တောင်ကိုရီးယားမီဒီယာ Daily Sports သည် ကိုရီးယား သရုပ်ဆောင်မင်းသမီးများနှင့် ဇာတ်လမ်းတွဲအပိုင်းတစ်ပိုင်း လျှင် ၎င်းတို့ရရှိသော အနုပညာ ကြေးကို စာရင်းပြုလုပ် ဖော်ပြခဲ့ သည်။
လီယောင်အေးနှင့်ဂျွန်ဂျီဟွန်းတို့သည် ဇာတ်လမ်းတွဲအပိုင်း တစ်ပိုင်းလျှင် ကိုရီးယားဝမ်သန်း ၁၀၀ (ကန်ဒေါ်လာ ၈၄,၀၀၀) ရရှိသည်ဟု Daily Sports သတင်းကဖော်ပြသည်။ လီယောင်အေး နှင့် ဂျွန်ဂျီဟွန်းတို့သည် ဒရာမာ ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်မှုနည်းပြီး အနုပညာကြေးမြင့်မားစွာရရှိသော သရုပ်ဆောင်မင်းသမီးများဖြစ်သည်။ လီယောင်အေးသည် Siamdang, the Herstory ဒရာမာဇာတ်လမ်း တွဲသစ်ကို လက်ခံထားပြီး ယင်း ဒရာမာဇာတ်လမ်းတွဲကို ပူးတွဲ ထုတ်လွှင့်မည့် Emperor's Groupကုမ္ပဏီက ဒရာမာဇာတ်လမ်းတွဲ ထဲသို့ ကိုရီးယားဝမ် ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်ဟု Han cinema သတင်းကဖော်ပြသည်။
လီယောင်အေးကဲ့သို့ပင် ဒရာမာဇာတ်လမ်းတွဲတွင် သရုပ် ဆောင်မှုနည်းသော ဂျွန်ဂျီဟွန်း သည်လည်း ဇာတ်လမ်းတွဲအပိုင်း တစ်ပိုင်းလျှင် အနုပညာကြေး သန်း ၁၀၀ ရရှိသူဖြစ်သည်။ Happy Together ဒရာမာဇာတ်လမ်းတွဲပြီးနောက် ၁၄ နှစ်အကြာ တွင်မှ ဇာတ်လမ်းတွဲပြန်လည် ရိုက်ကူးသည့် ဂျွန်ဂျီဟွန်းနှင့် ပူးတွဲ အလုပ်လုပ်နိုင်ရန် ကုမ္ပဏီများနှင့် ကြော်ငြာအေဂျင်စီများ အကြိတ် အနယ် ယှဉ်ပြိုင်ကြသည်ဟု သတင်းကဖော်ပြသည်။
ကေဒရာမာစတား ဆောင်း ဟေကိုသည် ဇာတ်လမ်းတွဲအပိုင်း တစ်ပိုင်းလျှင် အနုပညာကြေး ဝမ် သန်း ၆၀ (ကန်ဒေါ်လာ ၅၀,၀၀၀)ရရှိသည်။ ဆောင်းဟေကို၏ နောက်တွင် ဂိုဟွန်ဂျောင်း၊ ဟာဂျီ ဝမ်နှင့် ချွဲဂျီဝူးတို့က ဇာတ်လမ်းတွဲ တစ်ပိုင်းစာအတွက် အနုပညာ ကြေး ဝမ်သန်း ၅၀ (ကန်ဒေါ်လာ၄၂,၀၀၀)ရရှိသည်။ ကင်ထယ်ဟီးသည် ဇာတ်လမ်းတွဲ အပိုင်း တစ်ပိုင်းစာအတွက် အနုပညာ ကြေးဝမ်သန်း ၄၀(ကန်ဒေါ်လာ ၃၃,၅၀၀)ရရှိသည်။ It's Okay,That's Love မင်းသမီး ဂေါင်ဟိုဂျင်းသည် ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းလျှင် ကိုရီးယား ဝမ် ၃၅သန်း (ကန်ဒေါ်လာ ၃၀,၀၀၀)ရရှိသည်။ ပတ်ဘိုယောင်းနှင့် ရှင်မင်အာတို့သည် ဇာတ်လမ်းတွဲအပိုင်းတစ်ပိုင်းလျှင် ကိုရီးယားဝမ်သန်း ၃၀ (ကန်ဒေါ်လာ ၂၅,၀၀၀) ရရှိပြီး ပတ်ရှင်ဟေးနှင့် မွန်းချယ်ဝမ်တို့သည် ဇာတ်လမ်းတွဲအပိုင်းတစ်ပိုင်းလျှင် ကိုရီးယားဝမ် ၂၅ သန်း (ကန်ဒေါ်လာ ၂၁,၀၀၀)ရရှိသည်။ကေပေါ့ပ် စတားများဖြစ်သော ဆူဇီနှင့် ယွန်နာတို့သည် ဇာတ်လမ်းတွဲတစ်ပိုင်းလျှင် ကိုရီးယားဝမ်သန်း ၂၀ (ကန်ဒေါ်လာ ၁၇,၀၀၀)ရရှိသည်ဟု Daily Sports သတင်းက ဖော်ပြခဲ့သည်။
http://7daydaily.com/
About Kyauk Phru Net
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။