၁။ဥက္ကဋ္ဌ- ဦးအောင်မိုးဇော်
၂။ပါတီဝင်အရေအတွက်- ၁၅,၀၀၀ခန့်
၃။မဲဆန္ဒနယ်- မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအတွင်း သုံးနေရာမှ ၁၀ နေရာအထိ ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ပါတီမူဝါဒ- ပြည်သူလူထု ခံစားနေရတာကို ထင်ဟပ်ပြီး ကျယ်ကျယ် ပြန့်ပြန့်ပြောဆိုနိုင်ဖို့၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ဆင်းရဲသားပြည်သူတွေ သူတို့ရဲ့ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ဖို့ လုပ်ဆောင်မည်။
၅။ဆောင်ပုဒ်- ပြည်သူသာအမိ ပြည်သူသာအဖ
၆။ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- အနှစ်၂၀၊ ၃၀ ကျော်လောက် ဒီမိုကရေစီတိုက်ပွဲထဲမှာ ပါဝင်ခဲ့သူတွေ၊ အနှစ် ၂၀၊ ၃၀ ကျော်လောက်ကနေ လက်ရှိဒီမိုကရေစီတိုက်ပွဲထိ တက်တက်ကြွကြွပါဝင်နေသူတွေ၊ အလုပ်သမား၊ လယ်သမားအရေး အကျိုးစီးပွားကို ကာကွယ်ဖို့ တက်တက်ကြွကြွပါဝင်ပြီး ကိုယ်တိုင်ရပ်တည်ချက်ရှိပြီးသူတွေ ကို ရွေးချယ်မယ်။
၇။ပါတီရန်ပုံငွေ- စပွန်ဆာမရှိပါဘူး။ ကိုယ့်အိတ်ထဲက ကိုယ်စိုက်ပြီး ပါတီတည်ထောင်ဖြစ်လာသူတွေပါ။ ပါတီဝင်တွေထဲမှာ စီးပွားရေးအသင့်အတင့်ကောင်းမွန်သူတွေက အိတ်စိုက်ထုတ်ပြီး မိတ်ဆွေတချို့နဲ့ တွဲလုပ်ကြတာပါ။ ရွေးကောက်ပွဲဝင်ရင် တချို့ကိုယ်စားလှယ်တွေ တတ်နိုင်ခဲ့ရင် အိတ်စိုက်တာတို့ ပါတီကို အကူအညီပေးသူရှိရင် ကိုယ်စားလှယ်လောင်းတစ်ဦးကို ပါတီကနေ အချွေတာဆုံး သိန်း ၂၀၊ ၃၀ လောက်တော့သုံးနိုင်မယ်ထင်တယ်။
၈။ ပါတီနောက်ခံသမိုင်း- ရှစ်လေးလုံးအရေးတော်ပုံကနေ ဖြစ်တည်လာခဲ့တဲ့ပါတီပါ။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ဖျက်သိမ်းခံရပြီးပါတီခေါင်းဆောင်ပိုင်းတွေဖမ်းဆီးခံရတယ်။ တချို့မြေအောက်ရောက်သွားတယ်။ တချို့ နယ်စပ်မှာ ပါတီကို ပြန်တည်ထောင်ခဲ့ပြီး ဒီနေ့အထိ ဒီမိုကရေစီရေးမှာ တတပ်တအားပါဝင်နိုင်ဖို့ ကြိုးစားနေ တယ်။ ၂၀၁၂ ဖေဖော်ဝါရီမှာ တိုင်းပြည်က အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်လာတဲ့အနေအထားရှိလို့ အစိုးရနဲ့ ခြောက်ကြိမ်ဆွေးနွေးပြီး တရား ၀င်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ဖို့ကြိုးစားခဲ့ပါတယ်။ နယ်စပ်ကလူတွေ ပြည်တွင်းမှာရှိနေတဲ့ ရဲဘော်တွေထဲက ပြည်တွင်းမှာ ထောင်ထဲက ပြန်ထွက်လာတဲ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင် ရဲဘော်ဟောင်းတွေ ဒီပါတီကို ပြန်လည်ဝင်ရောက်လာပါတယ်။ ဒါကြောင့် ၂၀၁၄ အောက်တိုဘာလ ၂၄ရက်မှာ ပါတီတရားဝင် မှတ်ပုံတင်ခွင့်ကိုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးခဲ့ပါတယ်။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
၁။ လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်း ဆောင်နိုင်မလဲ။
ကျွန်တော့်အခြေအနေအရ ရွေးကောက်ပွဲဥပဒေကြောင့် ကျွန်တော် တော့ ရွေးကောက်ပွဲမှာ ၀င်ရောက်ဖို့မသေချာသေးဘူး။ ကျွန်တော့်ပါတီ က ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်ရင်တော့ အခြေခံဥပဒေ ပြင်ဆင်ရေးကို လိုလားတဲ့သူတွေနဲ့ မဟာမိတ်ဖွဲ့နိုင်အောင် ကြိုးစားပါ မယ်။ ကျွန်တော်တို့ပါတီက အများဆုံးကိုယ်စားလှယ် ၁၀ ယောက်အထိ ပဲ ပြိုင်မယ်ဆိုတာကြောင့် ၁၀ နေရာစလုံးအနိုင်ရလည်း ပြည်သူ့ဆန္ဒကို ထင်ဟပ်စေမယ့် အရာတွေကို လွှတ်တော်ထဲမှာတင်ပြပေးမယ်။ အ ပြောင်းအလဲဖြစ်အောင် လုပ်နိုင်ဖို့ ခက်ခဲမယ်။ သဘောဆန္ဒတူသူတွေနဲ့ မဟာမိတ်ဖွဲ့ထားတာကြောင့် အပြောင်းအလဲကိစ္စတွေကို ကူညီဆောင် ရွက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်။

၂။ လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်လဲ။
လတ်တလော အခြေအနေတွေကို သုံးသပ်ရရင် အစိုးရနဲ့ လွှတ် တော်တွင်းက ဒီဖြစ်စဉ်တွေဟာ အားရစရာမရှိဘူး။ ငြိမ်းချမ်းရေးကော်မ တီဖွဲ့နိုင်အောင် ကြိုးစားဖို့လိုတယ်။ ဆက်စပ်နေတဲ့ အစိုးရနဲ့တိုင်းရင်း သားတွေ ငြိမ်းချမ်းရေးရနိုင်ဖို့ စောင့်ကြည့်ဖို့ အခြေအနေရှိနေတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့နောက်မှာ ပြည်သူလူထုရှိတယ် ဆိုတဲ့ ကျောထောက်နောက်ခံ အနေအထားရှိတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ကို အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်ဖို့လိုအပ်တယ်။ တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ဖြစ်အောင်လုပ်ရမယ်။

၃။ ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့စဉ်းစားထားလား။
အခုရောက်နေတာက လက်ရှိတိုင်းပြည် အပြောင်းအလဲဖြစ်နေ တယ်လို့ ပြောပေမယ့် အဲ့ဒီအပြောင်းအလဲကို ပြည်သူလူထုအနေနဲ့ မည် မည်ရရ မခံစားရသေးဘူး။ နိုင်ငံရေးမှာပဲဖြစ်ဖြစ် စီးပွားရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲ ဖြစ်ဖြစ် တရားမျှမျှတတယှဉ်ပြိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးရမယ်။ မဖြစ်သေးဘူး။ ကျွန်တော်တို့ တိုင်းပြည်က ဒီမိုကရေစီ နိုင်ငံလို့ ပြောလို့မရသေးဘူး။ စစ်စစ်မှန်မှန် ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကို ခိုင်ခိုင်မာမာ မလျှောက်လှမ်းနိုင်သေးဘူး။
လူထုစီးပွားရေးဘ၀ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာဗျူရိုကရက်တက် reform. ..အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုကို အောက်ခြေအထိလုပ်ဖို့လိုတယ်။ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်အဆင့်ဆင့်အုပ် ချုပ်ရေးမှာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာမဟုတ်ဘူး။ ပြည်သူတွေက ရုံးပြင်ကနားမသွားချင်ဘူး။ မဲစာရင်းတောင်မှ အုံနဲ့ကျင်း နဲ့ သွားကြည့်တာမတွေ့ရဘူး။
လူထုကြည်ညိုလေးစားတဲ့သူဟာ အောက်ခြေအထိ သိရမယ်။ လူ ထုတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ရမယ်။ အဲဒါမှ လူထုက အားပေးတာခံရမှာပဲ။
တိုင်းပြည်မှာ လွတ်လွတ်လပ်လပ် ရင်းနှီးမြှုပ်နှံခွင့်ရတာ လူတစ်စု လက်ထဲမှာပဲရှိတယ်။ လက်ချိုးရေလို့ရတယ်။ တိုင်းပြည်ဝင်ငွေက ကောင်းလာတယ်ဆို လူတစ်စုလက်ထဲမှာပဲရှိနေပြီး အောက်ခြေကို မ ဖြန့်ကြက်နိုင်သေးဘူး။ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်နိုင်ဖို့ ၀င်ငွေရဖို့ လူထုအတွက် ဥပဒေ၊ နည်းဥပဒေတွေ လွှတ်တော်ထဲမှာ ပြဋ္ဌာန်းပေးရ မယ်။ ဒါတွေကို ရီဗျူးလုပ်ဖို့လိုတယ်။
ဈေးကွက်စီးပွားရေးစနစ်မှာ ကြောက်စရာမလိုဘဲ ဖန်တီးနိုင်မှ လူ တွေအားလုံးအကျိုးအမြတ်ရမယ်။ စီးပွားရေးတိုးတက်လာရင် လူတွေ က အကျိုးအမြတ်မခံစားရဘဲ စီးပွားရေးကျလာရင်တော့ လူထုကခံနေ ရတယ်။

၎။ ပြည်သူတွေက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ဘာကြောင့် မဲပေးသင့်လဲ။
အပြောင်းအလဲအတွက်ကို ထိထိရောက်ရောက် တက်တက်ကြွကြွ လုပ်နေတဲ့ နိုင်ငံရေးပါတီ တစ်ရပ်ဖြစ်လို့ပဲ။ ဒါကြောင့် ပြည်သူတွေရဲ့ အသံကို အစစ်အမှန်ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတစ်ရပ်ဖြစ်လို့ ဒါ ကြောင့် ပါတီဆောင်ပုဒ်ဟာ ‘‘ပြည်သူသာအမိ ပြည်သူသာအဖ’’လို့ ဆွဲ ကိုင်ထားတာပဲ။

၅။ သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်ကို ရွေးချယ်မလဲ။
သမ္မတလောင်းရွေးချယ်ခွင့်က ဖြစ်နိုင်တဲ့အခြေအနေမရှိလို့ မပြော ချင်ပါဘူး။ ကျွန်တော်တို့ပါတီက ဘယ်သူ့ကို သမ္မတဖြစ်သင့်သလဲဆို တော့ အခုက ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ကသမ္မ တဖြစ်ချင်တယ်လို့ ပြောထားကြတယ်။ တိုင်းပြည်အတွက် အဖြစ်သင့် ဆုံး သမ္မတလောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်။

ဥက္ကဋ္ဌအကြောင်း
အသက်-(၄၈)နှစ်
ပညာအရည်အချင်း- မဟာဝိဇ္ဇာ (အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး)
နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံ- ၁၉၈၈ မှာ ဗကသအဖွဲ့ဝင်၊ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီအဖွဲ့ဝင်၊ ၁၉၉၀ မှာ တောခိုခဲ့တယ်။ တောထဲမှာ ပါတီကော်မတီကို ပြန်လည်စုစည်းခဲ့တယ်။ တောထဲမှာပဲ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ) (DAB) ရဲ့ အ ထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့တယ်။ တောထဲမှာပဲအခြေခံပြီး တိုင်းရင်းသားလူမျိုးတွေနဲ့ တပ်ပေါင်းစုဖွဲ့ထားတဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံ အမျိုးသားကောင်စီ (NCUB) ရဲ့ အထွေထွေအတွင်းရေးမှူး တာ ၀န်ယူခဲ့တယ်။ မပြန်ခင်အချိန်အထိ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်ခဲ့တယ်။ တိုင်းရင်းသားရေးရာကိစ္စတွေကို လုပ်နိုင်ခဲ့ပြီး အက်ဒ်ဗိုကေစီ လုပ်ငန်း တွေလုပ်ခဲ့တယ်။ နိုင်ငံရေးကို ၁၉၈၈ ကနေ ဒီနေ့အထိ ၂၇ နှစ် ဆက်တိုက် နိုင်ငံရေးလုပ်ခဲ့တယ်။
လက်ရှိအလုပ်အကိုင်- နိုင်ငံရေးသမား
စံပြပုဂ္ဂိုလ်- ဗိုလ်ချုပ်အောင်ဆန်း၊ ကိုဗဟိန်း(ကျောင်းသားခေါင်းဆောင်)၊ ဗိုလ်ချုပ်မြ၊ ဖရိုမန်းရှာနှင့် ဦးစောဘသင် (KNU)၊ ဥက္ကဋ္ဌ နိုင်ရွှေကျင် (မွန်ပြည်သစ်ပါတီ)
ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် ၂၅၁၊ တတိယထပ်၊ ဆိပ် ကမ်းသာလမ်း(အထက်)၊ ၀၉−၄၂၀၁၄၈၅၀၁၊ ၀၉−၂၅၀၅၆၆၀၁၈
http://7daydaily.com/election-2015
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။