စစ်တွေ ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီများကို တပ်မတော်ယာဉ်ဖြင့် ခိုးထုတ် ပို့ဆောင်ဟုဆို

ရန်ကုန်၊ သြဂုတ် ၂၄

ရန်ကုန်မြို့အတွင်း ခိုးဝင်လာသော ဘင်္ဂါလီများကို ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းမှ တပ်မတော်ယာဉ်ဖြင့် ခိုးထုတ် ပို့ဆောင်ခဲ့သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ သောကြောင့် ယင်းပြစ်မှုနှင့် ပတ်သက်၍ ပါဝင်သူများကို အရေးယူနိုင်ရန် စုံစမ်း ဆောင်ရွက်နေကြောင်း ရန်ကုန် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

“ဖမ်းမိတဲ့ ဘင်္ဂါလီတွေကို စစ်ဆေးတော့ သူတို့အဖွဲ့ကို တစ်ယောက်ကို ၁၂ သိန်းနဲ့ စစ်တွေ ကယ်ဆယ်ရေးစခန်း ကနေ စစ်ကားနဲ့ ပန်းတောင်းမြို့အထိ တင်ခေါ်လာတာလို့ သိရတယ်။ ပန်းတောင်းရောက်မှ အိမ်စီးကားတွေပေါ် ပြောင်းပြီး ရန်ကုန်မြို့ဆီ ခေါ်လာချိန်မှာ အဖမ်းခံရတာလို့ သိရတာကြောင့် ပြစ်မှုနဲ့ ပတ်သက်သူတွေကို ဖော်ထုတ်နိုင်ဖို့ ဆက်လက် စုံစမ်းနေတယ်” ဟု ဘင်္ဂါလီများကို ဖမ်းဆီးမိခဲ့သော မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းမိသည့် ဘင်္ဂါလီလူမျိုး များမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သက္ကယ်ပြင်နှင့် သဲချောင်း ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်သူများဖြစ်ပြီး သြဂုတ်လ ၂၀ ရက် ည ၁၀ နာရီက ဘင်္ဂါလီလူမျိုး ၂၉ ဦးကို တာလပတ် အလုံပိတ်ထားသော စစ်ရောင် FAW အမျိုးအစား ယာဉ်တစ်စီးဖြင့် တင်ဆောင်ကာ ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း အမ်းမြို့ဖြတ်ကာ ပန်းတောင်းမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ပန်းတောင်းတွင် အသင့် စောင့်ဆိုင်းနေသော မော်တော်ယာဉ် သုံးစီးထံ လွှဲပြောင်းပေးခဲ့ကြောင်း ဖမ်းမိသူများ၏ ထွက်ဆိုချက်များကို ကိုးကား၍ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြန်လည် ပြောကြားသည်။

“ကလေးတစ်ယောက် ခြောက်သိန်း၊ လူကြီးတစ်ယောက် ၁၂ သိန်းနဲ့ ရန်ကုန်မြို့အရောက် ပို့ပေးမယ်ဆိုပြီး ခေါ်လာတာလို့ သိရတယ်၊ ပန်းတောင်းမြို့ အထိ လိုက်ပို့ခဲ့တဲ့ စစ်ကားပေါ်မှာ ၁၁ ယောက် ကျန်ခဲ့ပြီး အိမ်စီးကား သုံးစီးနဲ့ သယ်လာတဲ့ ဘင်္ဂါလီ ၁၈ ယောက်က ၁၀ ယောက်ပါလာတဲ့ ကားတစ်စီးကို မှော်ဘီ အမှတ် (၄) လမ်းဆုံမှာ ဖမ်းမိခဲ့တယ်။ လွတ်သွားတဲ့ ကားနှစ်စီးကို ဖမ်းမိဖို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဘင်္ဂါလီ ၁၀ ဦး တင်ဆောင်လာသည့် ပရိုဘောက် ယာဉ်မောင်း သန့်ဇင်ထွန်း (အသက် ၂၇ နှစ်) အား ဆက်လက်စစ်ဆေးရာ တပ်မတော်ယာဉ်ကို မောင်းနှင်သူနှင့် လွတ်မြောက်သွားသော ယာဉ်နှစ်စီးမှ ယာဉ်မောင်းများ၏ အမည်နှင့် နေရပ် လိပ်စာများကို စုံစမ်းသိရှိရသောကြောင့် ၎င်းတို့ကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များထံ သတင်း ပေးပို့ထားကြောင်း ရန်ကုန် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

http://www.thevoicemyanmar.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။