၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)

၁။  ဥက္ကဋ္ဌ- ဦးရဲထွန်း
၂။ ပါတီဝင်အရေအတွက် - တစ်သိန်း
၃။ မဲဆန္ဒနယ် - ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ - ခွပ်ဒေါင်းအားမာန်မြဲရှင်သန်၊ ရရန်မလွဲဒို့အောင်ပွဲ
၅။ ဆောင်ပုဒ် - ဒေါင်းမျိုးအစစ် ရှစ်ဆယ့်ရှစ်
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- ပါတီမူဝါဒကို သက်ဝင်ယုံကြည်သူဖြစ်ရမယ်။ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ အားကြိုးမာန်တက်ဆောင်ရွက်သူဖြစ်ရမယ်။ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့ နေရာမှာ အပြန်အလှန်နားလည်အောင် ပြောနိုင်၊ ဆိုနိုင်၊ နားထောင်နိုင်သူ ဖြစ်ရမယ်။ စိတ်ရင်းစေတနာမှန်ကန်တဲ့သူ ဖြစ်ရမယ်။ ပညာအရည်အချင်း အနိမ့်အမြင့် ကန့်သတ်ထားမှုမရှိဘဲ ဆွဲဆောင်နိုင်သူဖြစ်ရမယ်။
၇။ ရန်ပုံငွေ -  ပါတီဝင်ကြေး၊ လစဉ်ကြေး၊ အလှူရှင်များ လှူဒါန်းငွေဖြင့် ရပ်တည်နေသည်။ မဲဆွယ်ကာလတွင် ပြင်ပအလှူငွေအကူအညီများရှိပါက လက်ခံမည်။
၈။ ပါတီနောက်ခံသမိုင်းကြောင်း - ၁၉၈၈ ခုနှစ် အရေးတော်ပုံကျောင်းသားခေါင်းဆောင်များ၊ ရဲဘော်များဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ် ဦးတည်ချက်အတိုင်း ဆောင်ရွက်မည့်သူများဖြင့် ပါတီကို တည်ထောင်ထားသည်။


ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုး စွမ်း ဆောင်နိုင်မလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တယ်ဆိုတာ  နိုင်ငံသားများရဲ့ အခွင့်အရေးကို ကာကွယ်တယ်ဆိုတဲ့  စကားနဲ့အညီ  တချို့အပိုဒ် တွေကို ဖြုတ်သင့်တာ ဖြုတ်ရမယ်။ တချို့အပိုဒ်တွေကျတော့ ပြင်ဆင် သင့်တာ ပြင်ရမယ်။ တစ်ပိုဒ်လုံးမှာ သုံးချက်လောက်ပြင်သင့်တာရှိသလို တစ်ပိုဒ်လုံးအစားထိုးသင့်တာလည်း ရှိတယ်။ နိုင်ငံတကာအခွင့်အရေးနဲ့ မကိုက်ညီတာရှိရင် ဖြည့်စွက်ရမယ်။ အချုပ်အခြာအာဏာကို ထိပါးလာ တဲ့ အရာတွေဆို ပယ်ရမယ်။ ဥပမာ- လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ကို တပ်မတော်သားတွေ ရောက်နေတာဟာ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်။ တပ်မတော်သားဆိုတာ ၀န်ထမ်းအဖွဲ့အ စည်းပဲ။ သူတို့တွေက ရွေးကောက်ပွဲမ၀င်ဘဲ By Force နဲ့ လွှတ်တော်ထဲ ၀င်ခွင့်ရရင် တခြားဌာနဆိုင်ရာ ၀န်ထမ်းတွေကိုကော သူတို့လို ခွင့်ပြုမှာလား။ ဒါကြောင့် ၂၅ ရာခိုင်နှုန်းကို ဖြုတ်ပစ်ရမယ်။ ဒီမိုကရေစီစနစ်နဲ့ ညီညွတ်အောင် ဖြေရှင်းရမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလုပ်ရမယ်။ သေနတ်သံတိတ် ရင် လက်နက်ကိုင်တွေဟာ နိုင်ငံရေးထဲရောက်လာပြီး ငြိမ်းချမ်းရေးရ မယ်။ လက်နက်ကိုင်ပြီး နိုင်ငံရေးလုပ်နေလို့မရဘူး။ တပ်မတော်ဟာ ကာကွယ်ရေးပဲလုပ်ရမယ်။ ကျွန်တော်တို့ လွှတ်တော်ထဲရောက်ရင် ငြိမ်းချမ်း ရေးကို ရာခိုင်နှုန်းပြည့်ဆောင်ရွက်နိုင်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့်တော့ ရှိဖို့လိုတယ်။ ကျွန်တော်တို့ လွှတ်တော်ထဲရောက်ရင်  လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမရှိစေ ရဘူး။ ၂၅ ရာခိုင်နှုန်းက လူတစ်ယောက်တည်းအပေါ်မှာပဲ မူတည်တော့ စည်းရုံးရတာ လွယ်ပါတယ်။
ပြည်သူတွေရဲ့ ၀င်ငွေ/ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
ပြည်သူတွေက ၀င်ငွေ၊ထွက်ငွေမျှအောင် တကယ်အလုပ်လုပ်နေကြတာပဲ။ ၀င်ငွေကောင်းအောင် ကြိုးစားနေကြတယ်။ ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ထွက်ငွေက မြင့်နေတယ်။ လာဘ်ပေးလာဘ်ယူက ဖျက်ဆီးနေတယ်။ ဥပမာ- လူတစ်ယောက်ဝင်ငွေ ငါးထောင်ရရင် သူတကယ်သုံးလိုက်ရတာ နှစ်ထောင်လောက်ပဲ။ ကျန်တဲ့ သုံးထောင်က လာဘ်ငွေအဖြစ် ပေးလိုက်ရတယ်။ ဒါကြောင့် ၀င်ငွေ ထွက်ငွေမျှဖို့က တည်ဆဲဥပဒေမှာ အများလက်ခံနိုင်တဲ့ အချက်အလက်တွေပါရမယ်။ နောက်နည်းဥပဒေနဲ့ လုပ်ပိုင်ခွင့်တွေ ပြတ်ပြတ်သားသားရှိရမယ်။ မရှိသေးရင် ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ်။ အိမ်ခြေရာခြေရှိသွားရင်၊ လာဘ်ပေးလာဘ်ယူပပျောက်ရင် နေရေးစိတ်အေးပြီး ၀င်ငွေမြင့်လာရင် သုံးငွေတက်လာမယ်၊ ထွက်ငွေနည်းလာမယ်။ မြေမဲ့၊ ယာမဲ့ကိစ္စနဲ့ မြေယာပိုင်ဆိုင်မှု၊ လာဘ်ပေးလာဘ်ယူ အဲဒါတွေ ရှင်းလိုက်ရင် အဆင်ပြေသွားမယ်။
ပြည်သူတွေက၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
လူထုထဲမှာနေ၊ လူထုနဲ့အတူခံစား၊ ရုန်းကန်ပြီး နေ့စဉ်နဲ့အမျှ လူထု ကိစ္စအ၀၀ကို သိနေလို့ပဲ။ ကျွန်တော်တို့ ပါတီက ပြည်ပကို အားမကိုး ဘူး။ အစိုးရကို အားမကိုးဘူး။ ကျွန်တော်တို့က လူထုကိုပဲ အားကိုးတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
လူထုက သဘောကျနှစ်ခြိုက်တဲ့ လူထုကိုယ်စားလှယ် စစ်စစ်ဖြစ်ရ မယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိသမိုင်းကြောင်းကို ဖြတ်သန်းလာပြီး ပိုင်ပိုင် နိုင်နိုင်နားလည်ရမယ်။ သမိုင်းကြောင်း အပြောင်းအလဲကို နားလည်ပြီး တော်လှန်ရေးကို နားလည်ရမယ်။ သြဇာအာဏာကို အခြေခံတဲ့လူ မဖြစ်စေရဘူး။ ရှင်းရှင်းပြောရရင် အာဏာရှင်စနစ်ပြန်မသွားတဲ့ လူဆိုရင်ရပြီ။ နိုင်ငံတကာနဲ့ ယှဉ်နိုင်တဲ့ အဆင့်တော့ရှိရမယ်။ လူထုခေါင်းဆောင်စစ်ရင်နိုင်ငံတကာနဲ့ ယှဉ်နိုင်မယ်။
ဥက္ကဋ္ဌအသက် - ၄၉ နှစ်
ပညာအရည်အချင်း - သိပ္ပံဘွဲ့ (သင်္ချာ)၊
 စီမံအုပ်ချုပ်မှု ဘွဲ့လွန်ဒီပလိုမာ (Part 2)
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ
 ၁၉၈၈ မှ ယနေ့အထိ  နားရက်မယူဘဲ နိုင်ငံရေးလုပ်နေဟုဆို။
လက်ရှိအလုပ်အကိုင် - နိုင်ငံရေး၊ ပါတီဥက္ကဋ္ဌ
စံပြပုဂ္ဂိုလ် - ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ သောမတ်ဂျက်ဖာဆင်နဲ့ မန်ဒဲလား
ဆက်သွယ်ရန်ဖုန်း - ၀၁-၅၅၆၅၅၄၊ ၀၉-၅၁၉၇၆၂၆
__http://7daydaily.com/election-2015
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။