ထိုင်းအစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာသည့် လေးမျက်နှာနတ်ကွန်းအနီး ဗုံးပေါက်ကွဲမှု

ဧရာဝဏ် လေးမျက်နှာ ဟိန္ဒူနတ်ကွန်းတွင် ဆုတောင်းနေသူတစ်ဦးကိုတွေ့ရစဉ် (ဓာတ်ပုံ−ရိုက်တာ)
သြဂုတ် ၁၇ ရက် ညပိုင်း က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ဧရာဝဏ် လေးမျက်နှာ ဟိန္ဒူနတ် ကွန်းတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ လူပေါင်း ၂၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည့် အဆိုပါ ဖြစ်ရပ်သည် နိုင်ငံသမိုင်းတွင် အဆိုးဆုံးသော အကြမ်းဖက် တိုက်ခိုက်ခံရမှုတစ်ခုဟု ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဆိုသည်။ ထို့အပြင် အဆိုပါ ဗုံး ပေါက်ကွဲမှုသည် ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနှင့် တရားဥပဒေ စိုးမိုးရေးကဏ္ဍတို့ ကို အကြီးအကျယ်ခြိမ်းခြောက် လာသည့် စိန်ခေါ်မှုတစ်ခုလည်း ဖြစ်လာခဲ့သည်။
ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ၁၆ လတာအတွင်း စစ်တပ်အာ ဏာသိမ်းမှုများ၊ နိုင်ငံရေး အကျပ် အတည်းများနှင့် ကြုံခဲ့သော်လည်း ကမ္ဘာလှည့် ခရီးသွားများ အတွက် အလုံခြုံ ဘေးအကင်းဆုံးနေရာ တစ်ခု ဖြစ်သည်ဆိုသော ပုံရိပ် ကောင်းကိုမူ ထိန်းသိမ်းထားနိုင် ခဲ့သည်။
ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွား အများအပြားစည်ကား နေသည့် နေရာမျိုးကို အကြမ်း ဖက် တိုက်ခိုက်မှုမျိုး အလွန်နည်း ပါးသည်။ နောက်ဆုံး ကြုံခဲ့ဖူး သည့် အဓိကအကြမ်းဖက်မှု မှာ ၂၀၀၆ ခုနှစ်၊ နှစ်သစ်ကူး ကာလ တွင်ဖြစ်ပြီး ဘန်ကောက်တွင် ပေါက်ကွဲမှု ရှစ်ကြိမ်ဆက် ဖြစ် ပွားရာ လူသုံးဦး သေဆုံးခဲ့သည်။
ဩဂုတ် ၁၇ ရက် ဗုံးခွဲမှု နှင့် ပတ်သက်၍ နောက်ကွယ်မှ စေ့ဆော်မှု အဓိက အကြောင်း ရင်းကို တိတိကျကျ မသိရသေး ချေ။ ထိုင်းနိုင်ငံ တောင်ပိုင်းမှ ခွဲထွက်ရေး လှုပ်ရှားနေသည့် အစ္စလာမ်မစ် အစွန်းရောက်သူပုန် များ၏ လက်ချက်ဟု စွပ်စွဲမှုများ ရှိနေသကဲ့သို့ စစ်တပ်၏ ဖြိုခွင်း ဖယ်ရှားမှုကို ခံခဲ့ရသည့် နိုင်ငံရေး အင်အားစုများက စီမံခြင်းဟု ခန့် မှန်းမှုများလည်း ထွက်ပေါ်နေ သည်။
မည်သို့ပင်ဖြစ်စေ ယခုဖြစ် ရပ်သည် ထိုင်းတွင် အငြင်းပွား ဖွယ် ဥပဒေ ကန့်သတ်ချက်အချို့ ပြဋ္ဌာန်းပြီး တရားဥပဒေ စိုးမိုးရေး ကို ထူထောင်နေကြောင်း အသံ ကောင်းဟစ်နေသည့် စစ်တပ် အစိုးရအတွက် ကြီးမားသည့် ထိုး နှက်ချက်တစ်ခု ဖြစ်လာသည်မှာ သေချာသည်။
ဗုံးပေါက်ကွဲမှု အပြီးတွင် ဧရာဝဏ် နတ်ကွန်းနှင့် အနီးတစ် ဝိုက်တွင် သွေးအလူးလူးနှင့် အ လောင်းများ ပြန့်ကျဲသွားကြောင်း မျက်မြင်များက ဆိုသည်။
ထိုင်းမီဒီယာများကလည်း အခင်းဖြစ်ရာ နေရာအနီး ဆိုးရွား စွာ ပျက်စီးမီးလောင်သွားသည့် ဆိုင်ကယ်များ၊ ဆေးရုံသို့ လူနာ များ အရေးတကြီး တင်ပို့နေပုံများ ကို ထုတ်လွှင့် ပြသခဲ့သည်။ နောက်တစ်နေ့ ဩဂုတ် ၁၈ ရက် တွင် ဘန်ကောက်ရှိ ကမ္ဘာလှည့် ခရီးသည်များ သွားရောက် လည် ပတ်လေ့ရှိရာ နေရာတစ်ခု ဖြစ် သည့် ဆက်သွန်ဆိပ်ခံတံတားအ နီး၌ အသေးစားဗုံးပေါက်ကွဲမှုတစ် ခု ထပ်မံ ဖြစ်ပွားပြန်သော်လည်း အထိအခိုက် အသေအပျောက် မရှိခဲ့ချေ။
ယခုကဲ့သို့ ဘန်ကောက် တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်း က ကမ္ဘာလှည့် ခရီးသွား များ၏ လုံ ခြုံမှုအတွက် ယုံကြည်အားကိုးမှု ပုံရိပ်ကို ပြင်းပြင်းထန်ထန် ထိ ခိုက်လာစေပြီ ဖြစ်သည်။
‘‘ဒါဟာ ထိုင်းနိုင်ငံရဲ့ စီး ပွားရေးနဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗုံးကွဲမှုဟာ ကမ္ဘာ လှည့် ခရီးသွား ကဏ္ဍရဲ့ ဗဟိုချက် ရပ်ဝန်းကို ထိခိုက်ခဲ့တာလေ’’ ဟု ထိုင်းကာကွယ်ရေး ဝန်ကြီး ပရာဝစ် ဝမ်ဆူဝမ်က ရိုက်တာ သတင်းဌာနအား ပြောကြားခဲ့ သည်။
‘‘အခုလောလောဆယ်ထိ ဘယ်အဖွဲ့အစည်းက ဘာအ တွက်ကြောင့် လုပ်တယ်ဆိုတာကို မသိသေးဘူး။ ဒီဖြစ်ရပ်မှာ နိုင်ငံ ရေး အယူအဆ လှုံ့ဆော်မှု တစ် ခုခုပါသလား ဆိုတာလည်း အ တိအကျ မပြောနိုင်သေးဘူး။ ဒါ ပေမဲ့ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးကို တိုက်ခိုက်တာပဲ။ ဒီအကြမ်းဖက်မှုအတွက် ရေဆုံး မြေဆုံး စုံစမ်းဖော်ထုတ်သွား မယ်’’ ဟုလည်း ၎င်းက ဆိုသည်။
‘‘ဗုံးကတော့ ပိုက်ဗုံးအမျိုး အစားပဲ။ နတ်ကွန်းရဲ့ ဝတ်ပြု ဧရိယာ ဝင်းထဲမှာ ချသွားတာ။ ဗုံးထောင်တဲ့ လုပ်ရပ်ကတော့ တကယ့်ကို ရက်စက်ပြီး လူမဆန် လွန်းတာပါပဲ။ ညပိုင်း ၇ နာရီ လောက် အချိန်ဆိုတာ နတ်ကွန်း ထဲမှာ ဝတ်ပြုနေတဲ့ သူတွေအ များကြီး စည်ကားနေမှန်း လူ တိုင်းသိတယ်။ အဓိပ္ပာယ်ကတော့ လူတွေ တတ်နိုင်သမျှ များများ သေအောင် အချိန်ရွေးပြီး ဗုံးခွဲ သွားတာပဲ’’ဟု ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဆွမ်ယတ် ပွန်ပန မောင်းက မှတ်ချက်ပြုခဲ့သည်။ သတင်းများက အဆိုပါဗုံးသည် ပိုက်ထဲတွင် TNT ယမ်းပျော့ သုံး ကီလိုဂရမ်မျှ ထည့်သွင်း ပြုလုပ် ထားခြင်း ဖြစ်နိုင်ကြောင်း ဖော် ပြခဲ့ကြသည်။
ထိုင်းရဲတပ်ဖွဲ့သည် နတ် ကွန်းနှင့် အနီးတစ်ဝိုက်တွင် တပ် ဆင်ထားသည့် လုံခြုံရေးကင်မရာ များကို စစ်ဆေးပြီး သံသယ တရားခံကို ချက်ချင်းရှာဖွေသည်။ နတ်ကွန်း အနီးတစ်ဝိုက်တွင် အ ပျော်တမ်း ဗီဒီယို ရိုက်ထားသူ များကလည်း ရဲတပ်ဖွဲ့ကို ပူး ပေါင်း ကူညီကြသည်။ ထို့နောက် တွင်တော့ အင်္ကျီအဝါရောင် ဝတ် ထားသူ အမျိုးသား တစ်ဦးသည် သံသယရှိစရာ အကောင်းဆုံး အဖြစ် ထွက်ပေါ်လာခဲ့သည်။ ၎င်း သည် အရောင်ရင့်ရင့် ကျော ပိုးအိတ် တစ်လုံးကို လွယ်လာ ပြီး နတ်ကွန်းအနီး ခုံတန်းတစ်ခု ပေါ်တွင် ကျောပိုးအိတ်ကို ချ ထားခဲ့သည်။ အဆိုပါ နေရာမှ ၎င်းပြန်ထွက်ခွာသွားပြီးနောက် ပေါက်ကွဲမှုကြီး ပေါ်ပေါက်လာ ခြင်း ဖြစ်သည်။
ထိုဗီဒီယို မှတ်တမ်း ပုံရိပ်များ ကို ထိုင်းမီဒီယာများက ဖော်ပြခဲ့ သည့်နောက် ဝိုးတိုးဝါးတား တွေ့ မြင်ရသူသည် ထိုင်းနိုင်ငံရောက် ဩစတြေးလျ မော်ဒယ်လ် ဆန်နီ ဘန်းစ်ဖြစ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာရာ ကာယကံရှင်က ရဲများထံ သွားရောက် ဖြေရှင်းခဲ့ရ သည်။
‘‘လူမှုကွန်ရက် ဝက်ဘ်ဆိုက် တွေမှာ အကြမ်းဖက်သမားက ကျွန်တော်ပါလို့ စွပ်စွဲရေးသား နေတာတွေ တွေ့ရတယ်။ တချို့ ကလည်း တကယ်ထင်နေတယ်။ ကျွန်တော့် လုံခြုံရေးအတွက်ပါ စိုးရိမ်လာရတော့ ရဲတွေဆီ သွား တွေ့ဖို့ကလွဲရင် တခြားဖြေရှင်း စရာ မရှိတော့ဘူးလေ’’ ဟု ရဲ တပ်ဖွဲ့ အစောင့်အရှောက်ဖြင့် နေထိုင်နေရသည့် ဘန်းက ဖွင့်ဟ ခဲ့သည်။
ဩဂုတ် ၁၉ ရက်တွင်မူ ထိုင်း ရဲတပ်ဖွဲ့သည် ဗီဒီယိုမှတ် တမ်း များနှင့် မျက်မြင်သက်သေများ ၏ အကူအညီကို ရယူပြီး သံသယ တရားခံ၏ ပုံကြမ်းကို ထုတ်ပြန် ခဲ့သည်။ ၎င်းသည် ကော်ကေးရှန်း (သို့မဟုတ်) အာရှနွယ်ဖွားတစ်ဦး ဖြစ်နိုင်ပြီး အသက် ၂၀ ကျော်မျှ ဖြစ်ဖွယ်ရှိသည်။ ၎င်းသည် ထိုင်း နိုင်ငံသား တစ်ဦး ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ အတိအကျ မသိရ သေးချေ။ ထိုင်းရဲတပ်ဖွဲ့က အ ဆိုပါ သံသယ တရားခံနှင့် ပတ် သက်၍ သတင်းပေးနိုင်သူ မည် သူကိုမဆို ဘတ်ငွေ တစ်သန်း ဆု ကြေးပေးသွားမည်ဟုလည်း ကြေ ညာခဲ့သည်။
သို့သော် အရေးပါသည့်မေး ခွန်းတစ်ခုမှာ အဆိုပါအကြမ်းဖက် မှုကို လူတစ်ဦးတည်းက ကျူးလွန် ခြင်း ဟုတ်၊ မဟုတ် ဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့သည် လုံခြုံရေး ဗီ ဒီယို မှတ်တမ်းများကို ပြန်လည် လေ့လာပြီးနောက် နောက်ထပ် မသင်္ကာသူ နှစ်ဦးကိုပါ ထပ်မံ တွေ့ရှိထားကြောင်း သတင်းများ က ဖော်ပြခဲ့သည်။
ဩဂုတ် ၁၉ ရက် နံနက်ပိုင်း တွင်မူ ပေါက်ကွဲမှု ဖြစ်ပွားရာ ဟိန္ဒူနတ်ကွန်းကို ပြန်လည် ဖွင့် လှစ်ထားပြီ ဖြစ်သည်။ ထိုနေရာ တွင် လုံခြုံရေး တင်းတင်းကျပ် ကျပ် စောင့်ကြည့်နေမှု မရှိသလို ဝင်ထွက်သွားလာသူများကို ခေါ် ယူစစ်ဆေးမှု တစ်စုံတစ်ရာမပြု လုပ်ဘဲ လွတ်လွတ်လပ်လပ်ပင် ခွင့်ပြုထားသည်။
ဩဂုတ် ၁၈ ရက် နံနက်ပိုင်း အထိ သွေးအလူးလူးနှင့် အ လောင်းများကို မရှင်းလင်းရသေး ဘဲ ရှိခဲ့သည့် နေရာသည် မည်သည့် အနိဋ္ဌာရုံမျှ မဖြစ်ခဲ့သလို တည် ငြိမ် အေးချမ်းနေသည်။ ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတိပေး နေသည့် အရာဟူ၍ နတ်ဘုရား ရုပ်တု၏ အတန်ငယ် ပျက်စီးနေ သည့် မျက်နှာမျှသာ ရှိသည်။
အဓိက ခြားနားမှုမှာ လူပေါင်း များစွာဖြင့် စည်ကားသိုက်မြိုက် နေတတ်သည့် နတ်ကွန်းနေရာ တွင် လာရောက်ဝတ်ပြုသူ၊ အမွှေး တိုင်ထွန်းညှိသူ အရေအတွက် သိသိသာသာ နည်းပါးသွားခြင်း ဖြစ်သည်။ အဆိုပါ အခြေအနေ သည် ဧရာဝဏ် နတ်ကွန်း၏ ဖြစ်စဉ်ကိုသာမကဘဲ ထိုင်းကမ္ဘာ လှည့် ခရီးသွားလုပ်ငန်းကြီး တစ် ခုလုံး၏ ပုံရိပ်ကိုပါထင်ဟပ်စေ သည်။ ဘန်ကောက်ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကမ္ဘာလှည့်ခရီး သွား အများအပြားသည် ထိုင်း နိုင်ငံသို့ လာရောက်လည်ပတ်ရန် အစီအစဉ်များကို ဖျက်သိမ်းလိုက် ကြကြောင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများက ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံ၏ ဝင်ငွေစုစု ပေါင်းအနက် ၉ ရာခိုင်နှုန်းသည် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိနေခြင်း ဖြစ်သည်။ ထို့အပြင် အဆိုပါ လုပ်ငန်းတွင် ထိုင်းနိုင်ငံ ၏ လုပ်သားရင်းမြစ် အမြောက် အမြား မှီခိုနေသည်။ ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုက်ခိုက်ခံရခြင်းသည် ထိုင်း နိုင်ငံ၏ စီးပွားရေးကို ထိထိမိမိ တိုက်ခိုက်ခြင်းဟုလည်း ယူဆနိုင် သည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် က ‘‘ဗုံးသမားကို ကျွန်တော်ပြော ချင်တာကတော့ ဘေးအကင်း ဆုံး နေထိုင်ချင်တယ်ဆိုရင် တာ ဝန်ရှိသူတွေဆီမှာ သူ့ကိုယ်သူ လာအဖမ်းခံဖို့ပါပဲ။ သူ့ကို အ ကာအကွယ် ပေးဖို့ဆိုတာ ရဲတွေ ကပဲ တတ်နိုင်မယ့် ကိစ္စပါ’’ ဟု ပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း ပြီး ပရာယွတ်က ‘‘ထိုင်းနိုင်ငံ သမိုင်းမှာတော့ အဆိုးဆုံး ဖြစ်ရပ် တစ်ခုပဲ။ အရင်က အသေးစား ဗုံးခွဲမှုလေးတွေ၊ ဆူဆူညံညံ ဖြစ် ရုံလေးတွေလောက်ပဲ ရှိခဲ့တာ။ အခုတစ်ခါကတော့ လူတွေသေ အောင် ရည်ရွယ်ချက်ရှိရှိ လုပ် လာတာပါ။ အကြမ်းဖက်သမား တွေဟာ ကျွန်တော်တို့ရဲ့ စီးပွား ရေး၊ ကျွန်တော်တို့ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ဖျက်ဆီးချင် နေတာ ဖြစ်ပါတယ်’’ ဟု မှတ် ချက်ပေးခဲ့သည်။
ပရာယွတ် ပြောကြားသကဲ့ သို့ပင် ယခုဗုံးပေါက်ကွဲမှုသည် ထိုင်း၏ အဓိက စီးပွားရေးအုတ် မြစ်တစ်ခုတွင် အက်ရာ ထင်သွား စေသည်မှာ သံသယဝင်စရာမရှိ ချေ။ ထိုင်းအာဏာပိုင်များ အနေ ဖြင့် ဗုံးသမားကို အမြန်ဆုံး ဖော် ထုတ်ဖမ်းဆီးနိုင်မှု မရှိပါက ကမ္ဘာ
လှည့် ခရီးသည်များ၏ သံသယ ဝင်မှု၊ မလုံမခြုံခံစားရမှုများကို ကုစားပေးရန် အလွန်ခက်ခဲသွား မည် ဖြစ်သည်။ ထင်ထင်ရှားရှား မြင်သာသည့် အချက်က ယခု ဗုံးပေါက်မှုသည် အကြမ်းဖက် တိုက်ခိုက်မှု သက်သက်တစ်ခုမျှ သာမကဘဲ ထိုင်းအစိုးရ၏ စီးပွား ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကဏ္ဍများကိုပါ အကြီးအကျယ် စိန်ခေါ်နေပြီဖြစ်သည်။
_____7Day News Journal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။