ရေဘေးကြောင့် အသက်မသေဘဲ တင်ကျန်ရစ်သော ရခိုင်မှ ကျွဲနွားများကို ခိုးပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့နေ

စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၂၃

ကိုမန်မုန်တိုင်းကြောင့် ရေဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်မှ အသက်မသေဘဲ တင်ကျန်ရစ်သော ကျွဲနွားများကို ခိုးယူပြီး တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ စက်လှေများဖြင့် တင်ပို့ နေကြသည်ဟု သိရသည်။

ထိုကဲ့သို့ ကျွဲနွားများကို ခိုးယူမှုပြီး တစ်ဘက်နိုင်ငံသို့ တင်ပို့နေမှုကို အာဏာပိုင်များမှ တစ်စုံတစ်ရာ တားဆီး နှိမ်နှင်းနိုင်ခြင်း မရှိ၍ ရေဘေးဒဏ်ကို ခံခဲ့ရသော ရခိုင် တောင်သူလယ်သမားများမှာ တပူပေါ် နှစ်ပူဆင့်ကာ အထူး အခက်အခဲများ ကျရောက်နေကြောင်း လယ်သမားများက ပြောဆိုသည်။

“ သြဂုတ် လ ၂၃ ရက်နေ့ညမှာ ဦဇင်းတို့ ပေါက်တောမြို့နယ် ပုဏ္ဏားကြီး ကျေးရွာမှာ ကျွဲ ၁၂ ကောင် အခိုးခံရပါတယ်။ ဦးအေးလှကျော်မှာ ၅ ကောင်၊ ဦးထွန်းအေးမြင့်မှာ ၃ ကောင်နဲ့ ဦးအောင်ရွှေသိန်းမှာ ၎
ကောင်ဖြစ်ပါတယ်။ အခုလို အခိုးခံရတဲ့ အတွက် လယ်သမားတွေမှာ တစ်ပူပေါ် နှစ်ပူဆင့်ပြီး အထူး အခက်အခဲတွေ ကျရောက်နေကြရပါတယ် ”ဟု ပုဏ္ဏားကြီးတောင်ကျောင်းဆရာတော် ဦးစန္ဒသာရက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ကျွဲများကို ချည်နှောင်ထားရာမှ ခိုးယူသွားခြင်းဖြစ်ပြီး၊ ငါးရှာသူများ ပြောကြားချက်အရ ည ၁၁ နာရီနီးပါးခန့်က ဖြစ်ကြောင်း၊ ပုဏ္ဏားကြီးအနီး ပိုက်ဆိပ်နေရာ ပေါက်ဆိန်ကျမြစ်ကမ်းဘေးမှ ချယူသွားကြကြောင်း ပြော ဆိုသည်ဟု သိရသည်။

အဆိုပါကျွဲနွားများကို ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်နေကြသည့် ငှက်ချောင်းကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီများ ပါဝင်သည်ဟု သတင်းအစအနရရှိကြောင်း ဆရာတော်က ပြောသည်။

ကျွဲများ ခိုးယူခံရမှုကို ဆင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲစခန်း၊ အနောက်ရဲ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်း အပါအ၀င် ပေါက်တောမြို့မ ရဲစခန်းတို့ကို ပျောက်ဆုံးသူများက တိုင်ကြားထားသော်လည်း ယနေ့ထိ ဖမ်းမိခြင်း မရှိသေးဟု သိရှိရသည်။

ခိုးယူရာမှ ကျန်နေခဲ့သာ ကျွဲအငယ် ၁၀ ကျော်ကို အဆိုပါနေရာ အနီးတ၀ိုက်မှာပင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

အလားတူပင် သြဂုတ်လ ဂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် တန်းစွေကျေးရွာတွင်လည်း ဦးသာအောင်ဖြူတွင် နွား ၆ ကောင်၊ ဦးမောင်နှောင်းတွင် နွားတစ်ကောင်နှင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ငါးဝက်စွေ ကျေးရွာတွင်လည်း မကြာသေးမီရက်ပိုင်းအတွင်းက ဦးသာအေးမောင်ထံမှ ကျွဲ ၉ ကောင် အခိုးခံခဲ့ရသည်ဟု သိရှိရသည်။

(ရခိုင်သည်မိုးများသော ဒေသဖြစ်သဖြင့် လယ်များရေနက်၍ လယ်ထွန်ရာတွင် ကျွဲသည် အဓိက အားကိုးရာဖြစ်သည်။)

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။