ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည်ကယ်ဆယ်ရေး စုပေါင်းကော်မတီ (ရန်ကုန်) မှ ရခိုင်ရေဘေးအတွက် ဆန်၊ ရေစုပ်စက်နှင့် မိုးကာများ ပေးအပ်လှူဒါန်း

စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၂၃

ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှ ကြီးမှူး၍ ဖွဲ့စည်းထားသော ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည် ကယ်ဆယ်ရေး စုပေါင်း ကော်မတီ (ရန်ကုန်) မှ ရခိုင်ရေဘေးသင့် ဒုက္ခသည်များအတွက် ဆန်၊ ရေစုပ်စက်နှင့် မိုးကာများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် သြဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဆန်အိတ် ၄၀၀၀ ၊ ရေစုပ်စက် ဘီလူးကောင်း ပိုက်အစုံ ၄၀ နှင့် မိုးကာစ ၄၀၀ တို့ကို စစ်တွေအခြေစိုက် အဖွဲ့စည်းမှတဆင့် ရခိုင်ရေဘေးဒုက္ခသည်များ အတွက်လှူဒါန်းပေးအပ်ခဲ့ပြီး၊ ရေဘေး လေဘေးအတွင် သေဆုံးသူ တစ်ဦးစီအတွက် ၁ သိန်းခွဲ နှုန်းဖြင့် ၆၀ ဦးအတွက် ကျပ်သိန်းပေါင်း ၉၀ ကို လှူဒါန်း ပေးအပ်ခဲ့သည်။

ထိုကဲ့သို့ ပေးအပ်ရာတွင် ရခိုင်အရေးပေါ်ထောက်ပံ့ရေးကော်မတီသို့ ဆန်အိတ် ၂၃၀၀၊ ရေစုပ်စက် ၄၀၊ မိုးကာစ ၄၀၀၊ ရခိုင်ပြည်နယ် စည်းထိန်း ရဟန်းတော်များအဖွဲ့သို့ ဆန်အိတ် ၇၀၀၊ ရှင် တစ်ထောင် သာသနာပြုအဖွဲ့သို့ဆန်အိတ် ၂၀၀၊ ပရဟိတ သွေးလှူရှင်များအသင်းသို့ ဆန်အိတ် ၁၀၀ နှင့် အခြားအဖွဲ့တစ်ခုသို့ ဆန်အိတ် ၇၀၀ စီ ခွဲပြီးပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရဟန်းတော်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင် ၀န်ကြီးတချို့၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ရေဘေး ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ (ရန်ကုန်)မှ တာဝန်ရှိသူများ၊ စစ်တွေအခြေစိုက် လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း ၂၀၀ ခန့် တက်ရောက် ခဲ့ကြသည်။

အခမ်းအနားကို ညနေ ၄ နာရီတွင် စတင်ပြီး ၆ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

___Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။