နိုင်ငံသမိုင်းတွင် အမြင့်ဆုံး ကာကွယ်ရေး စရိတ် အသုံးပြုနိုင်ရန် ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန အဆိုတင်

ဂျပန် ကာကွယ်ရေးဝန်ကြီး (ဓာတ်ပုံ - AFP)
ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနသည် သမိုင်းတစ်လျှောက် နိုင်ငံ၏ အမြင့်ဆုံး ကာကွယ်ရေး အသုံးစရိတ်မျိုး ရရှိပြီး လက်နက်များ အဆင့်မြှင့်တင် ဝယ်ယူသွားရန် ဆန္ဒရှိနေကြောင်း သိရသည်။

ကာကွယ်ရေး ဝန်ကြီးဌာနသည် တရုတ်၏ ဒေသတွင်း ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို အမြင့်ဆုံး ထုတ်သုံးပြီး အဆင့်မြင့် ရေဒါစနစ် တပ်ဆင်ထားသည့် Aegis ဖျက်သင်္ဘော တစ်စီးနှင့် F-35 ပဉ္စမမျိုးဆက် တိုက်လေယာဉ်များ ဝယ်ယူသွားရန် လိုလားလျက် ရှိသည်။
ဧပြီလတွင် အစပြုမည့် လာမည့် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ် ယန်းငွေ ၅.၁ ထရီလီယံ (တစ်နည်းအားဖြင့် ဒေါ်လာ ၄၂ ဘီလီယံမျှ) အသုံးပြုခွင့်ပေးရန် ဝန်ကြီးဌာနက လွှတ်တော်သို့ အဆိုပြုထားသည်။ ယင်းသည် ယခုနှစ် ကာကွယ်ရေး အသုံးစရိတ်ထက် ၂.၂ ရာခိုင်နှုန်း မြင့်တက်လာသည့် ပမာဏ ဖြစ်သည်။
ထို့အပြင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လက်ထက်တွင် လေးနှစ်ဆက်တိုက်အဖြစ် နှစ်အလိုက် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ရန် ခြေလှမ်း ပြင်လာခြင်းလည်း ဖြစ်သည်။ အာဘေးသည် ဂျပန်၏ ကာကွယ်ရေး အသုံးစရိတ် ၁၀ နှစ်ကြာ လျှော့ချထားမှုကို အဆုံးသတ်စေခဲ့သူလည်း ဖြစ်သည်။
ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီအစဉ်များတွင် ထောက်လှမ်းရေး ရဟတ်ယာဉ် ၁၇ စီး၊ F-35 တိုက်လေယာဉ် ၆ စီး၊ ခေတ်မီ မောင်းသူမဲ့လေယာဉ် (ဒရုန်း) ၃ စီးတို့ ဝယ်ယူသွားရန်လည်း ပါဝင်သည်။ ထို့အပြင် Soryu-Class ရေငုပ်သင်္ဘောတစ်စီး တည်ဆောက်ရေးသည်လည်း အာရှတိုက် အရှေ့ဘက် ကမ်းလွန်ရှိ ကျွန်းနိုင်ငံ၏ ကာကွယ်ရေးနှင့် ကင်းထောက်လှမ်းမှု စွမ်းရည်ကို မြှင့်တင်မည့် စီမံကိန်းတွင် အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်နေသည်။
အရှေ့အာရှတွင် တရုတ်၏ စစ်အင်အား ကြီးထွားလာသည့် ခြိမ်းခြောက်မှုကို တုံ့ပြန်ရန် ဂျပန်အစိုးရက အလေးအနက် ပြင်ဆင်နေကြောင်းလည်း သိရှိရသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။