မုတ်သုံလေဖိအားနည်း ချိုင့်ဝှမ်းတစ်ခုရခိုင်နှင့် ချင်းပြည်နယ်ကို ဖြတ်သန်းနေသောကြောင့် ရခိုင်ပြည်နယ်ဒေသအချို့ နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ခန့်က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မိုးကြီးခဲ့ခြင်းမှာလည်း မုတ်သုံလေဖိအားနည်းချိုင့်ဝှမ်းကြောင့်ပင်ဖြစ်ပြီး လက်ရှိတွင်ရခိုင်ပြည်နယ်ဒေသ အချို့၌ နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။ အမ်းနှင့် မြေပုံမြို့တွင် မိုးပိုမိုအားကောင်းနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မုတ်သုံလေအားကောင်းနေသောကြောင့် ရခိုင်၊ မွန်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် လာမည့်နှစ်ရက်အတွင်း နေရာကွက်၍ မိုးကြီးမည်ဟုသတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် နှစ်ရက်အတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်၊ မွန်၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကောင်းခဲ့သောကြောင့် ယင်းဒေသတောင်ပေါ်နေရာများတွင် မြေပြိုမည့်အန္တရာယ်သတိပြုရန်လိုသည်ဟု မိုးဇလဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
မုတ်သုံလေအားကောင်းနေသောကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများအနေဖြင့် လေပြင်းအန္တရာယ်သတိပြုသင့်သည်ဟု ဦးကျော်မိုးဦးက သတိပေးသည်။
http://7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။