နယ်စပ် အပြန်အလှန် ပစ်ခတ်မှုများအပြီး မြောက်ကိုရီးယား စစ်တပ်များကို အမြင့်ဆုံး တပ်လှန့်ထား

Photo - BBC
နှစ်နိုင်ငံ နယ်စပ်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြောက်ကိုရီးယားက ၎င်းတို့၏ တပ်ဖွဲ့များကို အမြင့်ဆုံးအဆင့် စစ်ပြင်ထားရန် တပ်လှန့်ပြီး တောင်ကိုရီးယားကို ခြိမ်းခြောက်လာကြောင်း သိရသည်။

နှစ်နိုင်ငံနယ်ခြားရှိ စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲပြီး တောင်ကိုရီးယား စစ်သည်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့်နောက် တောင်ကိုရီးယားက နယ်စပ်ဒေသရှိ နှစ်ပေါင်းအတော်များများ အသုံးမပြုသည့် မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့်သည့် လော်စပီကာများကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ဩဂုတ် ၂၀ ရက်တွင် မြောက်ကိုရီးယားဘက်က အဆိုပါ လော်စပီကာ တစ်လုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယားကလည်း တုံ့ပြန်ပစ်ခတ်ခဲ့သည်။
မြောက်ကိုရီးယား၏ ရန်စမှုကို မိမိတို့က လက်နက်ကြီးဖြင့် အချက်ရေ အတော်များများ တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသော်လည်း မြောက်ကိုရီးယားကမူ မိမိတို့ဘက်မှ ပစ်ခတ်မှု တစ်စုံတစ်ရာ မရှိခဲ့ဟု ငြင်းဆိုထားသည်။
ဩဂုတ် ၂၁ ရက်တွင်မူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကစစ်တပ်များ အားလုံးကို စစ်ဖြစ်နေသည့် ကာလအတောအတွင်း ရောက်ရှိနေသကဲ့သို့ ပြင်ဆင်ထားရန် တပ်လှန့် နှိုးဆော်လိုက်သည်။ 
တောင်ကိုရီးယားဘက်မှ မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် လော်စပီကာများ ဖွင့်လှစ်နေမှုနှင့် ပတ်သက်ပြီး စိတ်ဓာတ်ရေးရာ စစ်ဆင်မှု နည်းလမ်းများကို မြောက်ကိုရီးယား အနေဖြင့် လက်မခံကြောင်း၊ ယင်းအပြုအမူသည် မိမိတို့ကို ပွင့်ပွင့်လင်းလင်း စစ်ကြေညာသည့် သဘောမျိုး သက်ရောက်ကြောင်း မြောက်ကိုရီးယား အစိုးရပိုင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့အပြင် လက်ရှိ အနေအထားသည် အလုံးစုံ စစ်ပွဲကြီးတစ်ရပ် အစပြုရန် အနီးစပ်ဆုံး ဖြစ်နေပြီဟုလည်း KCNAက ခြိမ်းခြောက်သွားခဲ့သည်။
တောင်ကိုရီးယားကမူ မိမိတို့သည် လော်စပီကာများမှ ဝါဒဖြန့် အသံလွှင့်မှုများကို ဆက်လက် အကောင်အထည် ဖော်နေမည်ဖြစ်ကြောင်း ဆိုသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဂျွန်ကာဘီကမူ အမေရိကန် အစိုးရသည် အဆိုပါ အခြေအနေကို အလေးအနက် စောင့်ကြည့်နေကြောင်း ဆိုသည်။ လော်စပီကာများကို မြောက်ကိုရီးယားက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲချက်နှင့် ပတ်သက်ပြီးမူ ကာဘီက “ဒီလို ရန်စတဲ့ အပြုအမူမျိုးက တင်းမာမှုတွေကို ပိုပြီး မြင့်တက်လာတာပဲ ဖြစ်စေလိမ့်မယ်။ မြောက်ကိုရီးယား အနေနဲ့ သူတို့ရဲ့ လုပ်ရပ်ကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့အပေါ် ပြန်သုံးသပ် ဆင်ခြင်သင့်ပါတယ်”ဟု ပြောကြားသွားသည်။ 
_Ref: 7Day News Journal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။