ဘူးသီးတောင်အမတ် ဦးရွှေမောင်ကိုကိုယ်စားလှယ်လောင်းအဖြစ်မှကော်မရှင်ပယ်ချ

လာမည့် ရွေးကောက်ပွဲတွင် ဘူးသီးတောင်မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူ၊ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်(ခ) အဒူရော်ဇောက်ကို ၎င်း၏ မိဘများမှာ နိုင်ငံသားမဟုတ်ခဲ့သဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချခံခဲ့ရသူ ဦးရွှေမောင်သည် လက်ရှိတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ဘူးသီးတောင်မြို့နယ်မှ အနိုင်ရရှိခဲ့သူလည်းဖြစ်သည်။
ထိုစဉ်က ဦးရွှေမောင်(ခ) အဒူရော်ဇောက်၏ လျှောက်လွှာ ကို ခရိုင်ရွေးကောက်ပွဲကော်မရှင် က ပယ်ချခဲ့သော်လည်း ကြံ့ခိုင် ရေးပါတီအကြီးအကဲများက အတင်းအဓမ္မထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဟောင်းဦးသာသာမောင်က ပြောကြားသည်။

ဦးရွှေမောင် (ခ) အဒူရော် ဇောက်ကို ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းလျှောက် လွှာတင်သွင်းထားသူ ဦးအောင် သောင်းရွှေက ဩဂုတ် ၁၉ ရက် တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာတင်သွင်းခဲ့ ခြင်းဖြစ်သည်။
 ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ရွေး ကောက်ပွဲဝင်ရန် အမည်စာရင်း တင်သွင်းထားသူ ဦးရွှေမောင် (ခ) အဒူရော်ဇောက်၏ ဆွေစဉ် မျိုးဆက်ဇယားကို ခရိုင်ကော် မရှင်က တောင်းယူစိစစ်ခဲ့ရာ ၎င်း မွေးဖွားချိန်တွင် နိုင်ငံသားမိဘနှစ် ပါးက မွေးဖွားသူမဟုတ်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်က စိစစ် တွေ့ရှိခဲ့သည်။
ထို့ကြောင့် ဦးရွှေမောင်ကို ဩဂုတ် ၂၂ ရက်တွင် ကိုယ်စား လှယ်လောင်းအဖြစ်မှ ပယ်ချ လိုက်ခြင်းဖြစ်ကြောင်း မောင် တောခရိုင် ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့် က ပြောသည်။
‘‘ဦးရွှေမောင်(ခ) အဒူရော် ဇောက်လျှောက်လွှာကို စိစစ်တဲ့ အခါ သူ့ရဲ့ဆွေစဉ်မျိုးဆက်ဇယား ကို တောင်းယူခဲ့ပါတယ်။ အဲဒီ ဆွေစဉ်မျိုးဆက်ဇယားမှာပါတဲ့ ဦးရွှေမောင်ရဲ့ အဘိုး၊ အဘွား၊ အဖေ၊ အမေတွေရဲ့ မှတ်ပုံတင် တွေကို နိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ဖို့ လဝကကို တာဝန်ပေးခဲ့ ပြီး လဝကရဲ့ စိစစ်တွေ့ရှိချက်နဲ့ အတူ ပယ်ချလိုက်တာဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။
ခရိုင်ရွေးကောက်ပွဲကော် မရှင်က ပယ်ချလိုက်ခြင်းကို မကျေနပ်ပါက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ခုနစ်ရက်အတွင်း အယူခံဝင်နိုင်ပြီး အယူခံလွှာကို ပြည်နယ်ရွေးကောက်ပွဲကော် မရှင်က ခုနစ်ရက်အတွင်း စိစစ် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဦးအောင်ကျော်ညွန့်က ဆက်လက်ပြောသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။