AFP
အမေရိကန်သမ္မတ
အိမ်တော်အနီး တားမြစ်နေရာတစ်ခုသို့ ခွင့်ပြုချက်မရှိသော
မော်တော်ယာဉ်တစ်စီး ၀င်ရောက်ခဲ့ပြီးနောက် အိမ်ဖြူတော်ကို
ခဏပိတ်ထားခဲ့ရသည်ဟု အမေရိကန်အရာရှိများက ပြောသည်။
ပင်ဆယ်ဗေးနီးယား ရိပ်သာလမ်းတွင် ကားများ တားဆီးသည့် မောင်းတံများကို နှိမ့်ထားစဉ် အိုဘားမား၏ သမီး လိုက်ပါလာသော မော်တော်ယာဉ်တန်းနောက်မှ ကားတစ်စီး ကပ်၍ လိုက်ပါလာခဲ့ကြောင်း သိရသည်။
ကားမောင်းနှင်လာသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဖောက်ခွဲရေးပစ္စည်းများ ပါ၊ မပါစစ်ဆေးခဲ့သည်။
ကားမောင်းနှင်သူမှာ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ အလုပ်သမားတစ်ဦးဖြစ်သော်လည်း ၎င်းမှာ အိမ်ဖြူ တော်တွင် အလုပ်လုပ်ရန် လိုအပ်မှုရှိသူမဟုတ်ကြောင်း အမေရိကန်ထောက်လှမ်းရေးဌာနက ဘီဘီစီသတင်းဌာနအား ပြောသည်။
အသက် (၅၅)နှစ်အရွယ် ယာဉ်မောင်း မက်သရူးအီဗန် ဂိုးလ်စတိန်းကို ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်မှုဖြင့် စွဲချက်တင်ထားကြောင်း ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် အဒ်ဝင် ဒိုနိုဗန်က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်က မှတ်ချက်ပြုပြောကြားခြင်းမရှိသော်လည်း ယင်းကားမှာ ကျောင်းမှပြန်လာသော အိုဘားမား၏ သမီးနှစ်ဦးအနက် တစ်ဦး၏ ကားတန်းနောက်မှ ကပ်လိုက်လာခြင်းဖြစ်သည်ဟု တရားဥပဒေထိန်းသိမ်းရေးအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနအား ပြောကြားသည်။
ယင်းဖြစ်ရပ်ကြောင့် အိမ်ဖြူ တော်ကို ဒေသစံတော်ချိန် နေ့လယ် ၄ နာရီ မိနစ် ၄၀ နောက်ပိုင်း နာရီဝက်ကြာ ပိတ်ထားခဲ့သည်။
—Ref: AFP

http://7daydaily.com/story/10292#.U2uEQkDNmcs
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။