ရခိုင်ပြည်နယ်တွင် ရေပြန်လည်ကျဆင်းသွားသော်လည်း ရွှံ့နွံများနစ်ပြီး ကျန်ခဲ့သည့် စာသင်ကျောင်းတစ်ခု (ဓာတ်ပုံ − မောင်ကံ)
ရေကြီးနစ်မြုပ်မှု ကြောင့် ရခိုင်ပြည်နယ်အတွင်း ကျောင်းများ ပြိုကျပျက်စီးခဲ့၍ ကျောင်းသား၊ ကျောင်းသူများ ပညာဆက်လက်သင်ကြားနိုင်ရန်ယာယီစာသင်ကျောင်း ခြောက် ဆယ်ကျော်ကို ပွင့်လင်း ရာသီအမီ ဆောက်လုပ်ပေးသွားမည်ဟု သတင်းရရှိသည်။
‘‘ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ ကျောင်းတွေကကျောင်းသား၊ ကျောင်းသူတွေ ယာယီစာသင်နိုင်ဖို့အတွက် ယာယီစာသင်ကျောင်းဆောက်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။ တချို့ ကျေးရွာတွေမှာတော့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့သင်ကြားပေးနေပါတယ်။ ပျက်စီးကျောင်းတွေ ပြန်ဆောက်ဖို့က အချိန်နည်းနည်း ယူရဦးမှာ ဖြစ်ပါတယ်’’ဟု ရခိုင်ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြန်လည်တည်ဆောက်မည့် ယာယီကျောင်း ခြောက်ဆယ် ကျော်ကို အစိုးရ၊ ယူနီဆက်နှင့် ပြည်တွင်း၊ ပြည်ပအင်န်ဂျီအို အဖွဲ့အစည်းတို့က ပူးပေါင်းဆောက်လုပ်သွားမည် ဖြစ်သည်။
ရေနစ်မြုပ်မှုကြောင့် ရခိုင် ပြည်နယ်အတွင်း ကျောင်းပေါင်း ခုနစ်ရာကျော် ပိတ်ထားခဲ့ရပြီး ၎င်းတို့အနက် အခြေခံ ပညာ ကျောင်းပေါင်း ခုနစ်ဆယ်ကျော် ပျက်စီးကာ ပြန်လည်ပြုပြင်ရမည့် ကျောင်း လေးဆယ်ကျော် ရှိနေသည်။ ယခုအခါ မပျက်မစီးဘဲ ကျန်ရစ်သည့် စာသင်ကျောင်း အချို့ကို ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားခြင်း လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။
____7Day News Journal
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။