(Gary Cameron/Reuters)
ပြီးခဲ့သည့်လက
အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်တို့၏ ဖမ်းဆီးခေါ်ဆောင်
သွားခြင်းခံရသော ကျောင်းသူ ၂၀၀ ကျော်ကို ရှာဖွေရာတွင် ကူ ညီရန်
နိုင်ဂျီးရီးယားနိုင်ငံသို့ အ မေရိကန်နိုင်ငံက ကျွမ်းကျင်ပညာ
ရှင်အဖွဲ့တစ်ဖွဲ့ စေလွှတ်ထား ကြောင်း သိရသည်။
ယင်းအဖွဲ့တွင် စစ်ဘက် ဆိုင်ရာ၊ ဥပဒေထိန်းသိမ်းရေးနှင့် အခြားသောဌာနများမှ ကျွမ်းကျင် သူများ ပါဝင်သည်ဟု အမေရိ ကန်သမ္မတ ဘားရက်အိုဘားမား က ပြောသည်။
ယင်းပြန်ပေးဆွဲမှုမှ ဘိုကို ဟာရမ်အဖွဲ့ကို အရေးယူရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းအ တွက် လှုံ့ဆော်မှုတစ်ခုဖြစ်နိုင် သည်ဟု ၎င်းက ပြောသည်။ မေ လ ၄ ရက်ကလည်း နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းတွင် နောက်ထပ် အမျိုးသမီးငယ်ရှစ်ဦး ကို စစ်သွေးကြွဟု သံသယရှိသူ များက ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။
ဘော်နိုပြည်နယ်ရှိ ၀ါရာဘီ ကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ခံရ သော ယင်းအမျိုးသမီးငယ်များ မှာ အသက် (၁၂) နှစ်မှ (၁၅) နှစ် အရွယ်များဖြစ်သည်။ ဧပြီ ၁၄ ရက်က မိမိတို့ ဖမ်းခေါ်လာသော ကျောင်းသူ ၂၃၀ ကျော်ကို ရောင်း စားပစ်မည်ဟု ဘိုကိုဟာရမ် အ ဖွဲ့ခေါင်းဆောင် အဘူဘာကာရှီ ကွေးတွင် မေလ ၅ ရက်က ခြိမ်း ခြောက်ခဲ့သည်။
ယင်းကဲ့သို့ ကျောင်းသူလေး များ ပြန်ပေးဆွဲခံရသဖြင့် နိုင်ငံတ ကာက ဒေါသထွက်ခဲ့ပြီး ၎င်းတို့ ကို ကူညီရှာဖွေပေးရန် အမေရိ ကန်နိုင်ငံက ကမ်းလှမ်းခဲ့ခြင်းဖြစ် သည်။ ယင်းကမ်းလှမ်းမှုကို နိုင်ဂျီး ရီးယား အစိုးရက လက်ခံ လိုက်ကြောင်း အိုဘားမားက မေ လ ၆ ရက်တွင် အတည်ပြုပြော ကြားသည်။
ပြန်ပေးဆွဲမှုမှာ စိတ်နှလုံး ထိခိုက်ဖွယ်ရာ၊ ဒေါသထွက်စရာ ကောင်းသည်ဟု အိုဘားမားက ပြောကြားပြီး ဘိုကိုဟာရမ်အဖွဲ့ မှာ အဆိုးရွားဆုံး ဒေသဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်းများ အနက် တစ်ခုဟုဆိုကာ ပြစ်တင် ရှုတ်ချလိုက်သည်။
အနောက်တိုင်း ပညာရေး ကို တားမြစ်သည်ဟု အဓိပ္ပာယ်ရ သော ဘိုကိုဟာရမ်အဖွဲ့တွင် အစိုး ရကို ဖြုတ်ချရန်နှင့် နိုင်ဂျီးရီးယား နိုင်ငံမြောက်ပိုင်းတွင် အစ္စလာမ် မစ်နိုင်ငံထူထောင်ရန် ကြိုးစား လျက်ရှိသည်။
—Ref: BBC

http://7daydaily.com/story/10290#.U2uE4UDNmcs
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။