အောင်သူ အာဆီယံအကောင်းဆုံး လူငယ်ကစားသမားဆုရ

၂၀၁၄ အာဆီယံ လူငယ်အကောင်းဆုံးဘောလုံးသမားဆုကို အောင်သူ လက်ခံရယူနေစဉ် (ဓာတ်ပုံ − နစ်ကီ)
မြန်မာ ယူ-၂၀ ဘောလုံးအသင်း၏ တိုက်စစ် မှူး အောင်သူသည် ၂၀၁၄ အတွက် အာဆီယံအကောင်း ဆုံးလူငယ်ကစားသမားဆု ရရှိခဲ့သည်။
ရန်ကုန်မြို့ နိုဗိုတယ်မက်စ် ဟိုတယ်တွင် ကျင်းပသော အာဆီ ယံ အကောင်းဆုံး ဘောလုံးဆုများ ချီးမြှင့်ပွဲတွင် နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ဘက် များကို အခက်တွေ့အောင် ခြေ စွမ်းပြခဲ့သည့် တိုက်စစ်မှူးအောင် သူက အာဆီယံ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ သည်။
အောင်သူသည် ဗီယက်နမ် လူငယ် ကစားသမား ငုရင်ခုန် ဖောင်နှင့် မြန်မာယူ-၂၀ အသင်း မှ ကွင်းလယ်ကစားသမား ကျော် မင်းဦးတို့ကို ဖြတ်ကျော်ပြီး အ ကောင်းဆုံးဆု  ရရှိခဲ့ခြင်း  ဖြစ် သည်။
‘‘အာဆီယံ မက်ဆီလို့ တင် စားခေါ်ဝေါ်ခြင်း ခံခဲ့ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါ တယ်။ ကျွန်တော်ကြိုက်နှစ်သက် တဲ့ ကစားသမားနဲ့ နှိုင်းယှဉ်ခြင်းခံခဲ့ရတဲ့အတွက် အရမ်းပျော်ပါ တယ်။ ဒီဆုကြောင့် ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာပိုပြီး ခွန်အား ဖြစ်စေပါတယ်။ နောက်လာမယ့် ပြိုင်ပွဲတွေမှာလည်း အသင်းဖော် တွေနဲ့ အတူတူအကောင်းဆုံးကြိုး စားပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကို မြှင့် တင်သွားဖို့အတွက် ရည်ရွယ်ထား ပါတယ်’’ဟု လူငယ်အကောင်းဆုံး ကစားသမားဆုရ အောင်သူက ပြောသည်။
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ သို့ အာဆီယံနိုင်ငံများထဲမှ မြန်မာတစ်သင်းသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး၊ အာရှတိုက်မှ လေးသင်းသာ ၀င်ပြိုင်ခွင့်ရကာ လေးသင်းစလုံး အုပ်စုမှ ထွက်ခဲ့ရသည်။  
ထို့အပြင် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်က ၂၀၁၄ အတွက် အာဆီယံအကောင်းဆုံးအဖွဲ့ချုပ် ဆုကို ရရှိခဲ့သည်။
၂၀၁၄အတွက် ဘောလုံးနှင့် ပတ်သက်သည့် ထူးချွန်ဆု ၁၈ဆု ချီးမြှင့်ရာ အာဆီယံအကောင်းဆုံး လူငယ်ကစားသမားဆုကို အောင် သူကရရှိပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က အကောင်းဆုံးအဖွဲ့ ချုပ်ဆု ထပ်မံရရှိခြင်းဖြစ်သည်။
ထိုင်းနိုင်ငံက နည်းပြအမျိုး သားနှင့် အမျိုးသမီး၊ ကစားသမား အမျိုးသားနှင့် အမျိုးသမီး၊ လက် ရွေးစင်အသင်း အမျိုးသားနှင့် အမျိုးသမီးဆုများအပါအ၀င် ဆု ကိုးခုဖြင့် အများဆုံးရရှိခဲ့ပြီးမလေးရှားနိုင်ငံက ငါးဆု၊ မြန်မာ နိုင်ငံက နှစ်ဆု၊ စင်ကာပူနှင့် ဗီယက်နမ်တို့က တစ်ဆုစီအသီးသီးရရှိခဲ့သည်။
အကောင်းဆုံးဂိုးသွင်းသူစာ ရင်းတွင် မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူးကျော်ဇေယျာဝင်း၏ သွင်းဂိုးမှာ ပဏာမစာရင်း၌ ပါဝင် ခဲ့သော်လည်း ဗီယက်နမ်နှင့်ဖိလစ် ပိုင်ပွဲတွင် သွင်းယူခဲ့သောဂိုးဖြင့် ဗီယက်နမ်မှ လီဟောင်ဘတ်က အကောင်းဆုံးဂိုးသွင်းဆုကို ရရှိခဲ့ သည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။