တစ်ဦးတည်းသောသား လေးကို ငဲ့ညှာသည့်အနေဖြင့် အနုပညာအလုပ်များ ဆက်လက် လှုပ်ရှားခြင်းမရှိတော့ဟု သရုပ် ဆောင် ချောရတနာက ပြော သည်။
‘‘သားလေးမွေးပြီး နောက် ပိုင်းမှာ သားလေးအတွက်ကိုပဲ အချိန်ပေးဖြစ်တော့တယ်။ ဒါ ကြောင့် အနုပညာလှုပ်ရှားမှုတွေ နည်းနေတာပါ။ သားလေးက အခုချိန်မှာ အမေမရှိလို့မရဘူး။ သူက အမေပဲကပ်တာလေ။ ရတဲ့ အချိန် ကြိုးကြားလေးမှာပဲ မဂ္ဂဇင်း ဓာတ်ပုံရိုက်တာလောက်ပဲလုပ် တယ်’’ဟု ချောရတနာက ပြော သည်။
အသက်တစ်နှစ်ကျော်အ ရွယ်သာရှိသေးသည့် သားငယ် အတွက် အကောင်းဆုံးပံ့ပိုးပေး ရန်သာ အစီအစဉ်ရှိသည်ဟု ၎င်း က ဆိုသည်။
မင်းသမီးလူရွှင်တော်များ ဖြင့် ထူးထူးခြားခြားတင်ဆက် သော ယခုနှစ် မြန်မာအမျိုးသမီး များနေ့အတွက် ဂုဏ်ပြုသည့် အကယ်ဒမီရွှေပန်းချီအငြိမ့်၌ ချောရတနာသည် အကမင်းသမီး နေရာမှ ပါဝင်ပေးခဲ့သဖြင့် အနု ပညာနှင့်ဝေးကွာနေသော်လည်း ၎င်း၏ ပရိသတ်များထံမှ အားပေး မှုပြန်လည်ရရှိခဲ့သည်။
‘‘အမျိုးသမီးရေးရာပွဲတွေဆို ရင် နှစ်တိုင်းကနေကျပါပဲ။ ကလေးမွေးတဲ့တစ်နှစ်တော့မက ဖြစ်ခဲ့ဘူး။ ဒီနှစ်ပွဲကတော့ မင်း သမီးတွေကပဲ လူရွှင်တော်လုပ် ကြတာဆိုတော့ ထူးလည်းထူးခြား တယ်’’ဟု ချောရတနာက ပြော သည်။
သားဦးလေးပိုင်ဆိုင်ထားပြီ ဖြစ်သော်လည်း နောက်ထပ်ရင် သွေးတစ်ဦး ထပ်မံရရှိလျှင်လည်း လိုချင်သေးသည် ချောရတနာက ပြောသည်။
လက်ရှိတွင် ဇာတ်ကားရိုက် ကူးမှုများ ဆောင်ရွက်ခြင်းမရှိ သော်လည်း ရေဘေးကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အနုပညာ နှင့်သက်ဆိုင်သည့် ဖျော်ဖြေရေး များ၌ အလှူငွေများ ပါဝင် ကောက်ခံပေးနေသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။