ထိုင်းဘုရင် နန်းသက် ၆၄ နှစ်ပြည့်အခမ်းအနား ပြည်သူထောင်ချီတက်ရောက်

ထိုင်းနိုင်ငံမှာ ဘုရင်ကြီး ဘူမိဘောအဒူလျာဒတ် ၆၄ နှစ်ပြည့် နန်းသက်အခမ်းအနားကို မေ ၅ ရက် ဒီနေ့မှာ ကျင်းပတဲ့အခါ ပြည်သူထောင်ပေါင်းများစွာ တက်ရောက်ကြပါတယ်။
Bhumibol-Adulyadej
နိုင်ငံတောင်ပိုင်းက အပန်းဖြေစခန်းမြို့တော် ဟွာဟင်မြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ သက်တော် ၈၆ နှစ်အရွယ် ဘုရင်ကြီးနဲ့ မိဖုရား သီရီခေတ်တို့ကို အဖူးမြော်ခံပါတယ်။

ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာနဲ့အညီ ကျင်းပတဲ့ အခမ်းအနားမှာ တော်ဝင်မိသားစုဝင်တွေ၊ ကြားဖြတ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ယင်းလတ်နဲ့ အစိုးရအရာရှိတွေလည်း တက်ရောက်ပါတယ်။
ဟွာဟင်မြို့က ယာယီစံနန်းတော်မှာ ဘုရင်နဲ့ မိဖုရားတို့ ၂၀၁၃ ခုနှစ် ဇူလိုင်ကတည်းက စံမြန်းနေတာ ဖြစ်ပါတယ်။

ဘုရင်ကြီးဟာ နှစ်ပေါင်းများစွာ ကျန်းမာရေးဆိုးရွားနေတဲ့အတွက် ဘီးတပ်ထိုင်ခုံကို အသုံးပြုပြီး သွားလာနေရပါတယ်။

ချက်ကရီမင်းဆက် ၉ ဆက်မြောက် ဘုရင် ဘူမိဘောဟာ ကမ္ဘာမှာ နန်းသက်အရှည်ဆုံး ဘုရင်ကြီး ဖြစ်ပြီး နောင်တော် အာနန္ဒာမဟီဒိုးလ်ဘုရင် နတ်ရွာစံပြီးနောက် သက်တော် ၁၈ နှစ်အရွယ် ၁၉၅၀ ကတည်းက နန်းတက်ခဲ့ပါတယ်။


ထိုင်းပြည်သူတွေဟာ ဘုရင်ကြီးကို တိုင်းပြည်ရဲ့ ဖခင်တယောက်လို ချစ်ခင်လေးစားကြပြီး ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်ကို တရားဝင်အပ်နှင်းထားတဲ့ အာဏာ အလွန်နည်းပေမယ့် တော်ဝင်မိသားစုဆီက ဆိုခဲစေ၊ မြဲစေ မှတ်ချက်တွေဟာ ထိုင်း နိုင်ငံရေးအပေါ် သြဇာအလွန် လွှမ်းမိုးတတ်ပါတယ်။

http://burmese.dvb.no/archives/55993
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။