ရခိုင်ပြည်နယ် မြောက်ဦးတွင် ဇူလိုင်နောက်ဆုံး ပတ်မှစတင်၍ ရာသီဥတုဆိုးရွား ပြီး ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ သော်လည်း မြောက်ဦးမြို့ ရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ် များ ပျက်စီးဆုံးရှုံးခြင်း မရှိခဲ့ ကြောင်း ရှေးဟောင်းသုတေသန ဌာနမှ သတင်းရရှိသည်။
‘‘ရေကြီး နစ်မြုပ်မှုကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအ နှစ်တွေ ပျက်စီးဆုံးရှုံးတာမရှိခဲ့ပါ ဘူ။ ဒါပေမဲ့ သျှစ်သောင်းပုထိုး တော်ကအရန် စေတီငယ်တစ်ဆူ က ထီးတော်တော့ မြေခခဲ့ရပါ တယ်။ တခြား ပျက်စီးတာတွေ တော့မရှိပါဘူး’’ ဟု ရှေးဟောင်း သုတေသန ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
သျှစ်သောင်း ပုထိုးတော်ရှိ အရန်စေတီငယ်တစ်ဆူသည် ထီး တော်နှင့် လျှပ်စစ်မီးကြိုး ချည် နှောင်ထားသဖြင့်လေပြင်းတိုက် ခတ်၍ မီးတိုင်ပြိုလဲသည့်အချိန်၌ ထီးတော်မြေခခဲ့ရကြောင်း သျှစ်သောင်းဘုရားဂေါပက အတွင်းရေးမှူးကပြောသည်။
‘‘စေတီပုထိုးတော်တွေရဲ့ထီး တော်တွေမှာ လျှပ်စစ်မီးကြိုးချည် နှောင်ပြီး မီးထွန်းတာကို တခြား တစ်နည်းနည်းနဲ့ ဆောင်ရွက်ဖို့လုပ် နေပါပြီ။ ပြီးတော့စေတီပုထိုးတွေ မှာ မီးထွန်းထားတဲ့ လျှပ်စစ်မီးကြိုး သွယ်ထားတာလည်း စနစ်တကျ မရှိဘဲ ဖြစ်သလိုဖြစ်နေပါတယ်။ အဲဒါတွေကို ပြန်ပြီးစနစ်တကျပြင် ဖို့လိုနေပါပြီ’’ဟု ရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက အကြံပြု ပြောကြားသည်။
မြောက်ဦးမြို့တွင် ဇူလိုင် နောက်ဆုံးပတ်က ရာသီဥတု ဆိုး ရွားခြင်း၊ ရေကြီးနစ်မြုပ်ခြင်းတို့ ကြောင့် မြေပြန့်ရှိ ရှေးဟောင်းစေ တီပုထိုးများ ရေနစ်မြုပ်ခဲ့ကြောင်း သတင်းရရှိသည်။
http://7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။