နှစ်နိုင်ငံနယ်စပ်ဒေသ တွင် စက်မှုဇုန်များ ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဘက်က အဆင်သင့် ဖြစ်နေကြောင်း ထိုင်းဝန်ကြီးချုပ် က မြန်မာ့တပ်မတော် ကာကွယ် ရေးဦးစီးချုပ်အား သြဂုတ် ၂၇ ရက်က ပြောကြားခဲ့သည်။
တတိယအကြိမ် ထိုင်း- မြန်မာ အဆင့်မြင့်ကော်မတီ အ စည်းအဝေးတွင် ဘန်ကောက်သို့ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်းဝန် ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံဘက်ခြမ်းတွင် စက်မှု ဇုန်များ မကြာမီဖွင့်လှစ်နိုင်ရေး မျှော်လင့်သည်ဟုလည်း ပရာ ယွတ်က ဆိုသည်။ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က မည်ကဲ့သို့ ပြန်လည်ပြောကြားခဲ့သည် ဆို သည်ကိုမူ မထုတ်ပြန်ပေ။
ထိုင်း-မြန်မာ နယ်စပ်အနီး ကန်ချနာဘူရီခရိုင်အတွင်းတွင် ဧက ၄၀,၀၀၀ ရှိ စက်မှုဇုန်တည်ဆောက်ရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက စီစဉ်ခဲ့ပြီး ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေဖြင့်လည်း ယင်းအတွက် ဆွေးနွေးမှုများရှိခဲ့သည်။ ကန်ချနာဘူရီခရိုင်တွင်းရှိ ဧက ၄၀,၀၀၀ ကျယ်ဝန်းသည့် စက်မှုဇုန်သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ ထားဝယ်အထူးစီးပွားရေး ဇုန်ရေနက်ဆိပ် ကမ်းစီမံကိန်းနှင့် မိုင် ၁၀၀ ခန့် သာကွာဝေးမည်ဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းသည် ကရင်လက်နက်ကိုင်အဖွဲ့(KNU)တပ်မဟာ-(၄)နှင့် မျက်နှာချင်း ဆိုင်၌တည်ရှိနေသည်။
ထိုင်းစစ်အာဏာသိမ်းခေါင်း ဆောင် ဗိုလ်ချုပ်ကြီးပရာယွတ် နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ သြဂုတ် ၂၇ ရက်က တွေ့ ဆုံစဉ်အတွင်း ပရာယွတ်က မြန်မာနိုင်ငံအား ဆန့်ကျင်သော အဖွဲ့အစည်းများကို ထိုင်းနိုင်ငံက အားမပေးကြောင်း ပြောကြားခဲ့ သည်။ ထို့အတူ နယ်စပ်လုံခြုံရေး နှင့် ပတ်သက်ပြီး ပူးပေါင်းဆောင် ရွက်မည်ဟုလည်း ထုတ်ပြန်ချက်၌ တွေ့ရသည်။
မြန်မာနှင့် ထိုင်းအနေဖြင့် နယ်စပ်တစ်လျှောက်တွင် အထူး စီးပွားရေးဇုန်အနည်းဆုံးခြောက် ခုခန့်တည်ဆောက်ရန် သဘော တူထားမှုရှိသည်။ ထိုင်းနိုင်ငံဘက် ခြမ်း တက်ခ်ခရိုင်ရှိ မဲဆောက်၊ မဲရမတ်နှင့် ဖော့ဖရားဒေသများ၊ ကန်ချနာဘူရီရှိခရိုင်ရှိ ဆင်းခရွန်၊ ချင်းရိုင်ခရိုင်ရှိ မယ်ဆိုင်ဒေသတို့ တွင် အထူးစီးပွားရေးဇုန်များတည် ဆောက်ရန်၊ မြန်မာဘက်ခြမ်းတွင် ကရင်ပြည်နယ် မြ၀တီနှင့်ဘားအံ၊ မွန်ပြည်နယ် မော်လမြို့တို့တွင် တည်ဆောက်ရန် စီစဉ်ထားခဲ့ကြ သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။