ANP ထိပ်တန်းခေါင်းဆောင်များ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ခေါင်းဆောင်များနှင့် တွေ့ဆုံ

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊ဩဂုတ် ၃၀

ရခိုင်အမျိုးသားပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်ပါတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို လှိုင်သာယာ မြို့နယ်နှင့် ရွှေပြည် သာမြို့နယ်များရှိ ရခိုင်အမျိုးသားပါတီ ရုံးများတွင် ဩဂုတ်လ ၃၀ ရက် တနင်္ဂနွေနေ့ နေ့လယ်က ပြုလုပ်ခဲ့ကြသည်။

“ မြန်မာနိုင်ငံရေး အရွေ့မှာ ရခိုင် လူမျိုးတွေ လိုက်ပါရွေ့လျားနိုင်အောင် စုစည်းညီညွတ်ထားရပါမယ်” ဟု ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌဒေါက်တာ အေးမောင်က အခမ်းအနားတွင်ပြော သည်။

ရန်ကုန်တိုင်းဒေသကြိံး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြိံး ဦးဇော်အေးမောင်မှလည်း “ ရန်ကုန် တိုင်းဒေသကြိံးမှာရှိတဲ့ ရခိုင်တိုင်းရင်း သားတွေရဲ့ အကျိုးကို ပိုမိုဆောင်ရွက်နိုင်စေဖို့ ရခိုင်တိုင်းရင်းသားတိုင်း မိမိတို့ ရခိုင်အမျိုးသားပါတီကို ဝိုင်းဝန်း ကူညီလက်တွဲဆောင်ရွက်ကြပါ” ဟုဆို သည်။

“ ရန်ကုန်တိုင်းဒေသကြိံးမှာ ရခိုင်တိုင်းရင်းသားတွေ နေရာအများစု ၀င်ရောက်ယှဉ်ပြိုင်တာဟာ ရခိုင်အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်နိုင်ဖို့အတွက် သမိုင်းဝင်ခြေလှမ်းသစ်ဖြစ်သလို ရန်ကုန်တိုင်းမှာ ရခိုင်လူမျိုးတွေ အများကြိံး နေထိုင်နေကြပြီ ဆိုတာကို ပြတာလည်းဖြစ်ပါတယ်” ဟု ရခိုင် အမျိုးသား ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆရာ ဦးဦးလှစောက ဆိုသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌဒေါက်တာ အေးမောင်၊ ပါတီခေါင်းဆောင်များဖြစ် သည့် ဦးဦးလှစော၊ ဦးခိုင်ပြည်စိုး၊ ဗဟို ကော်မတီဝင် ကိုခိုင်ကျော်မိုး၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြိံး ဦးဇော် အေးမောင်အပါအ၀င် ရန်ကုန်တိုင်း ဒေသကြိံးမှ ၀င်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်းများ၊ဧရာဝတီ တိုင်းဒေသကြိံးမှ ရခိုင် တိုင်းရင်းသား ရေးရာဝန်ကြိံး ၀င်ရောက်အရွေးခံမည့် ဦးစိုးဝင်း နှင့် မြို့နယ်ပါတီဝင်များ၊ စိတ်ဝင်စားသူများ တက်ရောက်ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီသည် မြန်မာနိုင်ငံမှ တိုင်းရင်းသား ပါတီကြိံးတစ်ခုဖြစ်သည့် အပြင် ၂၀၁၅ ရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်လောင်း ၇၆ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထိုအထဲတွင် ရန်ကုန်တိုင်း ဒေသကြိံ၌ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြိံးအပါအ၀င် ကိုယ်စားလှယ် ၉ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

___Narinjara 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။