၁။ ဥက္ကဋ္ဌ - ဦးတင်အုန်း
၂။ ပါတီဝင်အရေအတွက် -၁၅၀၀
၃။ မဲဆန္ဒနယ် - ရန်ကုန်တိုင်း ဒေသကြီး(တွံတေး)အပါအ၀င် မြို့နယ်အချို့နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ကိုယ်စားလှယ်ဆယ်ဦးခန့် ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ - ပြည်ထောင်စု အရေးနှင့် ဒီမိုကရေစီအရေးအတွက် ပြည်တွင်းမှာရှိသည့် အတိုက်အခံ ဒီမိုကရေစီအင်အားစု၊ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီအင်အားစု
များ၊ တိုင်းရင်းသားလက်န က်ကိုင်အဖွဲ့ အားလုံးတို့နှင့် အတတ်နိုင်ဆုံး စေ့စပ်ညှိနှိုင်းကာ အားလုံးလက်ခံနိုင်မည့် ပြည်ထောင်စုတည်ဆောက်ရန်၊ ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်သွားရန်။

၅။ ဆောင်ပုဒ်(လောလောဆယ်) - အပြောင်းအလဲအတွက် လူထု၊ လူထုအတွက်အပြောင်းအလဲ ။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- (က)ရိုးသားဖြောင့်မတ်သူဖြစ်ရမည်။ (ခ) ပညာတတ်မြောက်သူ ဖြစ်ရမည်။
၇။ ရန်ပုံငွေ - ပါတီဝင်အများစု ငွေကြေးဖြင့်လည်ပတ်နေ၊ ပြည်သူလူထု၏ ထောက်ပံ့ငွေ၊ ပါတီမူဝါဒများနှင့် ကိုက်ညီသည့် ပံ့ပိုးငွေကြေးများဖြင့် ဆက်လက် လည်ပတ် ရပ်တည်မည်။
၈။ ပါတီနောက်ခံသမိုင်း- လွတ်လပ်ရေးအကြိုခေတ် နိုင်ငံရေးသမား၊ တော်လှန်ရေးသမားများ၊ မဆလခေတ်နှင့် ၈၈ ကျောင်းသားများ ပူးပေါင်း၍ ၂၀၀၈ ခုနှစ်က
နိုင်ငံရေးပါတီတည်ထောင်ရန် ပြင်ဆင်ခဲ့သည်။ ၂၀၁၀ မေလတွင် ပါတီစတင်တည်ထောင် ခဲ့၊ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်သုံးနေရာ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို ဆောင်ရွက် နိုင်မလဲ။
လွှတ်တော်ထဲကို တကယ်လို့ ကျွန်တော်တို့ ပါတီရောက်ခဲ့ရင် လွှတ်တော်
ထဲမှာရှိတဲ့ နိုင်ငံရေးပါတီတွေ အားလုံးရဲ့ သဘောထားကို ရယူပြီး ပြည်သူ
တွေအတွက် အကျိုးရှိမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပေး မယ်။ ပြည်သူတွေကို အနှောင့်အယှက်ဖြစ်မယ့်၊ ပြည်သူတွေကို ဒုက္ခ ဖြစ်မယ့် ဥပဒေကို ပယ်ဖျက်ဖို့ကို အများပါတီတွေနဲ့ ပူးပေါင်း ပြီးတော့ ဆောင်ရွက်ပေးမယ်။ ဒါကျွန်တော်တို့ ပါတီရဲ့ သဘောထား။

လွှတ်တော်ထဲ ရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘယ်လောက်အထိ ပါဝင်ပံ့ပိုးပေးနိုင်မယ်လို့ မျှော်မှန်းပါလဲ။
ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာက လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးနဲ့ ပြည်သူတွေအားလုံးရဲ့အပေါ်မှာ မူတည်ပါတယ်။ လွှတ်တော်တစ်ခု
တည်းနဲ့ မရပါဘူး။ ပြည်သူတွေပါဝင်နိုင်ဖို့ လိုတယ်။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခု ညီညွတ်ဖို့ရယ်၊ ပြည်သူတွေရဲ့ ထောက်ခံမှုရဖို့ရယ်က အဓိကပဲ။

ပြည်သူတွေရဲ့ အဓိကပြ ဿနာဖြစ်တဲ့ ၀င်ငွေ၊ ထွက်ငွေ မျှတအောင် ဘယ်လိုကူညီပေးဖို့ စဉ်းစားထားလဲ။
ကျွန်တော်တို့ပါတီအနေနဲ့ ပြည်သူတွေရဲ့ စီးပွားရေးကို မြှင့်တင်ပေးနိုင် အောင် လုပ်ဖို့ရည် ရွယ်ချက်ရှိတယ်။ ဒါကလည်း ပါတီတွေတင်လုပ်လို့ မရဘူး။
အစိုးရရော၊ ပြည်သူရော ငွေရှင်ကြေးရှင်တွေရဲ့ ပံ့ပိုးမှုရော အားလုံးဝိုင်းဝန်းလုပ်မှ အောင်မြင်နိုင်မယ်။ ဆိုပါတော့ အခုဖြစ်နေတဲ့ လုပ်ခကြေးငွေအနည်းဆုံး ၃၆၀၀ ပြဿနာ။ ဆိုတော့ ဒီအလုပ်သမား ပြဿနာဟာ အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ တစ်နေ့ကို ၈ နာရီခိုင်း မယ်။ လုပ်ခ ၃၆၀၀ ပေးပါ။ တချို့အလုပ်ရှင်တွေကလည်း ပေးမယ်။ တချို့လည်း မပေးဘူးပြောတယ်။ ဒါပေမဲ့ အဲဒီအလုပ်ရှင်တွေက ၃၆၀၀
ပေးခြင်းသည် သူတို့ရဲ့ အကျိုးအမြတ်ပေါ်မှာ သိပ်ထိခိုက်စရာ အကြောင်းသိပ်မရှိဘူး။ မပေးခြင်းသည် သူတို့ရဲ့အကျိုးအမြတ်ကို ပိုလိုချင်လို့။ အဲဒီအားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ရင်တိုင်းပြည်ရဲ့ စီးပွားရေးလည်း တိုးတက်
မယ်။ နိုင်ငံရေးပါတီတွေကလည်း ၀ိုင်းဝန်းပြီးတော့ ဒီအခြေအနေတွေ ကို ကူညီရမယ်။ အဲဒီလိုဖြစ်ဖို့ ကျွန်တော်တို့ပါတီက ဆန္ဒရှိတယ်။

ပြည်သူတွေက အန်ကယ်တို့ ပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
အဓိကက ပြည်တွင်းငြိမ်းချမ်းရေးက နံပါတ်−၁၊ နောက်တစ်ချက်က စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အဲဒီနှစ်ချက်ကို အဓိကထားပြီး မဲဆွယ်မယ်။

သမ္မတလောင်းရွေးချယ် ခွင့် ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။ ဘယ်လိုမူဝါဒတွေ ရှိလဲ။
ကျွန်တော့်သဘောတစ်ခုတည်းနဲ့ ပြောရရင် တိုင်းပြည်ပေါ်မှာ သစ္စာရှိပြီး ကိုယ်ကျိုးမဖက်တဲ့ လူတော်လူကောင်း၊ အဲဒီလိုလူမျိုးကို ရွေးမယ်။
လူတော်တယ်။ ကောင်းတယ်။ ဒါပေမဲ့ ကိုယ်ကျိုးဖက်တယ်ဆိုရင် တိုင်းပြည်အတွက် အလကားပဲ။ ကိုယ်ကျိုး မဖက်တဲ့ လူတော်လူကောင်း၊ တိုင်းပြည်
အပေါ် သစ္စာရှိတဲ့ လူမျိုးကို ရွေးချယ်မယ်။

ဥက္ကဋ္ဌအသက် - (၈၀)နှစ်
ပညာအရည်အချင်း-IA (ဒုတိယနှစ်)
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၅၄တွင် မြောင်းမြခရိုင်
ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့၊ တကသအဖွဲ့ဝင်၊ ဖဆပလ
လူငယ်(မြောင်းမြခရိုင်ဥက္ကဋ္ဌ)နှင့် ဖဆပလ အဖွဲ့ဝင်အဖြစ် တာဝန်ယူ ခဲ့သည်။
ကုန်သွယ်ရေးဦးစီးဌာနတွင် မန်နေဂျာရာထူးဖြင့် ဆယ်နှစ်ခန့်
တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၅တွင် အငြိမ်းစားယူခဲ့၊ ၁၉၇၅နောက်ပိုင်း
တွင် ကျောင်းသား၊ တိုင်းရင်းသားအင်အားစုများနှင့် ပူးပေါင်း၍ နိုင်ငံရေး
လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၂၀၁၅ တွင် ပြည်ထောင်စု ဒီမိုကရေစီ
ပါတီ တာဝန်စတင်ဆောင်ရွက်ခဲ့ သည်။

လက်ရှိအလုပ်အကိုင် - နိုင်ငံရေးသမား။
စံပြပုဂ္ဂိုလ်- ဟံသာဝတီဦးဝင်းတင်၊ ဦးရွှေအုန်း(ပြည်ထောင်စု ဒီမိုကရေစီ
ပါတီဥက္ကဋ္ဌဟောင်း)
ပါတီဥက္ကဋ္ဌဟောင်း)
ဖုန်း- ၀၉−၂၆၀၇၉၇၇၇၃
http://7daydaily.com/election-2015
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။