ကိုရီးယားတွင် တရားဝင်လုပ်ကိုင်ဖူးသူများ မြန်မာနိုင်ငံရှိ ကိုရီးယားပိုင်လုပ်ငန်းများ၌ လုပ်ကိုင်လိုက ချိတ်ဆက်ပေးမည်ဟုဆို


ရန်ကုန်လေဆိပ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ သတင်းပို့နေရာတွင် လုပ်သားအချို့ကို တွေ့ရစဉ်/ဓာတ်ပုံ - နစ်ကီ
ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်ခဲ့သူများ ပြည် တွင်းရှိ ကိုရီးယားနိုင်ငံသားပိုင် လုပ်ငန်းများ၌ ၀င်ရောက်လုပ်ကိုင်နိုင်မည်ဟု သတင်းရရှိသည်။

ကိုရီးယားနိုင်ငံတွင် တရား ၀င်သွားရောက်လုပ်ကိုင်ခဲ့ပြီး သက်တမ်းပြည့်၍သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်သော် လည်းကောင်း ဆက်လက်မလုပ်ကိုင်ဖြစ်တော့ဘဲ တရားဝင်ခွင့် ပြုချက်ဖြင့် ပြန်လည်ရောက်ရှိလာ သူများ  ပြည်တွင်းရှိ ကိုရီးယားနိုင်ငံသားပိုင် အလုပ်ရုံများတွင် ၀င်ရောက်လုပ်ကိုင်လိုပါကချိတ်ဆက် ပေးမည်ဟု တောင်ကိုရီးယားနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန လူ့စွမ်းအားအဖွဲ့အ စည်းဌာနေကိုယ်စားလှယ် မစ္စတာ ချွိုင်လီကပြောသည်။
‘‘ပြန်ရောက်ပြီးလို့ ဟိုမှာလုပ် ခဲ့တဲ့အလုပ်အတွေ့အကြုံနဲ့ ဒီမှာပဲ လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဒီမှာရှိတဲ့ ကိုရီးယားလုပ် ငန်းတွေနဲ့ မိတ်ဆက်ပေးသွားမှာ ပါ’’ဟု မစ္စတာချွိုင်လီကပြော သည်။
သို့သော် ပြည်တွင်းတွင် ပြန်လည်လုပ်ကိုင်ပါက ရရှိနိုင်မည့် လုပ်ခလစာနှင့် အကျိုးခံစားခွင့်မှာ မည်မျှရှိနိုင်သည်ဆိုသည်ကိုမူ အာမခံပြောကြားခြင်းမရှိပေ။
၎င်းတို့အနေဖြင့် ကိုရီးယား နိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်သည့်သူများ ရပိုင်ခွင့်နှင့်အာ မခံချက်ရှိနိုင်မည့် အခွင့်အရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေး ခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုရီးယားနိုင်ငံတွင် သွား ရောက်လုပ်ကိုင်ခဲ့ပြီး ရရှိသင့် သည့် အာမခံကြေးများ ထုတ်ယူခဲ့ မှုမရှိခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပါက သက်ဆိုင်သည့် အာမခံလျော် ကြေးရရှိပြီးဖြစ်သော်လည်းမြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး နောက် ဒဏ်ရာမှ နောက်ဆက်တွဲ ဝေဒနာဆက်လက်ဖြစ်ပေါ်လာပါ က ဆေးကုသမှုအတွက် အကျိုးခံ စားခွင့်များ ဆက်လက်ရရှိစေရန် ကူညီမှုများပြုလုပ်မည်ဟု မစ္စတာ ချွိုင်လီကပြောသည်။
ကိုရီးယားနိုင်ငံကို နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်ဖြင့် အလုပ်သမားစေလွှတ်မှုကိုအစိုးရ က တာဝန်ယူ လုပ်ဆောင်နေခဲ့ ခြင်း ငါးနှစ်တာကာလအတွင်းမြန် မာအလုပ်သမားဦးရေ ၁၇,၀၀၀ ခန့် ပေးပို့ထားနိုင်ခဲ့ပြီးဖြစ်သည်။
ကိုရီးယားနိုင်ငံမှ နိုင်ငံခြား သားလုပ်သားခေါ်ယူသည့်နိုင်ငံ ၁၅ နိုင်ငံရှိသည့်အနက် မြန်မာ လုပ်သားခေါ်ယူခန့်အပ်မှုမှာ အ ဆင့်(၅)နှင့်(၆)တွင် ပုံမှန်ရပ်တည် နေပြီး ဘင်္ဂလားဒေ့ရှ်နှင့်နီပေါနိုင်ငံတို့သည် ထိပ်ဆုံးတွင် ရပ်တည်နေ သည်။
ယင်းနိုင်ငံမှ အလုပ်သမား ခေါ်ယူပုံ ပြောင်းလဲမှုအဖြစ် လုပ် ငန်းကျွမ်းကျင်မှု စာမေးပွဲစစ်ဆေးခြင်းကိုပါ ပြုလုပ်တော့မည်ဖြစ်ပြီး စတင်စမ်းသပ်အကောင်အထည်ဖော်မှုကို မြန်မာနိုင်ငံ၌ စတင်ပြု လုပ်မည်ဖြစ်သည်။
ယင်းစမ်းသပ်မှုအတွက်လုပ် သားဦးရေ ၁,၅၀၀ ခန့် ခေါ်ယူ နိုင်ရေး လျာထားချက်ရှိနေသည် ဟု အစိုးရပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီမှ သတင်းရရှိ သည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။