမ်းမှားလာခြင်း ဖြစ်နိုင်ကြောင်း ဆင်ဦးစီးဟောင်း ကိုစောမော်ဦးက ခန့်မှန်းသည်။
သစ်ပင်များ စိုက်ပျိုးခြင်း၊ သဘာဝတောနှင့် တိရစ္ဆာန်များ ထိန်းသိမ်းခြင်းကြောင့် ဦးအုန်း၏ ဖရီဒါအသင်းမှ ချီးမြှင့်ဆပ်ကပ် သည့် ကမ္ဘာမြေချစ်သူဆု ရရှိထား သော ဆင်တွေနောက် တောက် လျှောက်လိုက်ခဲ့သည့် ပုပ္ပါးတောင်ချစ်သူများအသင်း နာယ က ဆရာတော် ဦးယုဇနကတော့ ဆင်အဖွဲ့သည် ၎င်းတို့နေထိုင် သည့်နေရာတွင် သစ်တောများ ပြုန်းတီးလာ၍ အစာရေစာပေါနိုင် မည့် နေရာသစ်ကို လိုက်ရှာရင်း ယခုကဲ့သို့အဖြစ်မျိုး ကြုံတွေ့ခဲ့ရ ခြင်းဖြစ်နိုင်ကြောင်း မှတ်ချက် ပေးသည်။
ထို့အပြင် ဆရာတော်က နိုင်ငံတော်အစိုးရနှင့် ပြည်သူများအား အောက်ပါစကားရပ်ဖြင့် မေတ္တာရပ်ခံမိန့်ကြားသည်။ ‘‘အစိုးရအ နေနဲ့ နည်းပညာနဲ့ တိုင်းပြည်တိုးတက်အောင်လုပ်ပါ။ ပိုက်ဆံရှာပါ။ သယံဇာတတွေ ထုတ်သုံးပြီး ပိုက်ဆံမရှာပါနဲ့။ ပြည်သူတွေအနေနဲ့ အစိုးရဆိုတာ မမြဲပါဘူး။ ပြည်သူကမြဲတာပါ။ ဒါကြောင့် ကိုယ်စွမ်းနိုင်သလောက် သစ်ပင်စိုက်ကြပါ’’ဟူ၏။
အညာတွင် ကျန်ရစ်ခဲ့သည့် ဆင်ပေါက်ကလေးနှင့် နေရပ်ပြန် နေသည့် ဆင်ငါးကောင်အတွက် နေပြည်တော်ရေဆင်းမွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်မှ ကထိ က ဆရာမဒေါ်သက်စုမြတ်က ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာတွင် ယခုလိုရေးသားခဲ့ ပါသည်။ ‘‘သူတို့မွေးဖွားခဲ့ရာ ရိုးမ ထဲမှာ သစ်ပင်တွေသာရှိ နေခဲ့ဦး မယ်ဆိုရင်၊ နေစရာစားစရာသာ ရှိနေခဲ့ဦးမယ်ဆိုရင် သေချာပါ တယ် သူတို့နေရပ်ကို စွန့်ခွာခဲ့ မှာမဟုတ်ပါဘူး။ သူတို့ဒုက္ခကြီး လှပါတယ်။ ....နောက်ဘ၀ ရောက်ရင် ကိုယ်မွေးဖွားကြီးပြင်း ရာပတ်ဝန်းကျင်မှာ စိတ်အေးချမ်း သာစွာ ရှင်သန်နေထိုင်ခွင့်ရပါ စေ။ တောရိုင်းတိရစ္ဆာန်ပြန်ဖြစ်ခဲ့ မယ်ဆိုရင်တောင် နေထိုင်စရာ တောအုပ်လေးတစ်ခုတော့ ပိုင် ဆိုင်ခွင့်ရကြပါစေ’’ဟု။
 သစ်တောတာဝန်ရှိသူများ ပြောစကားအရ မနက်ဖြန်ဆိုလျှင် တောဆင်ရိုင်း ငါးကောင်အဖွဲ့ ပဲခူးရိုးမထဲ ပြန်ရောက်သွား လောက်ပါပြီ။ ဆင်ဖမ်းအဖွဲ့နှင့် ၀န်ထမ်းတွေလည်း ကိုယ့်နေရပ် ပြန်ရချိန် နီးကပ်လာပါပြီ။ သို့ သော် ညောင်ဦးမြို့နယ် ထန်းပေါက်ရုံရွာအနီးရှိ သပွတ်ပင် ကြီးမှာတော့ သဘာဝမတူသည့် လူတွေကြားထဲ၊ ကိုယ်ကျင်လည် နေကျမဟုတ်သည့် ပတ်ဝန်းကျင် ကြားထဲ ဆင်ပေါက်ကလေးတစ် ကောင်ကတော့ဖြင့် ကျန်ရစ်ခဲ့ရ ပါလေတော့သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။