ကိုးကန့်ပြန် အစိုးရစစ်ယာဉ်တန်း ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရ

By နန်းမြနဒီ 20 August 2015

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်ကနေ ပြန်လာတဲ့ အစိုးရ စစ်ယာဉ်တန်းဟာ လားရှိုးမြို့နယ်အတွင်း ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရလို့ ရဲဘော် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။10984474_821190314625277_6273886773392079694_n
သြဂုတ် ၁၈ ရက် မနက် ၈ နာရီအချိန်က သံချပ်ကာကားတွေပါတဲ့ အစိုးရတပ် စစ်ယာဉ်တန်း ၈ စီးလောက်ဟာ ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်ကြား နမ့်ဟူးရွာ မရောက်ခင် ၁ မိုင်လောက်အလိုမှာ ဆွဲမိုင်းမိသွားတာလို့ စစ်ယာဉ်တန်းနောက်ကနေ မောင်းနှင်လာတဲ့ ခရီးသည်တင်ကားသမား ဦးကိုလေးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော့်ကားက ကွတ်ခိုင်နဲ့ လားရှိုးကြား နေ့ချင်းပြန်ဆွဲနေတာပါ။ အဲဒီနေ့က ခရီးသည်တွေထဲမှာ လားရှိုးကို ဆေးသွားကုမယ့်လူလည်း ပါတယ်။ ရုံးကိစ္စသွားမယ့် လူလည်းပါတယ်။ သူတို့ အချိန်မမီမှာစိုးလို့ စစ်ယာဉ်တန်းကို ကျနော်က ကျော်တက်ပြီး မောင်းလာခဲ့တယ်။ ၂ စီးကျော်သွားတဲ့အခါ အကွေ့နားရောက်တော့ ဗုံးဆိုတဲ့အသံ ကြားရတယ်၊ သိပ်တော့ မကျယ်ဘူး၊ ကျနော့်ကား တာယာပေါက်သွားပြီဆိုတာ သိလိုက်တယ်။ အရှေ့က သွားနေတဲ့ စစ်ကားတစီးပေါ်က ရဲဘော်တယောက်လည်း လွင့်ပြီးပြုတ်ကျလာတယ်။ အဲဒါနဲ့ ကျနော်လည်း ကြောက်ပြီး ပေါက်နေတဲ့ဘီးနဲ့ပဲ နမ့်ဟူးရွာကို ရောက်အောင်မောင်းလာခဲ့တယ်။ အဲဒီမှာ ရွာသူကြီးတွေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တိုင်ကြားခဲ့တယ်။”
ရွာရောက်တော့ သူ့ကားကို စစ်ဆေးကြည့်တာ ကားရှေ့မှန်၊ ဘေးမှန်တွေပါ ကွဲပြီး ကားဘော်ဒီမှာလည်း ကျည်ပေါက်ရာလို အပေါက် ၂၀ လောက် တွေ့တယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီနောက် တပ်မတော်ယာဉ်တန်းက အရာရှိတွေ ရောက်လာပြီး သူ့ရဲ့ ကိုယ်ရေးရာဇ၀င်၊ မှတ်ပုံတင်နံပါတ်နဲ့ ကားကို ဓာတ်ပုံရိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အစိုးရစစ်ယာဉ်တန်းဟာ အဝေးထိန်းခလုတ်ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် စစ်သည် ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်တပ်အရာရှိရဲ့ ပြောပြချက်အရ သိရကြောင်း ဦးကိုလေးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သက်ဆိုင်ရာ စစ်တပ်နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
____DVB
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။