ရခိုင်ပြည်နယ်သတင်းဂျာနယ်၊ သြဂုတ် ၂၉
------------------
ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်နှင့် တောင်ကုတ် ကောလိပ်တို့မှ အဝေးသင် ရခိုင် ကျောင်းသား ကျောင်းသူများအား သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ပညာသင် ထောက်ပံ့ကြေး များ ပေးအပ်သွားမည် ဖြစ်သဖြင့် လျှောက်လွှာများ ခေါ်ယူနေကြောင်း သတင်း ရရှိသည်။

လျှောက်ထားလိုသူများသည် အောက်တွင် ဖော်ပြထားသော လျှောက်လွှာ
ဖောင်ဖြင့် လိုအပ်သည်များကို ဖြည့်သွင်းပြီး၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ကို နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သည်။
ဖောင်ဖြင့် လိုအပ်သည်များကို ဖြည့်သွင်းပြီး၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ကို နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သည်။
ကျောင်းသား/ ကျောင်းသူ တစ်ဦးအား ကျပ် ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကျစီ ချီးမြှင့် ပေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့် ၂၀၁၂ အဓိဂရုဏ်းတွင် ထိခိုက်နစ်နာခဲ့ရသော ကျောင်းသားများ၊ ၂၀၁၅ ရေဘေးတွင် ထိခိုက်ခဲ့ရသောကျောင်းသားများနှင့် ၂၀၁၅ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းဝင်ထားသော်လည်း ကျောင်းတက်ရန် အခက်အခဲ ဖြစ်နေသော ကျောင်းသားများကို ဦးစားပေးသွားမည်ဟု ဆိုသည်။
လျှောက်ထားသူများသည် ၂၀၁၅ ခုနှစ် ပညာသင်နှစ်အတွက် Practical Assignment တင်ထားသူ ဖြစ်ရန်လိုပြီး လျှောက်လွှာတွင် လက်ရေးနှင့် ဖြစ်စေ၊ ကွန်ပျူတာနှင့်ဖြစ်စေ ရေးသွင်း လျှောက်ထားနိုင်သည်ဟု ဆိုသည်။
ဆက်သွယ်ရန် ဖုန်းနံပတ်များမှာ ၀၉၂၅၀၁၂၅၁၆၅၊ ၀၉၄၂၁၇၁၄၀၇၂၊ ၀၉၄၂၁၇၅၃၇၄၀၊ ၀၉၂၅၁၁၃၈၆၃၆၊ ၀၉၂၆၀၆၁၄၃၈၃၊ ၀၉၂၅၀၃၂၆၆၈၈ တို့ ဖြစ်သည်။

(YGN)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။