မျက်နှာကို ဖုံးကွယ်မထားဘဲ ပထမဆုံးအကြိမ်အဖြစ် ဂျီဟတ်ဒီဂျွန် လူလုံးပြ

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ပါးကွက်သား ဂျီဟတ်ဒီဂျွန်သည် ၎င်း၏ မျက်နှာကို ဖုံးကွယ်ခြင်း မရှိဘဲ ပထမဆုံးအကြိမ်အဖြစ် ပြသပြီး ဗြိတိန်သို့ ပြန်လာကာ အကြမ်းဖက် သတ်ဖြတ်မှုများ ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

တစ်မိနစ်ကျော် ကြာမြင့်သည့် ဗီဒီယို တစ်ခုတွင် အသက် ၂၇ နှစ်အရွယ်ရှိ ပါးကွက်သားသည် အနက်ရောင် ခေါင်းဆောင်းတစ်ခုကို ဝတ်ဆင်ထားသော်လည်း မျက်နှာကို ဖုံးကွယ်မထားသည်ကို တွေ့ရသည်။ အိုင်အက်စ်တို့ ဖမ်းဆီးထားသည့် နိုင်ငံခြားသား ဓားစာခံများကို ခေါင်းဖြတ် ကွပ်မျက်ခဲ့မှုကြောင့် နာမည်ဆိုးဖြင့် ကမ္ဘာသိ ထင်ရှားခဲ့သည့် ဂျီဟတ်ဒီဂျွန်သည် လန်ဒန်တွင် နေထိုင်သည့် မိုဟာမက် အမ်ဝါဇီဖြစ်ကြောင်း နောက်ပိုင်းတွင် ဖော်ထုတ် သိရှိလာခဲ့သည်။
ဂျီဟတ်ဒီဂျွန်သည် နောက်ပိုင်းကာလများတွင် အိုင်အက်စ်တို့နှင့် ဆက်ဆံရေး ပျက်ပြားသွားကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါ ဗီဒီယိုထဲတွင်မူ မိမိသည် အစ္စလာမ်မစ် ခေါင်းဆောင် (ခါလီဖာ)နှင့်အတူ လန်ဒန်သို့ ပြန်လာပြီး မွတ်ဆလင် မဟုတ်သူ (ကူဖာ)များကို ကွပ်မျက်မည်ဟု ခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။
“ကျုပ်က မိုဟာမက် အမ်ဝါဇီပဲ။ သိပ်မကြာခင်မှာ ခါလီဖာနဲ့အတူ ဗြိတိန်ကို ပြန်လာမယ်။ ကူဖာတွေ အားလုံးကို သတ်မယ်။ သူတို့ရဲ့ ခေါင်းပြတ်တွေကို ကျုပ်ယူလာမယ်”ဟု ဗီဒီယိုထဲတွင် ဂျီဟတ်ဒီဂျွန်က ပြောကြားထားသည်။
ကူဝိတ်နိုင်ငံတွင် မွေးဖွားသည့် အမ်ဝါဇီသည် လန်ဒန်တွင် ကွန်ပျူတာ ပညာရပ်ဖြင့် ဘွဲ့ရထားသည့် ခေတ်ပညာတတ် တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် အနောက်နိုင်ငံသား ၇ ဦးအပြင် အနည်းဆုံး ဆီးရီးယား အစိုးရစစ်သည် ၁၇ ဦးကို ခေါင်းဖြတ် ကွပ်မျက်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။