၂၄၊ ၈ ၊ ၂၀၁၅
Kyaukphru Youths Net ဝိုင်းတော်သားများ
--------------------------------

ချောင်ချိန့် (Chongging)မြို့မှ လက်နှစ်ဖက်လုံးမရှိသည့် လယ်သမားအမျိုးသားတစ်ဦးသည် နှစ်ပေါင်းများစွာ သူ့ရဲ့မိခင်ကို ပြုစုစောင့်ရှောက်လာခဲ့သည်။ သူအသက် ၇ နှစ်အရွယ်တွင် မတော်တစထိခိုက်မှုကြောင့် လက်နှစ်ဖက် ဆုံးရှုံးခဲ့ရသူဖြစ်သည်။ သူ့အည်ဟာ Chen Xingyin ဖြစ်ပြီး အသက် ၄၈ နှစ်အရွယ်ရှိပြီင်္ဖြစ်သည်။

"ကျွန်တော်မှာ လက်နှစ်ဖက်မရှိပေမယ့် ခြေနှစ်ဖက် ကောင်းကောင်းရှိပါတယ်" ဟု ချန် (Chen)မှ Chongging Evening News သို့ပြောကြားသည်။ ချန်ဟာ သူအား ရထားဘူတာတွေမှာ တောင်ရမ်းစားသောက်ဖို့ပြောဆိုတိုက်တွန်းသူတို့ကို စိတ်ဆိုးဆိုးဖြင့် ငြင်းဆိုတုန့်ပြန်ခဲ့သည်။ သူတောင်းစားများကအနေဖြင့် တနှစ်ကိုတရုတ်ယွန်ငွေ ထောင်ပေါင်းများစွာရရှိကြသည်။
သူ့အနေဖြင့် လယ်ယာစက်ပျိုးခြင်း၊ ကြက်၊ ဝက်တို့မွေးမြူခြင်းဖြင့် သူ့မိခင်အိုကြီးနှင့် သူ့ဘဝအတွက်လုံလောက်ကြောင်း ၄င်းသတင်းဌာနသို့ဆက်လက်ရှင်းပြခဲ့သည်။ " အမေက အသက်အရွယ်ကြီးလာပြီလေ။
ဒါကြောင့် အမေ့အိုကြီးကိုတစ်ယောက်တည်း အိမ်မှာ မထားခဲ့နိုင်ဘူး" ဟု ချန် (Chen) ကပြောကြားသည်။

သူအသက် ၁၄ နှစ်သားတွင် သူ့ရဲ့ အစ်မနှစ်ယောက်က အိမ်ထောင်ပြုသွားခဲ့ကြပြီး၊ အသက် ၂၂ နှစ်အရွယ်မှာတော့ သူရဲ့ အဖေနှင့် သူ့အစ်ကိုတို့သေဆုံးသွားခဲ့ကြသည်။ ထိုနောက်မှာတော့ သူ့ရဲ့ မိခင်အိုကြီးကို
ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် သူ့ရဲ့ခြေထောက်တွေကိုအသုံးပြု၍ အိမ်မှုကိစ္စတို့ကိုလုပ်ဆောင်ဖို့နှင့် ထမင်းချက်ခြင်း လယ်ယာလုပ်ခြင်းတို့ကို လုပ်ကိုင်တတ်ဖို့ သူဟာ လေ့လာသင်ယူခဲ့သည်။ အခုအချိန်မှာတော့
ချန် (Chen) တစ်ယောက် သူ့ရဲ့ ခြေချောင်းတွေနှင့် ဟင်းတွေသင်တတ်နေပြီး၊ မီးတွေကိုလည်း မွှေးတတ်နေပြီဖြစ်သည်။

လွန်ခဲ့တဲ့လ သူ့မိခင်အိုကြီးနာမကျန်းဖြစ်လာကတည်းစပြီး ချန် (Chen)ဟာ သူ့အမေအား တစ်နေ့ကို ထမင်းသုံးကြိမ်ကျွေးပြီး ဆေးလည်းသုံးကြိမ်တိုက်နေရသည်။ သူ့ရဲ့အစ်မကြီးတစ်ယောက်က သူ့ကို ကူညီပေး
ဖို့ပြောဆိုသော်လည်း ကျွန်တော်က အနှောင်အဖွဲ့တွေလုပ်ရမယ့်တာဝန်တွေသိပ်ပြီးမများတဲ့ လူလွတ်တစ်ယောက်ပါဟု သူ့အစ်မကြီးအားပြောကြားသည်။
Ref: CCTVNews

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။