၇၆ နှစ်မြောက် ဆရာတော်ဦဥတ္တမနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျင်းပမည်

စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၃၀

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသားများအတွက် ဟောပြောပွဲ၊ ကဗျာ ရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးသွားမည်ဟု သိရှိရသည်။

အဆိုပါပြိုင်ပွဲများကို စာပေ၀ါသနာရှင်များနှင့် ပန်းချီဝါသနာရှင်များက စုပေါင်း၍ ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို သြဂုတ်လ ၂၉ ရက်နေ့က အိုးတန်း မူလတန်းကျောင်း၌ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အထက်တန်း အဆင့် ဟောပြောပွဲ ပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်နေ့တွင် အထက ၄ မဟာပညာကျော် ခန်းမ၌ မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။

မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက်နေ့တွင် အထက ၄ မဟာပညာကျော် ခန်းမ၌ မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။

အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများကို စက်တင်ဘာလ ၆ ရက်နေ့တွင် အိုးတန်း မူလတန်းကျောင်း၌ နံနက် ၉ နာရီတွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။

___Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။