ရန်ကုန်၊ သြဂုတ် ၃၁

ရခိုင်ရေဘေးအထူးထုတ် နိရဉ္စရာ ရခိုင်သတင်းဂျာနယ် အမှတ် ၂ ၊ အတွဲ၃ သည် ယမန်နေ့က ထွက်ရှိလာပြီ ဖြစ်သည်။
ယခု အပတ် နိရဉ္စရာ ရခိုင်သတင်း ဂျာနယ်တွင် ရခိုင်ရေဘေးနှင့် ပတ်သက်ပြီး ရခိုင်ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံ မေးမြန်းခန်းများကိုသာမက ရေဘေးအကူအညီ ဆောင်ရွက်သူများနှင့် တွေ့ဆုံ မေးမြန်းထားချက် အများအပြားကို ဖော်ပြထားသည်။
အင်တာဗျူးတွင် ရခိုင် ရေဘေးသင့် ဒေသသို့ ကိုယ်တိုင်သွားရောက်ပြီး အကူအညီ အထောက်အပံ့များ သွားရောက် လှူဒါန်းခဲ့ကြသည့် အလိုတော်ပြည့် ဆရာတော်ကြီး၊ ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ အရေးပေါ် ကူညီထောက်ပံ့ရေး ဖော်ဆောင် မှု ကော်မတီ ခေါင်းဆောင် ဒေါ်အေးနုစိန်၊ ဦးဦးသန်းနိုင် (ရသေ့တောင်)၊ ခိုင်ကောင်းစံ (၀ံလက် ဖောင်ဒေးရှင်း)၊ ကိုမြင့်ဇော် (သံတွဲ)၊ ဦးထွန်းဝေ (ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန)၊ ဦးစိုးစိုး (ငပလီ) ၊ ဒေါ်တင်မေအောင်၊ ဒေါ်ခင်သန်းတို့ အပါ အ၀င် လေးမြို့မြစ်ကမ်းဘေးရှိ လေညှင်းတောင် အထက်ရွာတွင် သီတင်းသုံးနေသာ အရှင် ဇေယန္တဗောဓိ၏ အင်တာဗျူး များကို ဖော်ပြထားပါသည်။
ယင်းပြင် သြဂုတ်လ ၁၇ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း ဖြေကြားခဲ့သော မေးခွန်း (၃) ခုကိုလည်း ထည့်သွင်း ဖော်ပြထားသည်။
ဆောင်းပါး ကဏ္ဍတွင် သူရိယစိုး၏ ကျောက်စရစ်မာခေါင်ခေါင်မှာ အတောင်ကျွတ်သောကြိုးကြာ ရေရှာ၍ မတွေ့ ဆောင်းပါး၊ သူရကျော်၏ သူရဦးရွှေမန်းသည် ခေတ်သစ်ကျန်စစ်မင်း ဖြစ်လာလေမလား၊ မောင်ခိုင်မင်း၏ အလွန်အကျွံ မြေဂရံနှင့် သစ်တော အပြောင်းရှင်းသောကြောင့် ဆောင်းပါး၊ ကျွန်းစဉ်မြေစောခက်၏ တို့လည်းပါတယ် ချန်မထားနဲ့ ဆောင်းပါး ၊ မောင်ယုယ (ပျားတဲ)၏ ပွဲတော်အတု ရွှေရည်စိမ် ဒီမိုကရေစီနှင့် ငါးနှစ်တာ ဆောင်းပါး၊ မောင်မောင်ကျော့ဝေ (ပလက်ဝ)၏ ရခိုင်မြောက်ပိုင်းမှ ခမီးသွေးချင်းများ ဆောင်းပါး၊ မောင်နေပူ (တောင်ကုတ်)၏ ဟိုတုန်းက လုပ်လက်စ နေပူတောင်ကို ဘာကြောင့် ပိတ်သိမ်းခဲ့ရ သလဲ ဆောင်းပါး ၊ စောထွန်းခိုင်၏ သြဂတ်စ် ၁၃ (သို့မဟုတ်) သွေး စွန်းသော နေ့ရက် ဆောင်းပါးနှင့် နေဇော်အောင်၏ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက် ဘာသာပြန် ဆောင်းပါးတို့ကို တ၀ကြီး ဖတ်ရှုကြရမည် ဖြစ်သည်။
၎င်းပြင် ရခိုင်ပြည်နှင့် ပတ်သက်သော သတင်းများ၊ မြန်မာ သတင်းများ၊ နိုင်ငံတကာ သတင်းများကိုလည်း အချပ်ပို စာမျက်နာ (၄) မျက်နာဖြင့် ဝေေ၀ဆာဆာ ထည့်သွင်း ဖော်ပြထားပါသည်။
___Narinjara
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။