ထိုင်းအာဏာပိုင်များသည် ကန်ချနဘူရီခရိုင်တွင်မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့် Chart Mee-ngern အား နယ်စပ်ဖြတ်ကျော်မှု အထောက်အထားများအတုပြုလုပ်မှု မြန်မာခြောက်ဦး ကို ထိုင်နိုင်ငံတွင်းသို့ တရားမ ဝင်ခိုးသွင်းရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ရဲက အဆိုပါ Chart ဆိုသူသည် ပစ်ကပ်ကားကို ကိုယ်တိုင်မောင်းလာပြီး ကျန်မြန်မာငါးဦးကို ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးပြီးနောက် စစ်မေးရာတွင် ၎င်းနှင့်အဖွဲ့ သည် နယ်စပ်ဖြတ်ကျော်ခြင်းဆိုင်ရာ အထောက်အထားများကို အတုလုပ်ကြောင်း သိရသည်။
၎င်းကို ထိုင်းရဲက လူကုန်ကူးမှုနှင့် စာရွက်စာတမ်းများ အတုပြုလုပ်မှုတို့ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။ ၎င်း၏ ကားပေါ်တွင် လိုက်ပါလာသည့် တရားမဝင်မြန်မာငါးဦးကိုမူ စာရွက်စာတမ်းအထောက်အထားအတုများ ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံတွင်း ဝင်ရောက်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။