ဖားကန့်တွင် စစ်သားနှင့်အရပ်သား အချင်းများရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အရပ်သားသေဆုံး

ဖားကန့်တွင် ဒေသ တွင်း လုံခြုံရေးယူထားသည့် တပ် မတော်သားတစ်ဦးနှင့် ကားသမား တစ်ဦး အချင်းများကာ ဓားဖြင့် ခုတ်ရန်ကြိုးစားသည့် အရပ်သား ကို သေနတ်ဖြင့် ပစ်ခတ်လိုက်၍ အရပ်သားသေဆုံးသွားကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၂ ရက် ညနေက မိုးကောင်း-ဖားကန့်လမ်းပေါ်ရှိ ကျောက်ဖျာကျေးရွာအနီးတွင် ယင်းအမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် ဒေသတွင်း ကွပ်ကဲမှုစစ်ဌာနချုပ် (၇)မှ သတင်းရရှိသည်။
အစိုးရတပ်မတော်ခြေမြန် တပ်ရင်း (၄၂၁) က မိုးကောင်း-ဖားကန့်လမ်းပေါ်တွင် လုံခြုံရေးယူနေစဉ် ကားမောင်းနှင်လာသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးကို ရပ်တန့်ခိုင်းရာ မရပ်ဘဲ မောင်းသွား၍ ပြဿနာဖြစ်ပွားခဲ့ခြင်းဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
‘‘သူတို့က ကားကျော်တက် ဖို့၊ မကျော်တက်ဖို့မှာ လမ်းရှင်းပေးနေတာကို စကားနားမထောင်ဘဲ ရန်ပြုမယ်လုပ်တဲ့အခါကျတော့ သေနတ်နဲ့ ခြောက်လှန့်မှုဖြစ်ခဲ့ပြီး မှန်သွားတာလေ။ လူသေမှု ၃၀၄ (က)နဲ့ အမှုဖွင့်ထားပါတယ်’’ဟုကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။
ဒုတပ်ကြပ်အဆင့်ရှိ တပ်မတော်သားက အရပ်သား၏ပါးကို သုံးချက်ထက်မနည်း   ရိုက်သော ကြောင့်  ၎င်းက  ဓားဖြင့်ခုတ်ရန် ကြိုးစားစဉ် သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ရဲတပ်ဖွဲ့ကမူ မြေပြင်အခြေအနေကို အသေးစိတ်စစ်ဆေးနေဆဲဟုပြောသည်။  ၎င်းအမျိုးသားကို ကျောက်ဖျာကျေးရွာနှင့် အနီးဆုံးရှိ လုံးခင်းဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
‘‘ကျွန်တော်တို့ကတော့ သူ့ ကို (ပြစ်မှုကျူးလွန်သည့်တပ်မတော်သား) စစ်စည်းကမ်းအရပဲ အရေးယူမှာပါ’’ဟု ကွပ်ကဲမှု စစ်ဌာနချုပ် (၇)မှ တပ်မတော်အရာ ရှိတစ်ဦးက ပြောသည်။
မိုးကောင်း-ဖားကန့်လမ်း တွင် တပ်မတော်သားအချို့သည် အရပ်သားအချို့ကို အကြောင်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ပြီး သေဆုံးသည်အထိ ပြစ်မှုကျူးလွန်မှုမကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံ    အရပ်ဘက်အဖွဲ့အစည်း အချို့ကပြောသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။