နယ်စပ်တွင် တင်းမာမှု မြင့်တက်လာသည့်နောက် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးရန် စီစဉ်

နှစ်နိုင်ငံနယ်စပ်အနီးတွင်း စောင့်ကြပ်နေကြသည့် တောင်ကိုရီးယား စစ်သည်များ
နယ်စပ်ဒေသတွင် တင်းမာမှုများ မြင့်တက်လာသည့်နောက် တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံတို့သည် ထိပ်တန်းအဆင့် အရာရှိများကြား ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု တောင်ကိုရီးယား သမ္မတရုံးက ကြေညာခဲ့သည်။

တောင်ကိုရီးယား သမ္မတရုံးဖြစ်သည့် အိမ်ပြာတော်က နှစ်နိုင်ငံ ထိပ်တန်းအရာရှိများသည် နယ်စပ်ရှိ ပန်မွန်ဂျောင် ကျေးရွာတွင် ဩဂုတ် ၂၂ ရက်၊ GMT စံတော်ချိန် ၉း၀၀ နာရီတွင် ဆွေးနွေးမှုများ စတင်မည်ဟု ဆိုသည်။ တောင်ကိုရီးယားဘက်က နယ်စပ်ရှိ ဝါဒဖြန့် လော်စပီကာများကို ပိတ်မပစ်ပါက စစ်ရေးအရ ပြင်းထန်စွာ အရေးယူမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ထားသည်။ ယခုလအတွင်း နယ်စပ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု တစ်ခုအတွင်း တောင်ကိုရီးယား စစ်သည်နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည့်နောက် တောင်ကိုရီးယားက မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် စကားများ လွှင့်ထုတ်နေသည့် လော်စပီကာများကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ယခုသီတင်းပတ် အစောပိုင်းတွင်မူ မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ခြမ်းရှိ လော်စပီကာတစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ တောင်ကိုရီးယားကလည်း တုံ့ပြန် ပစ်ခတ်ခဲ့သည်။ ထို့နောက်တွင်မူ ဩဂုတ် ၂၁ ရက်၌ မြောက်ကိုရီးယားက မိမိတို့၏ စစ်တပ်များကို အမြင့်ဆုံးအဆင့် နှိုးဆော် တပ်လှန့်ထားကြောင်း ကြေညာခဲ့သည်။
ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာသည့်နောက် နှစ်နိုင်ငံ ထိပ်တန်းအဆင့် ကိုယ်စားလှယ်များ ဆွေးနွေးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ကို အမျိုးသား လုံခြုံရေး အကြံပေး ကင်မ်ကွမ်ဂျင်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဟွမ်ယောင်ပြိုတို့က ဦးဆောင်မည် ဖြစ်သည်။ မြောက်ကိုရီးယားကမူ ၎င်းတို့၏ ထိပ်တန်း အရာရှိများဖြစ်သည့် ဟွမ်ပြောင်ဆိုနှင့် ကင်မ်ယောင်ဂုံတို့ကို စေလွှတ်ရန် ရွေးချယ်ထားသည်။
မြောက်ကိုရီးယားက တောင်ကိုရီးယား နယ်စပ်ရှိ လော်စပီကာများကို ဖျက်သိမ်းပေးရန် ရာဇသံ ပေးထားပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်း မလိုက်လျောပါက ယင်းတို့ကို ပစ်ခတ် ဖျက်ဆီးသွားမည်ဟု ရာဇသံ ပေးထားသည်။ မြောက်ကိုရီးယားသည် ၎င်းတို့၏ လက်နက်ကြီး ယူနစ်များကိုလည်း နယ်စပ်အနီးသို့ ရွှေ့ပြောင်း နေရာချထားသည်။
တောင်ကိုရီးယားသည် နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေချိန်တွင် နယ်စပ်အနီး နေထိုင်သည့် ဒေသခံ ၄၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးထားကြောင်းလည်း သိရှိရသည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။