တေးအယ်လ်ဘမ်သစ်ထွက်ပြီးရင် တစ်နှစ်လောက်အနားယူမယ့် One Direction အဖွဲ့

 ဗြိတိန်နာမည်ကျော် ယောက်ျားလေးပေါ့ပ်အဆိုရှင် များအဖွဲ့ One Direction သည် ပဉ္စမမြောက်တေးအယ်လ်ဘမ် ထွက်ရှိပြီးနောက် အနည်းဆုံး တစ်နှစ်ခန့်အနားယူရန်သဘော တူထားကြောင်း ဗြိတိန် The Sun သတင်းစာကဖော်ပြသည်။ One Direction အဖွဲ့သည် လာမည့်ခရစ္စမတ်ကာလတွင် ထွက်ရှိမည်ဟု မျှော်လင့်ထား သောပဉ္စမမြောက်တေးအယ်လ် ဘမ်အတွက် နယ်လှည့်ဖျော်ဖြေ ပွဲများပြုလုပ်မည်မဟုတ်ဟု သတင်းရင်းမြစ်များက ပြော သည်။ အဖွဲ့ဝင်လေးဦးပါ ယင်းအဖွဲ့သည် လာမည့်နှစ် ဖေဖော်ဝါရီအထိ အယ်လ်ဘမ်သစ် ပရိုမိုးရှင်းများပြုလုပ်သွားမည်ဟု မျှော်မှန်းကြောင်း People သတင်းကဖော်ပြသည်။
အဖွဲ့ဝင်များသည် ၂၀၁၆ မတ်လမှစ၍ အဖွဲ့လိုက်အနု ပညာလှုပ်ရှားမှုများကိုရပ်နားခဲ့ ပြီး တစ်ကိုယ်တော်အနုပညာလုပ် ငန်းများလုပ်ကိုင်သွားမည်ဟု E! သတင်းကဖော်ပြသည်။ သို့ရာ တွင် ယင်းမှာ One Direction အဖွဲ့ ပြိုကွဲသွားခြင်းမဟုတ် ကြောင်းနှင့် နောင်တစ်ချိန်တွင် ပြန်လည်လက်တွဲရန် အစီအစဉ်ရှိ ကြောင်း E! သတင်းရင်းမြစ်က ပြောသည်။
One Direction အဖွဲ့ အနား ယူမှုမှာ အဖွဲ့ဝင်ဇေအင်မယ်လစ် ထွက်ခွာသွားပြီးနောက် တစ်နှစ်ခန့်အကြာတွင် ဖြစ်မည်ဖြစ်သည်။ အဖွဲ့မှ ဇေအင်ထွက်ခွာသည် ဖြစ်စေ၊ မထွက်သည်ဖြစ်စေ OneDirection အဖွဲ့ အနားယူမည်ဟု The Sun သတင်းစာက ဖော်ပြသည်။   
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။